တိုက်ပွဲသတင်း

လုံးခင်း တိုက်ပွဲဖြစ်ပွားမှုတွင် အရပ်သားပြည်သူ ၆ ဦးအပြင် ဒဏ်ရ ရရှိသူ ၂ ဦးရှိ

ဖားကန့်မြို့ လုံးခင်းကျေးရွာအနီးရှိ သာသနာ့နယ်မြေ(ဒေသအခေါ် မျောက်ကုန်း)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA,PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ လမ်းသွားလမ်းလာ အရပ်သားပြည်သူ ၆ ဦး ကျည်ထိမှန်သေဆုံးကြောင်း ဒေသခံများမှ သိရသည်။

အဆိုပါ တိုက်ပွဲသည် ယမန်ည ၆ နာရီဝန်းကျင်ဖြစ်ပွားခဲ့ရာမှ လမ်းသွားလမ်းလာ အရပ်သား ပြည်သူ ၆ ဦးကျည်ထိမှန်သေဆုံးသည့်အပြင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးလည်း ကျည်ထိမှန် ဒဏ်ရာရရှိထားကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ဘယ်သူဘယ်ဝါဆိုတာတော့ တိတိကျကျ မသိရသေးဘူး အဲရပ်ကွက်မှာနေတဲ့သူတွေတော့ မဟုတ်ဘူးလို့ သိရတယ်။ ခု ဆေးရုံမှာ သားအမိ ၂ ယောက် ဒဏ်ရာရထားတာလည်း ရှိသေးတယ်”ဟုပြောသည်။
ကျည်ထိမှန် သေဆုံးသူများတွင် အမျိုးသား ၄ ဦး အမျိုးသမီး ၁ ဦး ကလေးငယ် ၁ ဦးပါဝင်သည်။
ထို့အပြင် လက်ရှိချိန်ထိ အဆိုပါ မျောက်ကုန်းစခန်းအနီး စစ်ဆေးမှုတင်းကြပ်ထားကြောင်းလည်း သိရသည်။
“ခုကအဲဘက်ပိတ်ထားတယ် ဝင်လို့မရဘူး အရမ်းစစ်နေတယ်လို့ သိရတယ်” ဟုနောက်ထပ်ဒေသခံ တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် လုံးခင်းကျေးရွာဘက်နှင့် ဖားကန့်မြို့တွင်း နေရာအချို့ စစ်ဆေးမှုတင်းကြပ်နေသည့်အပြင် ရပ်ကွက်‌အချို့ရှိ နေအိမ်များတွင်လည်း ဝင် ရောက် စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။
Show More

Related Articles

Back to top button