လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

PDF ထောက်ပံ့သည်ဆိုကာ နန်းမားဒေသခံ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

မိုးညှင်းမြို့နယ် နန်းမားကျေးရွာမှ အရပ်သားပြည်သူ အမျိုးသမီး ၂ဦးကို KPDF ထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း နန်းမားကျေးရွာ အလယ်တောရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် ဒေါ်ယဉ်ယဉ်တင် နှင့် ဒေါ်ညိုလေးတို့ ၂ ဦးအား KPDF ထောက်ပံ့သည်ဟု စွပ်စွဲ၍ ၎င်းတို့၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နန်းမားကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦး KNG ကိုပြောသည်။

မနေ့က ညနေပိုင်းလောက်မှာ ဖမ်းသွားတာ သူကအိမ်မှာ ဝက်ကိုအစာကျွေးနေတာ အဲ့ချိန်စစ်သားတွေကားနဲ့ရောက်လာပြီး ဖမ်းခေါ်သွားတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာတော့ မသိရဘူး” ဟု ပြောသည်။

ဒေါ်ယဥ်ယဥ်တင်သည် အိမ်ထောင်သည် အမျိုးသမီးဖြစ်ပြီး ဝက်မွှေးမြူရေးလုပ်ကိုင်သူဖြစ်ကြောင်းသိရပြီး ဒေါ်ညို‌လေးခေါ်သူသည်လည်း အိမ်ထောင်သည် အမျိုးသမီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသည့် အဆိုပါ အမျိုးသမီး၂ ဦးကို လက်ရှိချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးသည့်အပြင် မိသားစုဝင်များနဲ့လည်း အဆက်အသွယ်မရသေးကြောင်းသိရသည်။

အိမ်မှာကျန်နေတဲ့သူ့မိသားစုဝင်တွေကိုတော့ ဘာမှနောက်ယှက်တာမရှိဘူး ဒေါ်ယဉ်ယဉ်တင် သူ့တစ်ယောက်ထဲကိုပဲ ဖမ်းသွားတယ်။ သူက ဝက်မွေးပြီးအေးအေး ဆေးဆေး နေတတ်သူပါ ဘယ်လိုလုပ်ပြီး ဖမ်းခံထိတာလည်းတော့မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုနည်းတူ ပြီးခဲ့သော စက်တင်ဘာလ ၂၈ ရက်နေ့တွင်လည်း PDF အဖွဲ့ကို ထောက်ပံ့သည်ဟုဆိုကာ နန်းမားမြို့မရပ်ကွက် ကားလမ်းမကြီးနဘေးတွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် ဘကြီးမုံ() ဦးသန်းစိုး၏ နေအိမ်ကို ဘက်ဟိုးများဖြင့် ဖြိုချဖျက်ဆီးခံခဲ့ရသည်။

Show More

Related Articles

Back to top button