သတင်းအင်တာဗျူး

PDF ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် ကချင်ဒေသ PDF တပ်ဖွဲ့ဝင်တွေရဲ့ ရင်တွင်းစကား

ယနေ့ မေလ ၅ ရက်နေ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် စတင်ဖွဲ့စည်းတဲ့ ၂ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီတပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့တဲ့နောက် အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းစွာနဲ့လမ်းမထွက်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့် စစ်တပ်ဟာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ လက်နက်မဲ့ပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မှု ပြုလုပ်နေတဲ့ ဘေးရန်ကနေ ပြည်သူလူထုကို ကာကွယ်စောင့်ရှောင်နိုင်ဖို့ ဖွဲ့စည်းတည်တောင်ခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီလက ဒီကနေ့ မိန်းခွန်းမှာ ပြောကြားထားပါတယ်။

နိုင်ငံတစ်ဝန်းစစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်များစွာရှိသလို ကချင်ပြည်နယ်အတွင်းမှာလည်း စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တွေရှိပါတယ်။

ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့   ၂ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေဖြင့် ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် KPDF တွေရဲ့  ရင်တွင်းခံစားချက်ကို KNG သတင်းဌာနကနေ စုစည်းမေးမြန်းထားပါတယ်။

ဖားကန့် PDF

ကျွန်တော်တို့ PDF တွေပေါ်ပေါက်လာရတယ် ဆိုတာက ကျွန်တော်တို့လက်နက်ကိုင်ပြီး တိုက်မှရမယ်ဆိုတာကို အားလုံးသိလို့ ဒီခြေနေကို အားလုံးက ရွေးချယ်ခဲ့ကြတာလေး။ အဲ့တော့ကျွန်တော် တို့အနေနဲ့ဒီတော်လှန်ရေးကို ပြည်သူ့ဆန္ဒနဲ့အညီ အောင်မြင်အောင် ဆောင်ရွက်ကြတာဖြစ်တဲ့အတွက်ကြောင့် လက်နက်ကိုင်ပြီး တော်လှန်ကြဖို့ ဒါကိုရွေးချယ်ခဲ့ကြသလို ဒီပြည်တွင်းစစ်ကိုရွံမုးန်ပေမယ့် စစ်ပွဲတွေကို ကျွန်တော်တို့တွေက ဆင်နွဲကြရအုံးမယ်။ နှစ်ပေါင်းလေး ငါးဆယ်ခြောက်ဆယ် အမြစ်တွယ်ခဲ့တဲ့ ဘုံရန်သူစနစ်ကို အပြီးတိုင် ဖြိုဖျက်မယ်ဖြစ်တဲ့အတွက် ကျွန်တော်တို့တွေဟာ အရင်းအနှီးလည်း ကြီးပါတယ်”

မြစ်ကြီးနား PDF 

သွေးကြွေး မကျေဘူးပေါ့ဗျာ ကျွန်တော်ဒါပဲပြောချင်ပါတယ်။ ဒီအာဏာလုတွေကို သွေးကြွေးဘယ်တော့မှ မကျေဘူး။ အခဲမကျေဘူးပေါ့ကွာ။ တော်လှန်ရေးမှာကတော့ မပြီးမချင်းကတော့သွားရမှာ ဘာလို့လဲဆိုတော့ နောက်ဆုတ်လို့လည်း ရတော့မယ့် အခြေအနေမှ မဟုတ်တော့တာ။ မပြီးမချင်းကိုပါ သွားမှရတော့မှာ ဒီထက်ပိုပြီးတော့လည်းကြိုးစားပြီလုပ်ရမှာပေါ့။ တော်လှန်ရေးရဲဘော်အားလုံးနဲ့အတူပြီးတဲ့အထိ လုပ်သွားမှမယ် လုပ်သွားမှလည်းရတော့မှာ”

