လူထုအသံအင်တာဗျူး

ဖားကန့်မှာ ခိုးဆိုးလုယက်မှုအခြေနေ ဘယ်လောက်ထိဆိုးရွားနေပြီလဲ (လူထုအသံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဟာ အစိုးရအဆက်ဆက်က သန်းခေါင်စာရင်း တိတိကျကျ ကောက်ယူလို့မရအောင် လူနေထူထပ်ပြီး ရွှေ့ပြောင်းနေထိုင်သူ အများဆုံးနေရာဖြစ်သလို အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း လူဦးရေတစ်နေ့ထက် တစ်နေ့ များလာနေတာ ဖြစ်ပါတယ်။

လူဦးရေ ထူထပ်များလာတာနဲ့အမျှ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသုံးစွဲသူအများဆုံးရှိလာပြီး ခိုးဆိုးလုယက်မှုမှာ လျှပ်စစ်ထရန်စဖော်မာပေါ်က မီးကြိုးခိုးယူဖြုတ်ရောင်းခံရတဲ့ထိ အခြေနေရှိခဲ့ပါတယ်။

အခုလို မူးယစ်ဆေးဝါးသမားတွေနဲ့ လောင်ကစားဝိုင်းတွေ ပိုများလာတာကြောင့် နောက်ဆက်တွဲ ပြသာနာအဖြစ် ခိုးဆိုးလုယက်မှုတွေ၊ လုယက်သတ်ဖြတ်မှုတွေက တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာပြီး ဖားကန့်မှာနေထိုင်တဲ့ ပြည်သူတွေဟာ နေ့ခင်းသွားလာရေးမှာပင် စိုးရိမ်စရာတွေနဲ့ နေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။

ဖားကန့်က ခိုးဆိုးလုယက်ခံရမှုအခြေနေ ဘယ်လောက်စိုးရိမ်ဖွယ်ဖြစ်နေပြီလဲ၊ ဖားကန့်က ပြည်သူတွေခံစားနေရတဲ့ အခက်အခဲတွေကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။

အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး

မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးသက်ရောက်မှုက တော်တော်လေးကိုအခြေအနေဆိုးတယ်လို့ပြောရမှာပေါ့။ လက်တွေ့ပေါ့ မှော်ဆီဆာ အလယ်တန်းကျောင်းခွဲဆိုလည်း ကာရံထားတဲ့သွပ်တွေ မရှိတော့ဘူး။ သူတို့ဖြုတ်ကုန်ပြီ ပြီးတော့ လုံးခင်းမှာဆိုလည်းဆေးရုံပေါ့။ အဲ့ကဝန်ထမ်းအဆောင်တွေ၊ ဆေးရုံကြီးရဲ့အကာအရံတွေ၊ သွပ်တွေကသူတို့ဆေးဖိုးအတွက် ဖြုတ်ပြီးရောင်းစားကုန်ပြီ။ ပြီးတော့အခုဆို လူပြတ်တဲ့နေရာတွေမှာတစ်ယောက်ထဲသွားလာလို့ တောင်မရတော့ပါဘူး သူတို့တွေက လစ်ရင်လစ်သလို လုက်ယက်ရိုက်နက်တာတွေ ရှိတယ်

အသက် ၃၂ နှစ်အရွယ် လုံးခင်းကျေးရွာအမျိုးသမီးတစ်ဦး

တခြားနေရာမဟုတ်ဘူး ကိုယ့်ရပ်ကွက်မှာကိုဖြစ်နေတာ အိမ်တိုင်း အိမ်တိုင်းသူခိုးဝင်ခံနေရတာ ကျွန်မဆိုလည်း ဆိုင်ကယ်တစ်စီး ပျောက်ပြီး ရပ်ကွက်ထဲမှာ အိမ်တိုင်းလိုလိုဝင်ခိုးခံနေရတာ ဆိုင်ကယ် လေး၊ငါးစီး မကတော့ဘူး။ လမ်းသွားလမ်းလာဆိုလည်း အဲ့လိုမီးမရှိတဲ့နေရာတွေ၊ လူပြတ်တဲ့နေရာတွေဆိုရင် သူတို့တွေရှိတယ်။ ဆိုင်ကယ်လုတယ် ရတဲ့ဟာကိုလုတာ တစ်ခါတစ်လေ လူကိုပါ အပျောက် ဖျောက်တယ်

အသက် ၂၆ နှစ်အရွယ် လုံးခင်းကျေးရွာ အမျိုးသားတစ်ဦး

အိမ်ထဲထိ ခိုးတာတွေရှိတယ်ဗျ။ ပြီးတော့ အဲ့မူးယစ်ဆေးဝါးသမား လောင်ကစား သမားတွေက ဆိုင်ကယ်တွေ ရိုက်လုတာ။ ပြီးတော့ ဘယ်လိုပြောမလဲ လမ်းသွားလမ်းလာက မိန်းမသားတွေဆီကနေ ဖုန်းတွေဘာတွေရိုက်လုတာတို့ ရှိတယ်။ ပြီးတော့အခုနောက်ပိုင်းက ညမပြောနဲ့နေ့ခင်းတောင်တစ်ယော က်ထဲသွားလို့လာလို့အဆင်မပြေဘူးဗျ လွန်ခဲ့တဲ့လကပဲ ကျနော့်သူငယ်ချင်းတစ်ယောက်ပေါ့ လုံးခင်း သချိုင်ကုန်းနားမှာပဲ ရိုက်သတ်ပြီးဆိုင်ကယ်လုသွားတာဖြစ်သွားသေးတယ်

