အင်တာဗျူး

မြန်မာပြည်မှာ အရပ်သားသေဆုံးမှု မြင့်တက်ခြင်း၊ စီးပွားရေးထိုးကျခြင်းတွေက ဘယ်သူမှာ တာဝန်ရှိပါသလဲ။

ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်း အဆင့် ၂ မှာ မြန်မာနိုင်ငံရှိနေပြီး ပြည်တွင်းစစ်ဖြစ်ပွားတဲ့ နယ်မြေဧရိယာက လည်း ကမ္ဘာ့အဆင့် ၉ နေရာမှာ ရပ်တည်နေလို့ သိရပါတယ်။

ပြည်တွင်းစစ်ဖြစ်ပွားတဲ့ နယ်မြေဒေသ ကျယ်ဝန်းလာတာနဲ့အတူ စစ်ပွဲကြောင့် အရပ်သားသေဆုံးမှုအများဆုံး ကမ္ဘာ့အဆင့် ၃ နေရာမှာ ရှိနေတယ်လို့  ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေနဲ့ တည်နေရာလေ့လာရေးအဖွဲ့ (ACLED) ဩဂုတ်လ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ACLED အဖွဲ့က ၆ လတစ်ကြိမ်ကောက်ယူရရှိတဲ့ ဒေတာတွေအရ ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဟာ အရပ်သားတွေအတွက် အန္တရယ်အရှိဆုံး အဆင့် ၄နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အရပ်သားသေဆုံးမှုမြင့်မာလာမှုနဲ့အတူ တိုင်းပြည် ကျပ်ငွေတန်ဖိုးကျဆင်းမှုမှာ ၁ ဒေါ်လာကို ကျပ် ၇ ထောင်နဲ့ ဘတ်ငွေ ၅၄၀ ဝန်းကျင်ကို ကျပ် ၁ သိန်းထိ ရောက်ရှိနေပါတယ်။

မြန်မာပြည်မှာ အရပ်သားသေဆုံးမှု မြင့်တက်ခြင်း၊ စီးပွားရေးထိုးကျခြင်းတွေက ဘယ်သူမှာ တာဝန်ရှိပါသလဲ။ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကို KNG သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ပြည်တွင်းစစ်ကြောင့် အရပ်သားသေဆုံးမှုက ကမ္ဘာ့အဆင့် ၃နေရာထိမြင့်တက်လာတာက ဘယ်လို အချက်မျိုးတွေကြောင့်လဲဗျ။

ဖြေပြည်တွင်းစစ်ကြောင့် အရပ်သားသေဆုံးမှုဆိုးဝါးလာတယ်ဆိုတာက အဓိကကတော့ အကြမ်းဖက်မြန်မာစစ်အုပ်စုက သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုက ပိုပြီးတော့မှ စိပ်လာတယ် များလာတယ်။ ပြီးတော့သုံးတဲ့အရာတွေကလည်း လူတွေကိုတကယ်ကို သေစေနိုင်တယ်အရာတွေကို ရည်ရွယ်ချက်ရှိရှိသုံးတယ်ပေါ့နော ပြီးတော့ အဓိကက အရပ်သားနေရာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတွေကြောင့်မို့လို့ ဒါတွေကပိုဆိုးလာတာပေါ့နော ဘာလို့ဆိုတော့ ဒီလေကြောင်းကနေ တိုက်တာဆိုတာက ဒရုန်းနဲ့တိုက်တာ ပြောပြော ဒရုန်းနဲ့ ပစ်တာပြောပြော ဒါတွေအကုန်လုံးက မြေပုံပေါ်မှာ သေချာကြည့်ပြီးတော့မှ နည်းပညာနဲ့ ကြည့်တာလေ အရပ်သားတွေရှိတဲ့နေရာမှာမလုပ်ရဘူးလေနော ဒါတွေက အနိမ့်ဆုံးရှောင်ရမယ့် စစ်ဥပဒေတွေထဲမှာပါတယ်။ စစ်မှုဆိုင်ရာ ဥပဒေ(Geneva Conventions) ရဲ့ အဓိကအချက်တွေဖြစ်တယ် ဆိုတော့စစ်ဖြစ်ပြီဆိုရင် လက်နက်ကိုင်ပြီး တိုက်ကြတဲ့သူတွေအားလုံးသည် အရပ်သားတွေကိုရှောင်ရှားရမယ် “

