တိုက်ပွဲသတင်း

ပင်လည်ဘူးလက်မလွှတ်ရရေး စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်နေ

စစ်ကိုင်းနဲ့ကချင်အစပ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းရောမြေပြင်ကနေလူအင်အားထပ်မံဖြည့်တင်းထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

စက်တင်ဘာလ  ရက်နေ့ နဲ့  ရက်နေ့တို့မှာ ဝန်းသိုမြို့နယ်ဘက်ကနေ မြေပြင်စစ်ကြောင်းထိုးပြီးတက်လာပေမယ့် မြေပြင်စစ်ကြောင်းထိုးမရလို့ လေကြောင်းအသုံးပြုပြီး စစ်အင်အားထပ်ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။

ပင်လည်ဘူးမြို့ကမသိမ်းနိုင်သေးပါဘူးဗျ။ စစ်ကောင်စီဘက်က လေကြောင်းကနေ Mi 17  စင်းနဲ့ စစ်ကူ ထပ်ဖြည့်လို့တိုက်နေရတုန်းပါ။ ဝန်းသိုကလာတဲ့စစ်ကြောင်း မြေပြင်ကတိုးမရလို့ ဝေဟင်က ထိုးလာတာလို့ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ပင်လည်ဘူးမြို့နယ်ရဲ့နေရာအတော်များများကို KIA နဲ့ပူးပေါင်းအဖွဲ့ဘက်ကထိန်းချုပ်ထားပြီဖြစ်ပြီး စစ်ကောင်စီက မြို့တွင်းရဲစခန်းတွင်အဓိကနေရာယူပြီးခုခံနေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြော ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက စစ်ကိုင်းနဲ့ကချင်အစပ်ကမြို့တွေကို KIA အပါအဝင် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF  NUG လက်အောက်ခံ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက မြို့သိမ်းတိုက်ပွဲအဖြစ်ဆောင်ရွက်နေတာဖြစ်ပြီး ပင်လည်ဘူးမြို့နယ်လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။

စစ်ကိုင်းနဲ့ကချင်အစပ်က တိုက်ပွဲအခြေနေနဲ့ပတ်သက်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ပြောတာက

ကချင်နဲ့စစ်ကိုင်းအစပ်ဘက်ကတော့ ကျနော်တို့ KIO အနေနဲ့ကူညီနေတဲ့သဘောမျိုးပဲဖြစ်ပါတယ်။ တာဝန်ယူပြီးထိုးစစ်ဆင်နွှဲနေတာကတော့ NUG ရဲ့ အမှတ်  စစ်ဒေသဘက်က စစ်ဦးစီးမှုူးတွေပဲဖြစ်တော့ အသေးစိတ်တော့မသိရဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ  ရက်နေ့ကတော့ ပင်လည်ဘူးမြို့နယ်ထဲက လေကြောင်းနဲ့လာပို့ထားတဲ့ အင်အား ၈၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခု ကာကွယ်ရေးတပ်ဆီ လက်နက်ချအညံ့ခံခဲ့ပါသေးတယ်။

ဒါ့အပြင် ပင်လည်ဘူးမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်အကြား နှစ်စဉ်နှစ်တိုင်းတိုက်ပွဲပြင်းထန်နေတဲ့မြို့ဖြစပြီး ဒေသခံပြည်သူတွေက  ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ မြို့ပေါ်တိုက်ပွဲတွေကြောင့် ဘေးလွှတ်ရာကို ထွက်ပြေးခဲ့ရာကနေ ဒီနေ့ထိ ပြန်မလာတဲ့သူတွေများတယ်လို့ ဆိုပါတယ်။

ပင်လည်ဘူးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ တပ်ခစန်းတွေကို KIA နဲ့ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာ  ရက်နေ့ကနေ  ရက်နေ့အထိ တိုက်ခိုက်ခဲ့ပေမယ့် မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်တာတော့ မရှိခဲ့ပါဘူး။

ဒါကြောင့် KIA/KPDF ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ်တိုက်ပွဲထိုးစစ်ဆင်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီတစ်ကြိမ်ဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button