သတင်း

ကသာမှာ စစ်ကောင်စီ ရဲမိသားစုဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ စစ်တပ်ထဲပြောင်းရွေ့

စစ်ကိုင်းဒေသကြီး ကသာမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲမိသားစုဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ကသာစစ်တပ်ကုန်းထဲမှာ ပြောင်းရွေ့ခိုင်းထားတယ်လို့ ကသာဒေသခံတွေကနေ သိရပါတယ်။

ကသာမြို့ပြင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ KIA၊ ကသာ ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)မဟာမိတ်တပ်တွေကြား လွန်ခဲ့တဲ့ ၃ရက်ကတည်းကနေ နှစ်ဖက်စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲတွေလည်း ရှိခဲ့တာကြောင့် စစ်ကောင်စီဟာ ကသာမြို့ထဲက ရဲမိသားစုတွေနဲ့ Non-CDM ဌာနဆိုင်ရာဝန်ထမ်းတွေကို ကသာစစ်တပ်ကုန်းထဲမှာ ပြောင်းရွေ့ခိုင်းတာတွေလုပ်နေတယ်လို့ ကသာဒေသခံတစ်ဦးက KNGကိုပြောပါတယ်။

ခြေနေကတော့ မနေ့ကလည်းကျောက်ထိုးကြီးနားမှာ ထိတွေ့တိုက်ပွဲ ဖြစ်တယ်ခုလောလောတယ် မြို့ပြင်မှာစစ်ရေးတင်းမာ နေတာ ၃ရက်ရှိပြီ ရဲမိသားစုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့တခြားဌာနဆိုင်ရာဝန်ထမ်းတွေ အားလုံးကိုတော့လောလောဆယ် စစ်တပ်ထဲကိုပြောင်းခိုင်းထားတယ် မနေ့ကတည်းကစပြောင်းနေကြတာလို့သူကပြောပါတယ်။

လက်ရှိကသာမြို့ပေါ်မှာ ရဲမိသားစုတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေကို တပ်ထဲခေါ်ယူထားသလို ကသာမြို့ပေါက်ကအထက်တန်း ကျောင်းတွေလည်း ယာယီပိတ်ထားတယ်လို့သိရပါတယ်။

အခုကမြို့ပြင်မှာပဲ ဖြစ်နေတ မြို့ထဲရောက်မရောက်သေးဘူး မြို့ထဲမှာတော့အေးဆေးပါပဲ ဒါပေမယ့် ရဲမိသားစုတွေ၊ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံးက်ုတော့တပ်ထဲခေါ်ထည့်ထားတယ်တဲ့လို့ကသာ PDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိရဲမိသားစုတွေနဲ့ဌာနဆိုင်ရာဝန်တွေကိုပြောင်းရွေ့ခိုင်းထားတဲ့ကသာစစ်တပ်ကုန်းဟာ ကသာမြို့နဲ့ ၁မိုင်ကျော်ဝေးတဲ့ ကြံတော ရပ်ကွက်ထဲမှာလို့သိရပါတယ်။

ဒါ့အပြင်ကသာမှာမြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့်ကသာမြို့ခံပြည်သူအချို့ဟာလည်း စျေးဆိုင်တွေပိတ်ပြီး မြို့ကနေစွန့်ခွာသွားသူအချို့တဝက်ရှိနေတယ်လို့သိပါတယ်။

မြို့ကတော့တိတ်ဆိတ်လို့ပါ့ စစ်ကောင်စီက လက်နက်ကြီးတွေလည်းဟိုလျှောက်ထုဒီလျှောက်ထုလုပ်နေတာလေးအဲ့ကြောင့်တချို့ကတော့စျေးဆိုင်တွေဘာတွေပတ်ပြီး တိမ်းနေကြတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကိုင်းတိုင်းထဲကကောလင်းမြို့ကို NUG အစိုးရက နိုဝင်ဘာလ ၆ရက်နေ့မှာ ထိန်းချုက်လိုက်သလို လက်ရှိမှာလည်း ထီးချိုင့်မြို့ကိုသိမ်းပိုက်ဖို့ တိုက်ပွဲ ဆင်နွဲနေဆဲ အခြေအနေမှာ ကသာမြို့ထဲကစစ်ကောင်စီ တပ်တွေအနေနဲ့အခုလိုကြိုတင်ပြင်ဆင်နေတာလို့ဒေသခံတွေကဆိုပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button