မေးစစ်ကောင်စီအနေနဲ့ အရပ်သားတွေရှိတဲ့ ဈေး၊ ရွာ၊ မြို့တွေကိုပစ်မှတ်ထားတိုက်ခိုက်တာက ဘယ်လိုရည်ရွယ်ချက် တွေကြောင့် ဖြစ်နိုင်လဲ။

ဖြေဆိုတော့ အခုဟာက အရပ်သားနေရာတွေကို စစ်အုပ်စုကလည်း တစ်နိုင်ငံလုံးကို ခြိမ်းခြောက်ပြီးမှ အကြမ်းဖက်နေတာ ဆိုတော့ သူတို့ကို ဆန့်ကျင်တဲ့တော်လှန်ရေးအဖွဲ့တွေရှိတဲ့ နေရာဆိုရင် ဘယ်နေရာဘဲဖြစ်ဖြစ် အထူးသဖြင့် သူတို့က Collective punishment လို့ခေါ်တာပေါ့နော ဒီတစ်နေရာက သူတို့ကို ဆန့်ကျင်တယ်ဆိုရင် အဲနေရာမှာရှိတဲ့အရပ်သားတွေကို အပြစ်မဲ့တဲ့ လက်နက်မကိုင်တဲ့ သာမန်အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းအားဖြင့် ဒီတော်လှန်ရေး လုပ်နေတဲ့ သူတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ အပြစ်ပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူကို ဒုက္ခရောက်အောင် လုပ်ပြီးတော့မှ တော်လှန်ရေးကိုအားနည်းသွားအောင် ချည့်နှဲ့သွားအောင်လုပ်တယ်ပေါ့နော တစ်ဖက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ နည်းပညာအားနည်းတာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ တချို့နေရာတွေမှာ ဆိုလို့ရှိရင် အရပ်သားတွေအပေါ် မှာ ကို သေသေချာချာ အကာအကွယ်အစီအစဉ်တွေမထားဘဲနဲ့ တိုက်ပွဲတွေလုပ်တာတွေကြောင့် ဖြစ်လာတယ်ပေါ့နော။

မေးစစ်ကောင်စီအနေနဲ့ ခုလိုအရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာက ဘယ်လိုဥပဒေတွေနဲ့ ညှိစွန်းနေလဲ ဘယ်လိုအရေးယူလို့ရနိုင်လဲ။

ဖြေဒီလိုမျိုးအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့ကိစ္စတွေ တိုက်ခိုက်မှုတွေဖြစ်နေတာတွေအကုန်လုံးက နိုင်ငံတကာ ဥပဒေကိုချိုးဖောက်တာဖြစ်တယ်ပေါ့နော်။ နိုင်ငံတကာမှာ လူသားဆန်မှုဆိုင်ရာ ဥပဒေတွေရှိတယ် ပြီးတော့နိုင်ငံတကာဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာဥပဒေတွေရှိတယ် နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာဥပဒေတွေရှိတယ်။ စစ်ပွဲဆိုင်ရာဥပဒေတွေရှိတယ် ဆိုတော့ ဒါတွေအကုန်လုံးကို ချိုးဖောက်ရာကျတယ်ပေါ့နော်။

မေးတာဝန်ရှိသူတွေအနေနဲ့ အပြစ်မဲ့အရပ်သားသေဆုံးမှုတွေ ထပ်မံမဖြစ်ပွားအောင် ဘယ်လိုဆောင်ရွက်သင့်လဲ။