ဖားကန့် လူမှုကူညီရေးအသင်းမှ ဝန်ထမ်းအမျိုးသမီးတစ်ဦး

သူတို့ကတစ်ယောက်ထဲ နှစ်ယောက်ထဲ မဟုတ်ဘူး အဖွဲ့လိုမျိုးရှိနေတာ ကျွန်မက ကျွန်မတို့ရုံးမှာဆိုရင် အစောင့်မရှိဘူး အစောင့်မရှိတော့ ကျွန်မတို့ရုံးမှာဆိုရင် ပစ္စည်းတွေအကုန် ဝင်ဖောက်တာဘာတစ်ခုမှ တောင်မကျန်တော့ဘူး။ ပြည်သူတွေကို ကယ်နေတဲ့ပစည်းတွေတောင် အလွတ်မပေးဘူး အကုန်ခိုးတာ ။တချို့ရုံးသုံးပစည်းတွေပေါ့ တချို့ဆိုရေအောက်မှာငုပ်တဲ့ တခါသုံးတဲ့အောက်စီဂျင်ဗူးပေါ့ သိန်း ၂၀ ကျော်တန်တဲ့ဟာတွေလည်းခိုးသွားတာ

အသက် ၄၀ အရွယ် ဆိုင်းတောင်ကျေးရွာ အမျိုးသားတစ်ဦး

သူတို့က ငြိမ်တဲ့ခါတော့ငြိမ်ပြီး ထဖောက်ပြီဆိုဆက်တိုက်လိုကိုဖြစ်နေတာ ကျွန်တော်တို့ဆိုင်းတောင် လုံးခင်းဘက်တွေ အဆိုးဆုံးပေါ့။ တစ်ယောက်ထဲသွားလာလို့မရဘူး ကားနဲ့တစ်ယောက်ဆိုလည်း မရဘူး တားပြီးမှလုတာ ဆိုင်ကယ်နဲ့ဆိုပိုဆိုးပေါ့။ အဲ့လိုလုယက်တဲ့ဟာက ၃ ယောက် လေးယောက်ဖွဲ့ပြီးနေတာ။ ဟိုလွန်ခဲ့တဲ့လဆို အဲ့ဆိုင်းတောင်ကားလမ်းမှာပဲ လေးလူပြတ်တဲ့နေရာပေါ့။ အမျိုးသားတစ်ယောက် ခေါင်းကို ကျောက်ခဲနဲ့ထုသတ်ပြီး ဆိုင်ကယ်တွေဖုန်းတွေလုသွားတာ အဲ့ပေါ့အခြေအနေက အတော်ကို ဆိုးနေတယ်ဗျ။

လုံးခင်းကျေးရွာ လူငယ်အမျိုးသားတစ်ဦး

အခုနောက်ပိုင်း လူပြတ်တဲ့နေရာတွေဆို မိန်းမသားမှမဟုတ်ဘူး ယောက်ကျားလေးတွေကအစ သွား လို့မရဘူး။ သွားလို့ရှိရင်တော့ လူလစ်ရင်လစ်သလိုပေါ့ တစ်ခါတစ်လေ ကြရင်သူခိုးက လူကိုပြန်ဟစ် သလိုပေါ့ ဒီကောင်သူခိုးသူခိုး ဆိုပြီးအော်ပြီး လူကိုသူတို့ကပဲ ရိုက် ရိုက်ပြီးတော့မှ ဆိုင်ကယ်တွေ ဘာတွေအကုန်သူတို့ကယူသွားအဲ့လိုလုပ်တာ။ ပြည်သူတွေရဲ့လုံခြုံရေးက အတော်လေး စိုးရိမ်ရတယ်။ တစ်ခုခု ဖြစ်သွားလို့ရှိရင် ထိထိရောက်ရောက်ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းကမရှိဘူး

အသက် ၅၀ ကျော် မှော်စီဇာ အမျိုးသမီးတစ်ဦး

ဖြစ်နိုင်ရင် ကိုယ့်အိမ်နဲ့ကိုယ်တောင် လုံခြုံရေးအလှည့်စီယူပြီး ကင်းစောင့်ရမလိုဘဲ ဖားကန့်ကလေ တစ်ခြားနေရာထက် ဆိုးတယ်။ လူလည်းများတော့ ဘယ်သူကဘာမှန်းကို မသိတာ နေ့တိုင်းလိုလို ဆိုင်ကယ်တွေပျောက်တယ်။ နောက်ဆုံး ဆီပေပါက ဆီတွေပါ ပိုက်တဲ့စုတ်ယူသွားကြတာ ဖမ်းဆီးအရေးယူတာလည်းမရှိတော့ ဥပဒေမဲ့နေရာဖြစ်နေပြီ။

Show More

Related Articles

Back to top button