သတင်း

ချင်းတွင်းတံတားနဲ့ ဥရုချောင်းတံတားကိုစစ်ကောင်စီဖြတ်သန်းသွားလာခွင့်ပိတ်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ထဲက ချင်းတွင်းတံတားနဲ့ ဥရုချောင်းကူးတံတားကို စစ်ကောင်တပ်က ပိတ်ထားတာကြောင့် ဒေသခံတွေသွားလာရခက်ခဲနေတယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်၊ လွှစင်ကုန်းဘက်ကိုဆက်သွယ်ထားတဲ့ ဥရုချောင်းကူးတံတားနဲ့ ကက်သက်ကျေးရွာနဲ့အခြားရှမ်းရွာတွေဘက်ကိုဆက်သွယ်ထားတဲ့ ချင်းတွင်းမြစ်ကူးတံတားကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်ထားလိုက်တာကြောင့် ဒေသခံတွေသွားလာရခက်ခဲနေတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

အခုက ဒီဘက်မြို့ကလူတွေလည်းရွာဘက်တွေကိုသွားလို့မရဘူး။ ရွာဘက်ကနေလူတွေလည်းဒီဘက်ကိုစျေးဝယ်ဘာညာကစလာလို့မရတော့ဘူး။ တံတားနှစ်ခုစလုံးပိတ်လိုက်တာ။ ကျွန်မတူလေးတစ်ယောက်က နောင်ပိုအောင်ကနေ လာပြီးဟုမ္မလင်းကိုရုံးလာတက်တာအခုတံတားပိတ်လိုက်တော့ခွင့်မပေးလို့အလုပ်ထွက်လိုက်ရပြီလို့ ပြောပါတယ်။

ချင်းတွင်းတံတားကို နိုဝင်ဘာ ၆ရက်နေ့က ပိတ်လိုက်တာဖြစ်ပြီး ဥရုချောင်းကူးတံတားကိုတော့ နိုဝင်ဘာလ ၉ရက်နေ့က ပိတ်လိုက်တာလို့သိရပါတယ်။

လက်ရှိအဲ့ဒီ တံတားနှစ်စင်းစလုံးရဲ့တံတား အဝင်အထွက်တွေမှာ စစ်ကောင်စီတပ်တွေက နေရာယူထားပြီးတော့ ဒေသခံတွေသွားလာခွင့်ကို တားမြစ်ထားတာဖြစ်လို့ အခက်အခဲဖြစ်နေတယ်လို့ နောင်ပိုအောင်ဒေသခံအမျိုးသမီးတစ်ဦးကအခုလိုပြောပါတယ်။

ဒီဘက်နောင်ပိုအောင်တကြောလုံးကရွာတွေက အဲ့ဘက် ဟုမ္မလင်းမြို့ကိုပဲအဓိကမှီပြီးနေကြတာလေး ဆန်၊ဆီ၊ဆားကအစ ဘာလိုလိုဟုမ္မလင်းမြို့ထဲကိုပဲသွားဝယ်ကြရတာ အခုလိုတံတားပိတ်လိုက်တော့အားလုံးဒုက္ခရောက်ကြတာပေါ့လို့သူကပြောပါတယ်။

ခုလို ချင်းတွင်းမြစ်ကူးတံတားပိတ်လိုက်တာကြောင့် မြစ်တစ်ဖက်ကမ်းက မြို့ကိုမှီခို နေရတဲ့ ကက်သာကျေးရွာ၊ ဆွယ်ကြာပေါ်ရွာ၊ တာမောင်ကျေးရွာနဲ့အနီးဝန်းကျင်ထဲကျေးရွာအများအပြားကဒေသခံတွေခက်ခဲနေသလို ဥတုချောင်းကူးတံတားပိတ်လိုက်တာကြောင့်လည်း ချောင်းတစ်ဖက်ကမ်းက နောင်ပိုအောင်၊ လွှစင်ကုန်း၊ အော်ရွာ၊အောင်ပင်ရွာနဲ့အနီးဝန်းကျင်ထဲကကျေးရွာ‌‌နေ ပြည်သူတွေဟ အဖက်ဖက်ကနေ ပို ခက်ခဲလာတယိလို့လည်း ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်က တံတားနှစ်စင်းစလုံးပိတ်လိုက်တာဟာ လွန်ခဲ့တဲ့ပတ်ကတည်းက နောင်ပိုအောင်၊လွှစင်ကုန်းဘက်က SNAတပ်၊ စစ်ကောင်စီတပ်စခန်းတွေမကြာခဏ တိုက်ခိုက်ခံရတာရတဲ့အပြင် ဟုမ္မလင်းမြို့ကိုကာကွယ်ရေးတပ်တွေ ထပ်ပြီးသိမ်းပိုက်လာမှာစိုးရိမ်တဲ့အတွက်မြို့ဝင်မြို့ထွက်တံတားတွေကိုပိတ်ထားတာလို့ သိရပါတယ်။

အလားတူ နိုဝင်ဘာ ၉ရက်နေ့ မနက်ပိုင်းကလည်း ကချင်ပြည််နယ် ဆယ်ဇင်းကျေးရွာအနီးကဟုမ္မလင်းမြို့နယ်ထဲရှိ စစ်ကောင်စီနဲ့ SNAပူးပေါင်းတပ်ထိုင်တဲ့စခန်းသုံးခုကို KIAKPDF တွေကပူးပေါင်းသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ခုလို ချင်းတွင်းတံတားနဲ့ ဥရုချောင်းတံတားတွေမှာ အရပ်သားဖြတ်သန်းသွားလာခွင့်ပိတ်ထားပေမယ့်စစ်ကောင်စီတပ်ကတော့ နောင်ပိုအောင်ဘက်ကိုစစ်ရေးဖြည့်တင်ရာမှာ ဥတူချောင်းတံတားက်ိုအသုံးပြုနေပြီ နိုဝင်ဘာ ၁၀ရက်နေ့ကလည်းSNA ၊စစ်ကောင်စီတပ်ပူးပေါင်း အင်အား ၁၀၀ လောက် နောင်ပိုအောင်ဘက်ကိုအင်အားဖြည့်ထားတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button