ဖြေတော်လှန်ရေးလုပ်နေတဲ့ကာလမှာပြည်သူတွေက တော်လှန်ရေးကာလဖြစ်တဲ့အတွက် ကြုံရမယ့်စိန်ခေါ်ချက်တွေရှိတယ် ဆိုပေမယ့်  တော်လှန်ရေးအဖွဲ့တွေက ဒီပြည်သူတွေကြုံရမယ့်အခက်အခဲတွေကိုတော့ တတ်နိုင်သမျှ ဖြေလျှော့အောင် နည်းအောင် အထူးသဖြင့် လက်နက်ကိုင်တိုက်ပွဲတွေကြားထဲမှာ ထိခိုက်မှုတွေ နစ်နာဆုံးရှုံးမှုတွေမဖြစ်ရအောင် ကြိုးစားပေးရမှာက ပြည်သူ့အတွက်တော်လှန်ရေးလုပ်တယ်ဆိုတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တာဝန်လည်းဖြစ်တယ်။ ငါတို့ပြည်သူတွေကို ငါတို့ဘယ်လိုကာကွယ်စောင့်ရှောက်မလဲ ကျောသားရင်သား မခွဲဘဲနဲ့ လူမျိုးမရွေး ဘာသာမရွေး ကာကွယ်စောင့်ရှောက်မှုပေးရမယ်ဆိုတာက တော်လှန်ရေးရဲ့ တာဝန်ဖြစ်တယ်ပေါ့နော်။

မေးအဓိက ဘယ်သူတွေမှာ တာဝန်ရှိတယ်လို့ ပြောလို့ရလဲ။

ဖြေအဓိကကလေ ဒီလိုမျိုးကျူးလွန်မှုတွေဖြစ်တယ်လို့ အပြောခံရပြီး အထူးသဖြင့်ကျူးလွန်ခံရတဲ့ ပြည်သူတွေဘက်ကနေ ပြီးတော့ ပြောလာပြီဆိုရင် အဓိကတော့ တပ်တွေကိုဦးဆောင်ကြတဲ့သူတွေက သေသေချာချာတာဝန်ယူပေးဖို့ အရေးကြီးတယ် ပေါ့နော်။ အဲတော့ လိုက်နာကျင့်သုံးရမယ့်မှု (Code of Conduct) တွေကို အကောင်းဆုံးဖြစ်အောင် ခုနကနိုင်ငံတကာ လူသားချင်းဆိုင်ရာဥပဒေ လူအခွင့်အရေးဆိုင်ရာဥပဒေတွေနဲ့ကိုက်ညီအောင် အထူးသဖြင့် စစ်မှုဆိုင်ရာဥပဒေ (Geneva Conventions) တွေနဲ့ ကိုက်ညီအောင်လို့ သူတို့သေချာချဖို့လိုတယ်။

