သတင်း

လုပ်ကွက်ဟောင်း‌ရေကန်မှာ ပုပ်ပွနေတဲ့ ပိုင်ရှင့်မဲ့ရုပ်အလောင်းတွေ့ရှိ

ဖားကန့်မြို့ အေးမြသာယာအုပ်စု ရှရော်ခကျေးရွာအပိုင်ထဲက ဒေသအခေါ်(ဂျိတ်လင်းကုမ္ပဏီ )လုပ်ကွက်ဟောင်း ရေကန်မှာ ပုပ်ပွနေတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဖားကန့် ကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။

နိုဝင်ဘာလ ၆ ရက် ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာတွေ့ရှိပြီး ညနေပိုင်း ၃ နာရီလောက်မှာ ဆယ်ယူပြီးသဂြိုလ်ပေးလိုက်ပြီဖြစ်တယ်လို့ လူမူကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အသက်သုံးဆယ်လောက်ရှိမယ်ဗျ၊ရေမဆေးကျောက်ရှာတဲ့သူပါ၊သူစီးထားတဲ့ ပွိုင့်ဖိနပ်တောင် အလောင်းဆယ်ယူပြီးမှ ချွတ်ပေးခဲ့ရတာပါ။ အလောင်းတော့ သဂြိုလ်လိုက်ပြီ”လို့ ပြောပါတယ်။

သေဆုံးသူဟာ ရေမဆေးကျောက်ရှာသူဖြစ်နိုင်‌တယ်လို့ ယူဆရပေမယ့် မည်သူမည်ဝါ မကွဲပြားတဲ့အထိ ဖြစ်နေတဲ့အတွက် ပိုင်ရှင်မဲ့အနေနဲ့ သဂြိုလ်လိုက်ရတယ်လို့  သူကထပ်မံပြောကြားပါတယ်။

အခင်းဖြစ်စဉ်နေရာတစ်လျှောက်ဖြစ်တဲ့ မနမှော်မှာ ဒီနှစ်သြဂြတ်လအတွင်း မြေဇာပြံပြိုကျမှုကြောင့် ရေမဆေးသမား ၃၀ ကျော်သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိချိန်မှာလည်း မိုးရာသီကာလအတွင်း လက်ကျင်းတူးကျောက်ရှာဖွေတာတွေရှိတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

ဖားကန့်ကျောက်စိမ်းမှော်တွေမှာ စည်းမဲ့ကမ်းမဲ့ကျောက်စိမ်းတူးဖော်တာ‌တွေကြောင့် တောတောင်များပျောက်ဆုံးပြီး ရေကန်ကြီးများအဖြစ် အများအပြားရှိနေတာလည်း ဖြစ်ပါတယ်။

အဲဒီရေကန်များအတွင်း စွန့်ပစ်မြေစာပစ်ရာကနေ နွံကန်များဖြစ်လာပြီး မကြာခဏ နွံကန်ပေါက်ကြပြီး လူ့အသက်များသေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button