သတင်း

ပုလဲနယ်မှာ စစ်ကောင်စီတပ်က ပျူစောထီးရွာတွေအတွက် ရိက္ခာစုစောင်းပေးနေ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေပူးပေါင်းပြီးတော့ ပျူစောထီးရွာ  ရွာအတွက် တစ်ရွာဝင်တစ်ရွာထွက်ပြီး ပြည်သူတွေရဲ့ ဆန်နဲ့စားသောက်ကုန်တွေကို ရိက္ခာအဖြစ်သိမ်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ  ရက်နေ့လောက်ကတည်းက ဆားလင်းကြီးမြို့နယ်ထဲကနေ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံပျူစောထီးတွေပေါင်းပြီး ပျူရွာတွေဖြစ်တဲ့အင်မထီးရွာနဲ့ဇီးဖြူကုန်းရွာတွေအတွက် ရိက္ခာတွေလိုက်စုဆောင်းပေးနေတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

မနေ့ကဆို ဇီးဖြူကုန်းရွာကပျူတွေနဲ့ပေါင်းပြီး နှောရိုးရွာဘုန်းကြီးကျောင်းထဲမှာထားတဲ့ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေ ဆန်တွေကို အတင်းအဓမ္မသိမ်းယူသွားသေးတယ်။ သူတို့က ရွာတွေထဲဝင်ပြီး ပစ္စည်းတွေယူလိုက် ပြီးရင်ပျူစခန်းထဲပြန်ဝင်လိုက် အဲ့လိုလုပ်နေတာ ၁ လကျော်လောက်တစ်ခါကို စစ်တပ်ရဲ့ စစ်ကြောင်းတွေက ပုလဲထဲကိုလာတယ်။ ပြီးရင်ရိက္ခာတွေစုပေးပြီးပြန်ထွက်သွားတယ် အဲ့လိုမျိုးပါလို့ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းတွေကို မကြာခဏ စစ်ကြောင်းထိုးလေ့ရှိတဲ့အတွက် ပျူရွာတွေ နဲ့ အနီးတစ်ဝှိုက်မှာနေထိုင်တဲ့ ဒေသခံတွေကတော့ စစ်ဘေးရှောင်ဖို့ အမြဲတမ်းအသင့်ပြင်ဆင်ထားရတယ်လို့ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေကတော့ မိုးတွင်းကာလမှာ စစ်တပ်ဘက်က စစ်ကြောင်းတွေဆက်တိုက်ထိုးနေတဲ့အတွက် ထွက်ပြေးရတာပိုခက်ခဲသလို အဘက်ဘက်က ဒုက္ခပိုပြီးကြုံနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ရွာတွေကိုစစ်ကြောင်းထိုးနေတာနဲ့ပတ်သက်လို့ ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက တာဝန်ရှိသူတစ်ယောက်က ခုလိုပြောပါတယ်။

သူတို့ရဲ့အဓိကရည်ရွယ်ချက်က သူတို့ ပျူရွာတွေထဲမှာ ရိက္ခာတွေပြတ်နေတယ် ပြီးရင် သူတို့ဘက်က ရိက္ခာတွေကို ရဟတ်ယာဥ်နဲ့လည်းပို့လို့ရတာပဲ အရင်ကလည်းပို့ခဲ့တယ် ဒါပေမဲ့သူတို့စစ်ကြောင်း ထိုးပြတာက ငါတို့တွေအုပ်စိုးနိုင်သေးတယ်ဆိုပြီးပြချင်တာပေါ့ ဒီနှစ်ချက်ကြောင့်လို့ ယူဆတယ် လို့ သုံးသပ်ပါတယ်။

ဒါ့အပြင် ပုလဲမြို့နယ်မှာ အမြဲတမ်းစစ်ဘေးရှောင်အနေနဲ့အရပ်သား ၄ ထောင်နီးပါး ဘေးလွှတ်ရာမှာထွက်ပြေးတိမ်းရှောင်နေကြရသလို စားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေ လိုအပ်တာတွေရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ စစ်ကိုင်းတိုင်းမှာဒေသခံ ၈ သိန်းကျော် ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ  ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။

Show More

Related Articles

Back to top button