အဲဒီပေါ်လဆီတွေကို အောက်ကရဲဘော်တွေက လိုက်နာဖို့လိုတယ်။ အဲလိုလိုက်နာဖို့ကိုလည်း အပေါ်က အရာရှိအဆင့်ဆင့် တာဝန်ရှိသူတွေက အမြဲတမ်းကြည့်ကြပ်ပေးရမယ်။ ဖြစ်ခဲ့ပြီဆိုလို့ရှိရင်လည်း လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ရမယ် ကိုယ့်တပ်ကဖြစ်တဲ့ကိစ္စကိုကိုယ်ကဘဲ စစ်ဆေးရေးလုပ်ပြီးတော့မှ မဟုတ်ဘူးလို့ပြောတယ်ဆိုတာက မြန်မာစစ်တပ်က တစ်သက်လုံး လုပ်ခဲ့တဲ့ကိစ္စ ဖြစ်တယ်။ အဲတော့ တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်လို ဖြစ်လို့မရဘူးပေါ့နော တာဝန်ယူမှု တာဝန်ခံမှုကိုတကယ်ကိုဘဲ ဂုဏျသိက်ခာရှိရှိနဲ့ပြည့်ပြည့်ဝဝနဲ့ တာဝန်ယူပေးဖို့လိုတယ်အကောင်အထည်ဖော်ပေးဖို့လည်တယ် လွတ်လပ်တဲ့အဖွဲ့အစည်းတွေကနေပြီတော့မှ လုပ်ပိုင်ခွင့်တွေပေးဖို့လိုတယ် သတင်းမီဒီယာတွေကိုလည်း ဒီအခြေအနေတွေမှာ စုံစမ်းစစ်ဆေးဖို့ အထူးသဖြင့်က ကုလသမ္မဂကို လုပ်ခွင့်ပေးဖို့လိုတယ်။ တချို့ဒေသတွေက တိုင်းရင်းသားဒေသတွေမှာ လွတ်မြောက်နယ်မြေအများကြီးဖြစ်လာပြီ  အဲတော့လွတ်မြောက်နယ်မြေအများကြီးဖြစ်လာတဲ့အခါမှာ နယ်စပ်ကနေပြီးတော့မှ နိုင်ငံတကာကနေပြီးတော့မှ ဒီလိုစုံစမ်းရေးတွေလုပ်ဖို့ အထူးသဖြင့် ကုလသမ္မဂကနေပြီးတော့မှာ စုံစမ်းစစ်ဆေးရေးတွေ လုပ်မယ်ဆိုရင်  အိမ်နီးချင်းနိုင်ငံနဲ့ တော်လှန်ရေးတပ်နဲ့ညှိနှိုုင်းပြီးတော့မှ လုပ်ခွင့်ပေးလို့ရတယ်ပေါ့နော အဲတော့ ကိုယ့်ဘက်ကတကယ်မှန်တယ်ဆိုရင် အဲလိုလုပ်ခွင့်ပေးတာက သူတို့အတွက် အရေးယူမှုဖြစ်ဖို့ တာဝန်ယူမှုတာဝန်ခံဖို့ဖြစ်ဖို့  နစ်နာဆုံးရှုံးသွားတဲ့ပြည်သူတွေအတွက် တရားမျှတမှုဖော်ဆောင်ပေးဖို့အဲတာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်

မေးလက်ရှိမှာလည်း တိုက်ပွဲဖြစ်ပွားတဲ့နယ်နိမိတ်ဧရိယာတွေ တဖြည်းဖြည်းကျယ်ဝန်းလာတဲ့အချိန် လူထုအနေနဲ့ကော ဘာတွေပြင်ဆင်သင့်လဲ။

ဖြေ – “လူထုက သူတို့ကိုယ်တိုင်ပြင်ဆင်ဖို့ ခက်ခဲပါမယ် တော်လှန်ရေးအဖွဲ့တွေက သူတို့ကိုယ်သူတို့တက်နိုင်သမျှ ကာကွယ်နိုင်ဖို့ လိုအပ်တဲ့သတင်းအချက်အလက် စနစ်တကျပြင်ဆင်ပေးဖို့ လက်တွေ့ကျတဲ့ ပြင်ဆင်မှုလေးတွေ စီစဉ်ဖို့လိုပါမယ်။ လိုက်နာ ကျင့်သုံးရမယ့် မူ (Code of Conduct) တွေကို သေချာအကောင်အထည်ဖော်ဖို့လိုတယ် NUG ERO PDFဒီတပ်တွေမှာ ဦးဆောင်ကျတဲ့ သူတွေအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ အရပ်ဘက်အဖွဲ့အစည်းတွေကနေပြီးတော့ လူအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတွေနဲ့ ပတ်သက်တဲ့ ဝိုင်းဝန်းအားဖြည့်ပါဝင်ပေးနိုင်တဲ့ ကိစ္စရပ်တွေကို သူတို့လက်ကမ်းကြိုဆိုသင့်တယ် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်သင့်တယ် ပေါ့နော

By – Hope

Show More

Related Articles

Back to top button