သတင်း

မြစ်ကြီးနား- တနိုင်းကားခ နှစ်ဆမြင့်တက်

ကချင်ပြည်နယ် မြစ်ကြီးနား တနိုင်းလီဒိုကားလမ်းပိုင်းပျက်စီးမှုကြောင့် လိုင်းကားစီးခ စျေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လမှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြစ်ကြီးနား တနိုင်းလီဒိုကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိမပြုပြင်နိုင်သေးတာကြောင့် ကားလမ်းပိုင်းသွားလာရခက်ခဲလို့ စျေးတက်လာတာလို့ မြစ်ကြီးနားမြို့ပေါ်ရောက်နေတဲ့ တနိုင်းဒေသခံ အမျိုးသားတစ်ဦး KNGကိုပြောပါတယ်။

အရင်ဆိုရင်  သောင်းရောက်တယ်မြစ်ကြီးနားအထိ အခုကမရတော့ဘူး။မြစ်ကြီးနားအထိ တစ်သိန်းနဲ့ဆင်းခဲ့ရတာ ဒါတောင်လမ်းမှာ နှစ်ညအိပ်ခဲ့တာရဗျ။ အရင်ကတစ်ရက်ခရီးပဲတစ်ညပဲအိပ်ရတယ်ဆိုရင်တောင်တော်သေးတယ် အခုက နှစ်ညအိပ်ရတာလို့ ပြောပါတယ်။

လက်ရှိ ကားလမ်းပိုင်းဆိုးဆိုးဝါးဝါး ပျက်ဆီးနေတဲ့နေရာတွေဟာ တနိုင်းမြို့အထွက် ယုဇနခြံအနီး၊ ဒွန်ဘန်ခရွာအနီးနဲ့ ရှဒူးဇွပ်ကျေးရွာ  နောင်းမှီကျေးရွာစတဲ့အနီးဝန်းကျင်နေရာတွေဖြစ်ပြီး အခုလိုလမ်းပိုင်းပျက်စီးနေတာကြောင့် တနိုင်း– မြစ်ကြီးနား အဆင်းကားခ  သောင်းမြင့်တက်ပြီး မြစ်ကြီးနား– တနိုင်းအတက် ကားခ လူတစ်ဦးကျပ် တစ်သိန်းကနေ တစ်သိန်း ငါးသောင်းအထိပေးရတယ်လို့ သိရပါတယ်။

မြစ်ကြီးနား– တနိုင်းကြားကလည်း အရင်က တစ်ရက်ခရီးသာဖြစ်ပြီး လက်ရှိလမ်းပိုင်းပျက်စီးသွားတဲ့နောက် နှစ်ညအိပ် သုံးရက်ခရီးဖြင့်သွားနေရတယ်လို့သိရပါတယ်။

လမ်းကတစ်လျောက်လုံးပျက်စီးနေတာလို့ပြောလို့ရတယ် တချို့နေရာတွေကအတော်ကိုဆိုးတယ်ကားတွေကို ဆင်နဲ့ဆွဲတင်ရတဲ့နေရာတွေရှိတယ် ညအိပ်ကတော့ ရှဒူးဇွပ်မှာတစ်ညအိပ်ရတယ်ပြီးတော့ နောင်းမှီကျေးရွာမှာတစ်ညအိပ်ရတယ်နှစ်ညတောင်အိပ်ရတာလို့ မြစ်ကြီးနားကို အဝေးသင်လာတက်တဲ့ တနိုင်းဒေသခံကျောင်းသူတစ်ဦးကပြောပါတယ်။

မြစ်ကြီးနား– တနိုင်း လီဒိုကားလမ်းပိုင်းဟာအများအားဖြင့် မြေသားလမ်းဖြစ်တာကြောင့် အခုလိုမိုးရာသီကာလမှာနှစ်စဥ် ကားလမ်းပိုင်းပျက်စီးတာမျိုးရှိပေမယ့် ဒီနှစ်ကအဆိုးရွားဆုံးဖြစ်နေတယ်လို့သိရပါတယ်။

တနိုင်းမြို့ဟာ မြစ်ကြီးနားမြို့နဲ့  မိုင် ၁၂၀ အကွာအဝေးမှာရှိပြီး ရွှေ၊ပယင်းထွက်ရှိတဲ့ နေရာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button