တိုက်ပွဲသတင်း

KIA ပူးပေါင်းတပ်သိမ်းထားတဲ့ စင်းခန်းရွာဘက်ကို စစ်တပ်က လေကြောင်းအကူနဲ့မြေပြင်စစ်ကြောင်းထိုးနေ 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် KIA ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ စင်းခန်ကျေးရွာဘက်ကို စစ်တပ်က လေကြောင်းအကူနဲ့ မြေပြင်စစ်ကြောင်းထိုးနေတယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့ကစပြိီး ရွှေကူကနေ အင်အား ၅၀ ဝန်းကျင်ရှိတဲ့ မြေပြင်စစ်ကြောင်းထိုးနေတာဖြစ်ပြီး တစ်ဆက်တည်း လေကြောင်းကလည်း ဆက်တိုက်ပစ်ကူနေတယ်လို့ ရွှေကူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

တိုက်ပွဲတော့ အဲလောက်မဖြစ်ဘူး သူတို့က ရွှေကူကနေ စစ်ကြောင်းထိုးလာတာ လေယာဉ်နဲ့ပစ်ပြီး စစ်ကြောင်းဆက်တိုက်ထိုးလာနေတယ်။ ကျနော်တို့ ဆုတ်ပေးရမယ့်အခြေနေဖြစ်နေတယ် ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ်လ နောက်ဆုံးအပတ်ကစပြီး မန္တလေးဂေါ်ဝိန်ဆိပ်ကမ်းကနေ စစ်လက်နက်တင်ထားတဲ့ သင်္ဘော  စီး၊ စားနပ်ရိက္ခာတင်ထားတဲ့ သင်္ဘော  စင်း နောက်ထပ် သံခွန်မော်တော်  စီး ဆန်တက်လာတာဖြစ်ပါတယ်။

မြစ်ကမ်းတစ်လျှောက် ကာကွယ်ရေးတပ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် သင်္ဘော  စင်းပျက်စီးသွားပေမယ့် သံခွန်မော်တော်ယာဉ်နဲ့တွဲပြီး ရွှေကူဆိပ်ကမ်းအထိ ဆန်တက်ထားနိုင်ပြီဖြစ်ပါတယ်။

စက်တင်ဘာလ  ရက်နေ့မှာတော့ သင်္ဘော  စင်းနဲ့သံခွန်မော်တော်ယာဉ်  စင်း ရွှေကူမှာရောက်ရှိလာပြီး ရွှေကူအထိုင်တပ်ဖြစ်တဲ့ ခမရ ၆၀၂ တပ်ရင်းဌာနချုပ်မှာ စစ်လက်နက်ရိက္ခာတွေ ပို့ချပေးပြီး ဒီနေ့ထိ ရွှေကူမှာရပ်နားထားဆဲဖြစ်ပါတယ်။

စစ်တပ်ရဲ့ သင်္ဘောတွေဟာ ဗန်းမော်ဘက်အထိ ဆန်တက်နိုင်တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်တွေခန့်မှန်းပြောဆိုနေကြပေမယ့် ရွှေကူကနေ ဗန်းမော်ဘက်ကို ဆန်တက်ဖို့ စင်းခန်းမြစ်ကူးတံတားကိုဖြတ်ရမှာဖြစ်ပါတယ်။

သို့သော် စင်းခန်းရွာအပါအဝင် စင်းခန်းတံတားအားလုံးကို KIA KPDF ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ မေလအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် ဗန်းမော်ဘက်ကို ဆက်ပြီးဆန်တက်နိုင်ဖို့  ရေကြောင်းထောက်ပို့လမ်းအသုံးပြုရာမှာ အရေးပါတဲ့ စင်းခန်းရွာနဲ့စင်းခန်းတံတားကို ထိန်းချုပ်နိုင်ဖို့လိုအပ်နေတဲ့အတွက် ခုလိုထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဗန်းမော်တက်ဖို့ စင်းခန်းတံတားကိုဖြတ်ရမှာ စင်းခန်းက KIA ဘက်က သိမ်းထားတော့ အဲမှာကျော်နိုင်ဖို့  ခုလိုစစ်ကြောင်းထိုးလာတာဘဲ။ နေအီမ်တစ်ချို့လည်းမီးလောင်ကုန်ပြီ ဒေသခံတွေတစ်ချို့ ပြေးကြပြီလို့ ပြောပါတယ်။

စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်နေတာကြောင့် နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးတာရှိတဲ့အပြင် စင်းခန်း၊မြလယ်၊ဇင်းဘုံ စတဲ့ ရွာက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ 

စင်းခန်းကျေးရွာဟာ ဗန်းမော် ရွှေကူနယ်ကြားက ဧရာဝတီမြစ်ကြောင်းပေါ်မှာရှိတာဖြစ်ပြီး စစ်ကောင်စီတပ်အတွက် ဗန်းမောက်၊ မံစီဘက်ကို ရေကြောင်းနဲ့ ထောက်ပို့လမ်းကြောင်းအသုံးပြုရာမှာ အရေးပါတဲ့နေရာမှာရှိနေတာဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button