လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကလေးမြို့နယ်မှာ လက်နက်ကြီးမှန်လို့ လင်မယားနှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် စီးစံရွာကဒေသခံ လင်မယား ၂ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံဆီကနေ သိရပါတယ်။

မနေ့က ဇူလိုင် ၁၃ရက်နေ့ည ၉နာရီဝန်းကျင်မှာ ကလေးမြို့ပေါ်အမြောက်တပ်ကနေ လက်နက်ကြီး ၇လုံး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် စီးစံနဲ့စက္ကန့် ရွာတွေကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က မြို့ထဲကနေပစ်လိုက်တာ ကလေးမြို့နားက ရွာတွေကိုကျတာပေါ့စီးစံရွာကလင်မယားနှစ်ဦးပေါ့ နော် သူတို့အိမ်ပေါ်ကျတာ ဝမ်းဗိုက်ကိုမှန်တာဗိုက်ထဲကအူတွေတောင်မှထွက်သွားပြီး ပွဲချင်းပြီးသေဆုံးသွားတယ်” လို့ပြောပါတယ်။

Photo- ဓာတ်ပုံ-ဇူလိုက်၁၃ရက်နေ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ လင်မယားနှစ်ဦးနဲ့ပျက်ဆီးနေအိမ်များ
Photo- ဓာတ်ပုံ-ဇူလိုက်၁၃ရက်နေ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ လင်မယားနှစ်ဦးနဲ့ပျက်ဆီးနေအိမ်များ

လက်နက်ကြီးကြောင့် စီးစံရွာက ၁၄နှစ်နဲ့၂နှစ်အရွယ်ကလေးငယ်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စက္ကန့်ရွာကတော့ ဒေသခံအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့ရသူတွေဟာ စီးစံရွာက အသက်၂၅နှစ်အရွယ်ဦးလာလာလ်ဆိုသူနဲ့ဇနီးဖြစ်သူတို့ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကလေးမြို့ပေါ်ကနေ ဒကစ( ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) နဲ့ တပ်ရင်း၂၂၈ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေးမြို့ပေါ်နဲ့အနီးတစ်ဝှိုက်က ရွာတွေကို မကြာခဏ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံတွေသေဆုံးနေရတဲ့အပေါ် ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“ စစ်ကောင်စီကတော့ ကျနော်တို့စိုးမိုးထားတဲ့နေရာတွေအားလုံးကိုသူပုန်ရွာတွေလို့သတ်မှတ်ထားတာပေါ့ အဲ့တာကြောင့် ကျနော်တို့ထိန်းချုပ် နယ်မြေတွေမှာ ရှိတဲ့ပြည်သူတွေအနေနဲ့ လက်နက်ကြီးသံကြားတာနဲ့ ယုံကြည်စိတ်ချရတဲ့နေရာတွေမှာ ပုန်းခိုကြဖို့ နေရာရွေ့ပြောင်းဖို့အကြံပြုပါတယ် အခုလို စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အပေါ် ကျနော်တို့ကတော့ အပြင်းအထန်ကန့်ကွက်တယ် ရှုံ့ချတယ် လူစိတ်မရှိဘူးလို့ ပြောချင်တယ်”လို့ပြောပါတယ်။

Photo- ဓာတ်ပုံ-ဇူလိုက်၁၃ရက်နေ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ လင်မယားနှစ်ဦးနဲ့ပျက်ဆီးနေအိမ်များ
Photo- ဓာတ်ပုံ-ဇူလိုက်၁၃ရက်နေ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ လင်မယားနှစ်ဦးနဲ့ပျက်ဆီးနေအိမ်များ

ပြီးခဲ့တဲ့ ဇူလိုင်၁၁ရက်နေ့ကလည်း ကလေးမြို့ပေါ်ကနေပစ်ခတ်တဲ့လက်နက်ကြီးကြောင့်ကလေးမြို့ပေါ်က တောင်ဖီလာရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီးအမျိုးသမီးတစ်ဦးသေဆုံး ခဲ့ရပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လတစ်လအတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရမ်း သမ်းပစ်ခတ်မူတွေကြောင့် ကလေး မြို့နယ်တောင်ပိုင်းမှာ ကလေးငယ် ၂ဦးအပါအဝင် အရပ်သားပြည်သူ ၆ဦးအထိသေဆုံးခဲ့ရပြီး ဒေသခံ ၃၀နီးပါးဒဏ်ရာရရှိခဲ့ရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးပဋိပက္ခနှင့်တိုက်ပွဲတွေကြောင့်မြန်မာနိုင်ငံတစ်ဝှမ်းမှာအရပ်သား သေဆုံးသူ ၂၄၀၀ကျော် ရှိတယ်လို့ ပြီးခဲ့တဲ့ဇွန်၂၆ရက်နေ့ကမြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျု(ISP Myanmar)က ထုတ်ပြန်ခဲ့ပါတယ်။

By;AM

Show More

Related Articles

Back to top button