ဆောင်းပါးသတင်းဆောင်းပါး

“ဆုံးမ သွန်သင်ခြင်း (Parenting)”

ဘာအရည်အချင်းမှမရှိဘူး မျိုးရိုးကိုကအဆင့်မရှိ အောက်တန်းစားမျိုးရိုး…” အမေကနီရဲပြီးတင်းနေတဲ့ မျက်နှာထားနဲ့ အဖေ့ကိုပြောလိုက်ပါတယ်။ အဲဒီစကားကြောင့်လဲ အမေရဲ့ မျက်နှာပေါ် အားပြင်းတဲ့ အဖေလက်ဝါးက ကျရောက်စေခဲ့တာဘဲ။

အမေက ဇတ်ကနဲ ခြေထောက်နှစ်ဖက်လုံးခွေပြီး လဲကျသွားတယ် ပြီးတော့အမေ့မျက်နှာပေါ်က တစ်စက်တစ်စက်နဲ့ မျက်ရည်တွေ စီးကျလာတယ်။ အဖေ့မျက်နှာလည်း နီနေတယ် မျက်နှာတည်ကြီးနဲ့ စကားတစ်ခွန်းမှမပြောဘူး။

ဒီအဖြစ်အပျက်ကိုကြုံတွေ့ခဲ့ရသူကတော့ ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာကြောင့် ခုထိယုံကြည်မှုတွေ ပျောက်ဆုံးနေသော်လည်း ရည်မှန်းချက်အိပ်မက်ကြောင့် ကြိုးစားရုန်းကန်အသက်ရှင်နေတဲ့ လူငယ်တစ်ဉီးဘဲဖြစ်ပါတယ်။

လူငယ်လေး ခုတော့စဉ်းစားဆင်ခြင်တတ်တဲ့ အသက်နှစ်ဆယ်ကျော်ဆိုတဲ့ အရွယ်ကိုရောက်ရှိနေပါပြီ။ ဒါပေမယ့်လည်း တခါတလေ ငယ်ဘဝအတိတ်က ထိုလူငယ်လေးကိုချောက်လန့်နေဆဲ ဖြစ်ပါတယ်။

ဒီလိုအကြောင်းအရာတွေကို သေချာသိရှိသူကတော့ လူငယ်လေးကို တစ်ချိန်က mental awareness (စိတ်ပိုင်းဆိုင်ရာအသိအမြင်) ပေးဖူးပြီး လက်ရှိတွင်လည်း မြစ်ကြီးနားမြို့အခြေစိုက် ကျောင်းသားများ သင်ကြားမှု အရင်းအမြစ် စင်တာ (Students Learning Resource Center- SLRC) အဖွဲ့အစည်းတွင် အသက် ၁၈နှစ်မှ ၂၈နှစ်အသက်အရွယ်တွေကို Couselling (နှစ်သိမ့်ဆွေးနွေးမှု) လုပ်ပေးနေတဲ့ ဆရာဘရန်ဆိုင်းဆိုသူ ဖြစ်ပါတယ်။

ဆရာကပြောတယ် “Parenting ဆိုတာက ကလေးတစ်ယောက်မွေးလာကတည်းကနေ စဉ်းစားတွေးခေါပြီး ကိုယ်ခြေထောက်ပေါ် ရပ်နိုင်တဲ့အချိန်ထိ စောင့်ရှောက်တယ်၊ ဂရုစိုက်တယ်၊ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာတွေပေါ့။

