သတင်း

မြန်မာ့စီးပွားရေးဘဏ်‌ရှေ့ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရကာ ၅ ဦး သေဆုံး

မြင်းမူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသခံကာကွယ်ရေး တပ်ပေါင်းစုများက လက်ပစ်ဗုံးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးမှုရှိခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ထံမှ သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် အဆိုပါ မြန်မာ့စီးပွားရေးဘဏ်ကို လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့များ အိပ်နေစဥ်အတွင်း သွားရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးဆောင်ရွက်စဥ်ပါဝင်ခဲ့သည့် Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဒီနေ့မနက်၅နာရီဝန်းကျင်မှာ မြင်းမူမြို့ပေါ်က မြန့်မာ့စီးပွားရေးဘဏ်မှာ စောင့်နေတဲ့ စခ၈ကောင် အိပ်ပျော်နေတဲ့အချိန်မှာ လက်ပစ်ဗုံးနဲ့အနီးကပ်ပစ်ခတ်ခဲ့တယ် ၅ယောက်သေပြီး တစ်ယောက်ကတော့ဒဏ်ရာပြင်းထန်တယ်လို့ကြားသိရပါတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ယင်းကဲ့သို့ တိုက်ခိုက်ခံလိုက်ရသည့်အတွက် လက်ရှိ မြင်းမူမြို့ပေါ်တွင် ပိတ်ဆို့စစ်ဆေးမူများပြုလုပ်လျှက်ရှိသည်ဟု သူကဆက်ပြောသည်။

အဆိုပါ မြန်မာ့စီးပွားရေးဘဏ်ကို ဒေသကာကွယ်ရေးတပ်ပေါင်းစုများက ပြီးခဲ့သည့်နိုဝင်ဘာ၆ရက်နေ့ကလည်း သွားရောက်တိုက်ခိုက်ခဲ့ရာ၃ဦးသေဆုံးခဲ့ပြီး မြန်မာ့စီးမွားရေးဘဏ်ကိုသွားရောက်တိုက်ခိုက်တာ ၄ကြိမ်မြောက်ရှိပြီဟု သိရှိရသည်။

အဆိုပါစစ်ဆင်ရေးကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ တပ်ရင်း)နှင့် True Fighter (တပ်ခွဲ)တို့မှပူးပေါင်း‌တောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

Show More

Related Articles

Back to top button