ရွှေကူ PDF

ကျွန်တော်တို့သည်လည်း တော်လှန်ရေးလမ်းကြောင်းပေါ် လမ်းလျှောက်ခဲ့တာ ၂နှစ်ပြည့်ပြီပေါ့နော်။ ၂နှစ်တာ တော်လှန်ရေးသမားလေးတွေ ဖြစ်လာကြပြီ။ ဒီကြားထဲမှာ တော်လှန်ရေးအောင်မြင်ဖို့အတွက် အချိန်လည်း ၂နှစ်တိုင်ပေးဆပ်ခဲ့ပြီးပြီ။ နောက်ထပ်လည်း ဘယ်လိုဟာမျိုးမဆို ဒီထက်လည်းစစ်ရေးက အရှိန်ပိုမြင့်ဖို့ဖြစ်လာနိုင်သလို နောက်ပိုင်းမှာ တော်လှန်ရေးအောင်မြင်ဖို့လမ်းကြောင်းပေါ်ရောက်သွားအောင်ခြေနေလည်းဖြစ်လာနိုင်တာပေါ့နော် ကျွန်တော်တို့ဟာဆိုရင် ဒီ ၂နှစ်ပြည့်တဲ့နေ့ကနေ တော်လှန်ရေးအောင်မြင်တဲ့ထိ ဘယ်လိုခြေနေမျိုးမှာမဆို ငုပ်မိသဲတိုင် တက်တိုင်ဖျားရောက် ဇွဲနဲ့တော်လှန်တိုက်ခိုက်သွားမယ်ဆိုတဲ့ပုံစံမျိုး စိတ်ဓတ်လေးနဲ့တော်လှန်ရေးကိုအဆုံးတိုင် တိုက်ခိုက်သွားပါစို့ပြောချင်ပါတယ်”

ဗန်းမော် PDF လူငယ်

ကချင်မှာကျတော့ တိုက်ပွဲတွေကမရှိသလောက်ပဲ တစ်နှစ်ကျော် ၂နှစ်ရှိနေပြီ ဘာမှလည်းမလုပ်ရဘူး ဆိုပြီး စိတ်ဓာတ်ကျပြီးမှ စိတ်ထဲမှာတော့ခံစားရတယ်။ KIA ပြောတာကတော့ စိတ်ရှည်သည်းခံရမယ်ပေါ့ အတော်လေးကိုသည်းခံပါတယ်။ အဖွဲ့တွေကလည်းစိတ်ရှည်ပါတယ်။ စိတ်ရှည်လို့ ဒီလောက်ထိရောက်လာတာပဲ။ ဒါပေမယ့် တချို့တချိူ့သော ရဲဘော်တွေကတော့ တော်ပါပြီ မလုပ်တော့ပါဘူးဆိုတာမျိုး ရှိလာတယ်။ ၂ နှစ်တာပြည့်လာတာ ကျွန်တော်ကတော့ဘာမှလည်း မဖြစ်လာဘူးလို့မြင်တယ်။ ခံစားနေရတယ် တချို့။ တချို့ဟာတွေက လုပ်ရင်လည်းမတ်တတ်ရပ် မလုပ်ရင်လည်းဘာလုပ်တော့မလဲ ထွက်သွားရမလား နားရမလားအဲ့လိုမျိုး တွေအားလုံးစဥ်စားလာကြတယ်ပေါ့နော်”

ဖားကန့် PDF တပ်ဖွဲ့ဝင်တစ်ဦး

ကျွန်တော်တို့ ရှေ့ဆက်ပြီးမှ တိုင်းရင်းသားလက်နက်ကိုင် EAOs တွေနဲ့ပေါင်းပြီးမှ ကျွန်တော်တို့ PDF တွေ ဆက်လက်တိုက်ပွဲ ဝင်သွားမှာပါ။ ဘယ်လိုအခက်အခဲပဲရှိနေပါစေ စစ်အာဏာရှင်ပြုတ်ကျအောင် ဆက်လက်တိုက်ပွဲ ဝင်သွားမှာပါ ပြည်သူတွေကို ပေးချင်တဲ့ Message ကတော့ တော်လှန်ရေးဆိုတာ တစ်ဦးတစ်ယောက်ထဲ ကတော့လုပ်လို့မရဘူးလေ။ ပြည်သူတွေလည်း တတ်နိုင်သလောက်ပါဝင်ပေးကြပါပေါ့။ ဘယ်နေရာကပဲပါဝင်ပါဝင်ထောက်ပို့ကပဲပါပါပေါ့ ပြည်သူတွေလည်းစိတ်ဓာတ်မကျပါနဲ့ အားမငယ်ပါနဲ့ တော်လှန်ရေးကြီးကလည်း မကြာခင်မှာကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ရောက်တော့မှာပါ

Show More

Related Articles

Back to top button