လူငယ်လေးက သူရဲ့ ငယ်ဘဝကိုလည်း ပြန်ပြောပြခဲ့တယ်။ သူ့အဖေနဲ့အမေက မေတ္တာမျှ ချစ်မြတ်နိုးကြပြီး လက်ထပ်ထိန်းမြား ခဲ့ကြတာမဟုတ်ဘဲ ဒီအတိုင်းမိဘတွေစီစဉ်ပေးလို့ လက်ထပ်လိုက်ရတဲ့ လင်မယားပါဘဲ။ တစ်ယောက်အကြောင်းတစ်ယောက် သေချာမသိဘဲ လက်ထပ်ခဲ့ကြတော့ အဆင်မပြေမှုတွေ ရှိလာတဲ့အခါ တစ်ယောက်နှင့်တစ်ယောက်ပြစ်တင်ပြောဆိုကြရင်း မွေးထားတဲ့ကလေးတွေရဲ့ အမြင်ကိုတောင်ဂရုစိုက်နိုင်ခြင်း မရှိတော့ဘဲ မပြောသင့်တဲ့စကားတွေ တစ်ယောက်နှင့်တစ်ယောက် ပြောရင်း လက်ပါသည်အထိကလေးတွေရှေ့တောင် ရန်တွေဖြစ်လာကြတယ်လို့” လူငယ်လေးက ဆရာ ဘရန်ဆိုင်းကို ပြောပြပါတယ်။

လူငယ်လေးအပေါ်ဒီလိုအဖြစ်အပျက်တွေက ကြီးမားတဲ့အလေးတုံးကို မ, နေရသလိုဘဲ ဟု ထိုလူငယ်လေးကပြောပါတယ်။ ကလေးဆိုသည့်အတိုင်း ဂရုစိုက်မှု၊ ချစ်ချင်းမေတ္တာပြမှုတွေကို လိုအပ်နေသော်ငြားလည်း ရရှိခဲ့သည့်အရာများကတော့ ကလေးတစ်ယောက်အတွက်လုံးဝကို မမျှော်မှန်းထားဖူးတဲ့ မိဘနှစ်ယောက်ရဲ့တစ်ယောက်ကို တစ်ယောက် ဆဲဆိုရိုက်နှက်သံတွေဘဲ ဖြစ်ပါတယ်။

ဒီလိုအရာတွေက ပညာသင်အရွယ်ဖြစ်တဲ့ ကလေးတစ်ယောက်ကို စာစိတ်မဝင်စားစေတော့ဘဲ ညဏ်ရည်ကို ထိုင်းထိုင်းမိုင်းမိုင်း ဖြစ်စေခဲ့တယ်ဟု ဆရာဘရန်ဆိုင်းက ပြောပါတယ်။ ထို့ပြင် လူငယ်လေးဟာ ခရစ်ယာန်မိသားစုက မွေးတဲ့ခရစ်ကလေး တစ်ယောက်ပါ။

ခရစ်ယာန်ကလေးဖြစ်သည်အလျောက် အသင်းတော်တွင် တခြားကလေးများကဲ့သို့ပါဝင်ရမှာ ဖြစ်သော်လည်း မိဘနှစ်ဉီးရဲ့ အစဉ်အမြဲအဆင်မပြေရန်ဖြစ်မှုတွေက ထိုလူငယ်လေးကို အများသူငှာရှေ့တွင်ရှက်ကြောက်စေပြီး လူတွေနဲ့တဖြည်းဖြည်း ဝေးကွာသွားစေပါတယ်။

ဒါ့အပြင် အချစ်ငတ်တဲ့သူတစ်ယောက်ဖြစ်လာပြီး ကိုယ့်အပေါ်နည်းနည်းလောက် ဂရုစိုက်ကောင်းပြရင်တောင် ထိုလူကိုဘဲ ယုံကြည်ပြီး စိတ်ကပ်ငြိသွားစေလောက်တဲ့အထိ ထိုလူငယ်လေးကိုစိတ်ပျော့စေခဲ့ပါတယ်။

Parenting မကောင်းရင် ဘာတွေဖြစ်လာနိုင်လဲ Parenting မကောင်းရင် ဆိုးကျိုးတွေ အများအပြား ဖြစ်လာနိုင်တယ်လို့ ဆရာ ဘရန်ဆိုင်းက ရှင်းပြပါတယ်။

ကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုလေးစားမှု၊ ယုံကြည်မှုတွေကျလာတယ်၊ ကိုယ့်ကိုယ်ကိုသံသယဝင်လာပြီး အပြုအမူနဲ့ပက်သက်ပြီးပြဿနာရှိလာပြီး လူကရိုင်းလာတယ်။ အရမ်းစိတ်တိုလွယ်ပြီး ဘာပြောပြောလက်မခံတာမျိုးတွေ ဖြစ်လာပြီး နာခံလိုက်နာမှု အားနည်းလာတယ်။

