တိုက်ပွဲဖမ်းဆီးခံရမှုသတင်း

စစ်ကောင်စီတပ်သား ၅ ဦး ကို လက်နက်နဲ့အတူ ဖမ်းဆီးရမိ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ ရှန်းထုန်းဘွမ့် (Shang Htung Bum) တပ်စခန်းကနေ နွမ်လန့်ဘက်ကို စစ်ရိက္ခာသယ်ဖို့ ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေ တိုက်ခိုက်ခံရပြီး လက်နက်ပစ္စည်းအပါ တပ်သား ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့  ရှန်းထုန်းဘွမ့်ကနေ စစ်ကောင်စီတပ်သား ၁၅ ဦး ဆင်းလာစဉ် နွမ်လန့်မရောက်မှီ ၂ မိုင်အကွာမှာရှိတဲ့ ပန်းဆပ် (Pang Sak) ရွာဟောင်းအနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ရက္ခိုင်တပ်တော် AA တို့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲစစ်ကြောင်းဆင်းလာတာကို KIA က ကြားဖြတ်ဝင်တိုက်ခိုက်ခဲ့တဲ့သဘောပါ။ ရွာနဲ့က ၂ မိုင်လောက်မှာရှိမယ် အရင်ကတော့ ပန်းဆပ်ရွာလို့ခေါ်ကြတယ်။ အဲ့ဒီရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ ဒါနီချောင်း အနားမှာ KIA က တိုက်ခိုက်လိုက်တာဖြစ်တယ်။ ဖမ်းဆီးရတဲ့သူတွေနဲ့ လက်နက်ပစ္စည်းတွေလည်း သိမ်းဆည်းနိုင်တယ်လို့ ပြောတယ် နွမ်လန့်ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။

ရှန်းထုန်းဘွမ့် စစ်ကောင်စီတပ်စခန်းကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးထဲမှာ ၂ ဦးက တိုက်ပွဲနေရာမှာ သေဆုံးသွားပြီး ၅ ဦးကို ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်နဲ့အတူ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကျန် ၈ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရှေ့တန်း KIA သတင်းအရင်းအမြစ်ပြောပြချက်အရ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းတွေကတော့ သေနတ် ၅ လက်၊ ကျည်ဆံအတောင့် တစ်ထောင်ကျော်၊ ၄၀ မမ အလုံး ၂၀ ကျော် နဲ့ စစ်ယူနီဖောင်းအများအပြား ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ  ဦးမှာ သုံးပွင့် ဗိုလ် ၁ ဦးပါဝင်ပြီး အဲဒီ တပ်ဖွဲ့တွေဟာ လကုန်ရက်မှာ နွမ်လန့်တပ်စခန်းထဲ စစ်ရိက္ခာများ လာရောက်သယ်ယူဖို့ ဆင်းလာတဲ့အချိန်မှာ တိုက်ခိုက်ခံရတာလို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အဲဒီနေရာမှာ ဒီကနေ့ မနက်ပိုင်းအထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button