သတင်း

မိုးရွာသွန်းမှုကြောင့် ဖားကန့်မြို့တွင်းလမ်းမကြီးနေရာတစ်ချို့ပျက်စီးနေပြီး ပြည်သူများသွားလာရေးခက်ခဲနေ

ဖားကန့်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် မြို့တွင်းလမ်းမကြီးနေရာတစ်ချို့ပျက်စီးနေတဲ့အတွက် ပြည်သူများ သွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။

လုံးခင်း-ဖားကန့် သွား လမ်းမကြီးပေါ်ရှိ မှော်စီစာကျေးရွာနှင့် နမ္မဖြစ်ကျေးရွာအကြားလမ်းအရှည် နှစ်မိုင်ခန့်ပျက်စီးနေ‌ကြောင်း ဒေသခံတစ်ဦးနေကြောင်း လုံးခင်းဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“လမ်းက အရင်တုန်းက ချိုင့်ခွက်တွေနဲ့မို့ မုန့်လင်မယားလို ဖြစ်နေတာ၊အခုက လကမ္ဘာပေါ်က မျက်နှာပြင်လို ဖြစ်နေပြီ”  လို့ ပြောပါတယ်။

အဆိုပါလမ်းအပိုင်းမှာ ယခင်က ဆိုင်ကယ်၊ကားတွေ ကောင်းမွန်စွာဖြတ်သန်းသွားလာခွင့်ရပေမယ့် ခုရက်ပိုင်း  မိုးသည်းထန်စွာရွာပြီးနောက် ချိုင့်ခွက်များ၊ရေအိုင်တွေနဲ့ ပြည့်နှက်နေတဲ့အတွက် သွားလာရေး အလွန်ခက်ခဲနေတယ်လို့ မှော်စီရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

“ဖားကန့်ကနေ လုံးခင်းကို ကျောက်ပွဲသွားတိုက်တာ၊ကျောက်က ရောင်းရ၊မရ မသေချာပေမဲ့၊အဲ့ဒီကနေ ပြန်လာရင် ဆိုင်ကယ်ကတော့ ဝပ်လျော့ ပို့လိုက်ရတာပါပဲ”ဟု လမ်းအသုံးပြုနေသူ ကျောက်ပွဲစားတစ်ဦးက” ကပြောပါတယ်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ လုံးခင်း-ဖားကန့်သွား လမ်းမကြီးမှာ ၆မိုင်ခန့်ရှည်လျားပြီး အများပြည်သူ နေ့စဉ်သွားလာမှုအများဆုံးဖြစ်ပါတယ်။ကမ္ဘာ့အဖိုးတန်ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ပွင့်လင်းရာသီမှာ ဖားကန့်-လုံးခင်းသွား လမ်းမကြီးကို ဖားကန့်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းကနေ ဦးဆောင်ပြီး ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီများနဲ့လုပ်ငန်းရှင်များပူးပေါင်းကာ လုံးခင်းကျေးရွာအုပ်စု၊မှော်စီစာကျေးရွာမှ ဖားကန့်မြို့၊မော်၀မ်းရပ်ကွက်၊ရှမ်းမဆီဆိုင်အထိ (၂၄)ပေအကျယ် ထုထည် ၁၀လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပါတယ်။

Show More

Related Articles

Back to top button