အဲဒီနောက်တော့ပညာရေးဘက်မှာဆိုလည်း ကလေးက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအရမ်းများလာပြီဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့ဘဲ့ ပညာရေးမှာအာရုံမစိုက်နိုင်တော့ဘူး၊ ကောင်းမွန်စွာလည်းပညာသင် ယူနိုင်ခြင်းလည်း မရှိတော့ဘူး၊ ပေါင်းသင်းဆက်ဆံရေးလည်းမကောင်းလာတော့ဘဲ့ လူတွေနဲ့ ဝေးကွာလာတယ်။

တချို့ကျပြန်တော့လည်း ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး လူတွေနဲ့အဆင်မပြေဖြစ်လာတယ်၊ တစ်ယောက်နဲ့တစ်ယောက်လည်း ယုံကြည်မှုမရှိလာတော့ဘူး ဥပမာ ချစ်သူရည်းစား ဆက်ဆံရေးလိုဟာမျိုးလို့ ပြောပါတယ်။ ဒါတွေက parenting မကောင်းလို့ ဖြစ်လာတဲ့အရာတွေဖြစ်တယ်လို့ ဆရာဘရန်ဆိုင်းက ရှင်းပြပါတယ်။

Parenting ကိုဘယ်လိုကောင်းအောင်လုပ်မလဲ ကလေးတွေကိုချစ်ခြင်းမေတ္တာပြရမယ် စိတ်အဆင်မပြေမှုတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာတွေကို သင်ပြပေးတာမျိုး၊ တစ်ကိုယ်ကောင်းဆန်စိတ်မရှိအောင် လူတွေအပေါ် နားလည်တတ်လာအောင် လူတွေနဲ့ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲဆိုတာကို သေရှာရှင်းပြပေးတာမျိုးတွေ၊ ကလေးတွေသင်ယူခြင်တဲ့အရာတွေကို ပံ့ပိုးပေးတာတွေကိုလုပ်ပေးရမယ်။

ဥပမာကလေးတစ်ယောက် လှေကားပေါ်တက်လို့ အန္တရာယ်များတယ်ဆိုပြီး အော်ငေါက်တာမျိုးမလုပ်ဘဲ သေချာလေး နားလည်အောင်ရှင်းပြတာမျိုး၊ ပြီးတော့ ကလေးက တစ်ခုခုမေးတဲ့ခါ ရှာမရှည်နဲ့ဆိုပြီး အော်ပြောတာမျိုးထက် သေချာလေးစိတ်ရှည်လက်ရှည်ပြောပြပေးတာမျိုးတွေလုပ်ရမယ်မိဘတွေအနေနဲ့လည်းကလေးတွေရှေ့စကားများရန်ဖြစ်တာတွေရှောင်ကြဉ်ရမယ်လို့ ဆရာဘရန်ဆိုင်းပြောတဲ့ အကြောင်းအရာချက်အလက်များနှင့်တူညီတဲ့ အကြောင်းအရာများကို ဖော်ဖာဝါရီလ ၂၆ရက်နေ့ Washington Post ဝက်ဆိုက်စ်တွင်တင်ခဲ့သည့် (How do I know I will be a good parent) ဆောင်းပါးမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

Washington Post ရဲ့ဆောင်းပါးမှာတော့ ကလေးကိုအတင်းအဓမ္မ သူ မလုပ်ချင်တဲ့အရာကို စေခိုင်းခြင်းများဆောင်ကြဉ်ပြီး သူ့အပေါ်လေးစားမှုပြသခြင်းက မိဘကောင်းတစ်ယောက်ရဲ့ အပြုအမူကောင်းတစ်ရပ်လည်းဖြစ်တယ်ဆိုပြီးဖော်ပြထားပါတယ်။

