သတင်း

နောင်မွန်မြို့နယ် ခူထီကျေးရွာက သက်ကြီးရွယ်အိုတွေအတွက်အကူအညီတွေလိုအပ်နေ

ကချင်ပြည်နယ် နောင်မွန်မြို့နယ် ခူထီကျေးရွာထဲက သက်ကြီးရွယ်အိုတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

အိမ်ခြေ ၆ အိမ်သာရှိပြီး လူဦးရေ ၂၀ ဦးရှိတဲ့ ခူထီကျေးရွာမှာ အသက် ၆၀ ကျော်ကနေ အသက်၉၀ ကျော်အထိရှိတဲ့ သက်ကြီး ရွယ်အို ၁၆ ဦးရှိပြီး အဓိကအစားအသောက်နဲ့ နေအိမ်တွေပြုပြင်ဖို့အကူအညီတွေလိုအပ်နေတယ်လို့ သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီပေးနေတဲ့ ပရဟိတလူငယ်တစ်ဦးက KNGကိုအခုလိုပြောပါတယ်။

”အခုသူတို့တွက်လောလောဆယ်လိုအပ်နေတာက စားဖို့အတွက်ဆန်တွေမရှိကြဘူးဆန် ပဲလိုအပ်နေတယ်အသက်ကြီးတဲ့သူတွေပဲဆိုတော့အလုပ်ကမလုပ်နိုင်ကြဘူးလေး ပြီးတော့သူတို့အခုနေတဲ့ အိမ်တွေလည်းအမိုးမလုံဘူး အဲ့အတွက်သွပ်တွေလိုအပ်နေတယ်”လို့သူကပြောပါတယ်။

ခူထီကျေးရွာထဲက သက်ကြီးရွယ်အိုတွေဟာ စိုက်ပျိုးရေးမလုပ်ကိုင်နိုင်တောဲ့အပြင် လက်ရှိတနိုင်တပိုင်လုပ်ထားတဲ့ယာခင်းတွေလည်း ကျွဲ၊နွားနဲ့ ပိုးမွှားတွေရဲ့ ဖျက်ဆီးခံလိုက်ရတာကြောင့် အခုလိုအကူအညီလိုအပ်နေတာလို့သိရပါတယ်။

”အဲ့ရွာမှာကလူငယ်တွေမရှိတော့ဘူးသက်ကြီးရွယ်အိုတွေပဲကျန်ခဲ့တာ အလုပ်လုပ်တဲ့လူကမရှိသူတို့နည်းနည်းပါးပါး လုပ်ထားတာလေးလည်း စပါးတွေက ကြွက်ကလ​ည်းစားသွားနွားတွေလည်းဝင်စားဆိုတော့ဘာမှကိုမရလိုက်ဘူး အဲ့ကြောင့်ဆန်ကတော့အတော်လည်းလိုအပ်နေတယ်”လို့ အထက်ပါလူငယ်ကဆက်ပြောပါတယ်။

အဲ့ဒီသက်ကြီးရွယ်အိုတွေအတွက် အကူအညီတွေလိုအပ်နေတဲ့အပြင် သက်ကြီးရွယ်အို ၁၆ ဦးထဲမှာ ၅ ဦးက အသက် ၈၀ ကျော်နဲ့ ၉၀ ဝန်းကျင်တွေဖြစ်တာကြောင့် ဆေးဝါးအကူအညီတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်။

”တခြားအခက်အခဲကတော့အဲ့မှာ ငါးယောက်က လုံးဝနားမကြားတော့ဘူး အသက် ၈၀ ကျော် ၉၀ တွေဟုတ်တယ် သူတို့အတွက် နားကြပ်တွေလိုတယ်ပြီးတော့ ဒူးနာ၊ခါးတာတွေလည်းဖြစ်နေကြတယ်”လို့ အဲ့ဒီသက်ကြီးရွယ်အိုတွေကိုကူညီပေးနေတဲ့လူငယ်ကပြောပါတယ်။

နောင်မွန်မြို့နဲ့ ၁၃ မိုင်နီးပါးဝေးတဲ့ ခူထီကျေးရွာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အိမ်ခြေ ၈၀ နီးပါးရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး လယ်ယာလုပ်ငန်းနဲ့ စီးပွားရေးမဖြစ်ထွန်းတာကြောင့် ပြောင်းရွေ့သွားကြရာကနေ လက်ရှိလူဦးရေ ၂၀ သာကျန်ရှိတော့တာလို့သိရပါတယ်။

Zaw Zaw

Show More

Related Articles

Back to top button