ကလေးတစ်ယောက်ကောင်းမွန်စွာကြီးပြင်းလာဖို့ မိဘတွေက အရေးကြီးကြောင်းလည်း ဆရာဘရန်ဆိုင်းကပြောပါတယ်။ အဓိကတော့ခုလိုဖြစ်တာက မိဘတွေလည်း Parenting နဲ့ပက်သက်ပြီး အသိပညာနည်းပြီး သားသမီးအပေါ်ချစ်ခြင်းမေတ္တာတွေ မပြတတ်တာလည်းပါတာပေါ့ဟု ဆရာကသူ့၏အမြင်ကိုပြောပြပါတယ်။

ဆရာ ဘရန်ဆိုင်း ပြောဆိုချက်ကို မေလ ၁၆ ရက်နေ့ News 24 ဝက်ဆိုက်စ်တွင် တင်ခဲ့သော (You can be bad exes and still be parent : when co-parenting fails, it affects children) ဆောင်းပါးက ထောက်ခံလျက်ရှိနေပါတယ်။ New 24 ရဲ့ဆောင်းပါးမှာတော့ ကလေးတစ်ယောက်ကိုချစ်ခြင်းမေတ္တာနဲ့ သေချာဂရုစိုက်မှုမရှိလျှင် ထိုကလေးဟာ စိတ်ဒဏ်ရာတွေနဲ့ ကြီးလာတဲ့အတွက် လူတွေနဲ့ပေါင်းသင်းဆက်ဆံဖို့ ခဲယဉ်းလာပြီး အဆိုးမြင်စိတ်တွေနဲ့ ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်းနှင့် ပတ်ဝန်းကျင် ကိုမုန်းတီးမှုတွေ ဖြစ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲလို parentingကောင်းလာဖို့တော့ မိဘတွေကို ကလေးတွေကို ဘယ်လိုစိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်လာအောင် ဘယ်လိုပြုစုစောင့်ရှာက်ရမယ်ဆိုတာတွေကို သင်တန်းပို့ချတာမျိုးနဲ့ လူမှုဆက်ဆံရေးနဲ့ အသိပညာတိုးပွားလာအောင် အခကြေးငွေမယူတဲ့ community school (လူထုအကျိုးပြုကျောင်း) တွေများများရှိလာရင်တော့ ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှု မြင့်မားလာလိမ့်မယ်လို့ ဆရာဘရန်ဆိုင်းကသူ၏အမြင်ကိုသုံးသပ်ပြပါတယ်။

Oprah Daily ဝက်ဆိုက်ရဲ့ပြီးပြည့်စုံသော သွန်သင်ဆုံးမမှု ဆိုတာ ကောင်းမွန်သော သွန်သင်ဆုံးမမှုရဲ့ ရန်သူ ဖြစ်တယ်” Perfect parenting is the enemy of good parenting ဆိုတဲ့ဆောင်းပါးမှာပါတဲ့ တချို့အကြောင်းအရာတွေကတော့ မိဘတွေက ပြီးပြည့်စုံတဲ့လူဖြစ်စေချင်တဲ့အတွက် သူတို့ရဲ့သွန်သင်ဆုံးမမှုတွေက မြင့်မားတဲ့စံနှုန်းတွေနဲ့ ပြည့်နေတယ်။

ဒီအချက်တွေက ကလေးတွေကိုဖိအားများပြီး စိတ်ပင်ပန်းစေသည်ဟု ဖော်ပြထားသည်။ အဲဒီဆောင်းပါးရဲ့အဓိက အချက်ကတော့ ပြီးပြည့်စံနှုန်းတွေနဲ့ သွန်သင်ဆုံးမမှုတွေက ကောင်းမွန်တဲ့သွန်သင်ဆုံးမခြင်းရဲ့ရန်သူပါဘဲ ဆိုပြီးသုံးသပ်ပြထားတယ်။

ဒီ ဆောင်းပါးရဲ့ ဖော်ပြချက်မှာပဲ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်မှာတော့ ကလေးတစ်ယောက်က အမြဲမှန်နေစရာမလိုဘဲ အမှားတွေကနေ သင်ယူတာက ကလေးတစ်ယောက်ကို ပိုမိုရင့်ကျက်ကြီးထွားစေတယ် လို့ ဆိုထားပါတယ်။

Show More

Related Articles

Back to top button