တိုက်ပွဲသတင်း

ကွတ်ခိုင်မြို့ Asia World တိုးဂိတ်အနီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲ ပြည်သူတစ်ဦးသေဆုံး

ရှမ်းမြောက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်းထပ်ပြီးဗုံးကြဲလို့ အရပ်သားပြည်သူတစ်ဦးသေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာ  ရက်နေ့ ဒီမနက်  နာရီခွဲဝန်းကျင် ကွတ်ခိုင်ကနေ မူဆယ်ဘက်သွားတဲ့လမ်း Asia World တိုးဂိတ်အနီးတဝိုက် လေယာဉ်နဲ့ ဗုံး  ကြိမ်ကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦး KNG သတင်းဌာနကို ပြောပါတယ်။

လူတော့ တစ်ဦးသေတယ် အရင်က မူးယစ်ရုံးတွေ၊ Asia Worl အနီးတဝိုက်ကို လာချတာဟုတ်တယ်။ ပြီးတော့ ပြည်သူတွေနေတဲ့ ရပ်ကွက်ဘက်မှာလည်း တစ်လုံးကျတယ်။ အဲဘက်တော့ လူဘာမှမဖြစ်ဘူး။မီးဖိချောင်ပျက်စီးသွားတယ်။ TNLA တွေအဓိကနေတဲ့ နေရာမှာတော့ နောက်ထပ်တစ်ဦးထိတယ်။ ပြည်သူလား ဘာလားသေချာမသိရဘူး” လို့ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်းမသိရသေးသလို စစ်ဘက်ဆိုင်ရာ ယူနီဖောင်းဝတ်ဆင်ထားခြင်းမရှိဘူးလို့ သူမကပြောပါတယ်။

ဒီမနက် ဗုံးကြဲချခံရတဲ့နေရာတွေဟာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေ အဓိကတပ်ချနေထိုင်ရာနေရာတွေမှာဖြစ်တယ်လို့ သိရပြီး သတင်းပေးမှုကြောင့် လာရောက်ဗုံးကြဲခြင်းဖြစ်နိုင်လို့ ဒေသခံတွေဘက်က ခန့်မှန်းပါတယ်။

သတင်းပေးမှုကြောင့် လာပစ်တယ်လို့ ယူဆရတယ်။ ပြီးခဲ့တဲ့ ရက်က ဒီဘက်ကို လက်နက်ကိုင်တပ်ဖွဲ့ဘက်က လူကြီးတစ်ဦးဦးရောက်သလို သတင်းတွေပျံ့နှံ့နေတာဟုတ်တယ်။ အဲလိုကြားတာနဲ့ ဒီလိုဗုံးလာချတာဆိုတော့ သတင်းကြားတာကြောင့်သတင်းပေးမှုကြောင့်လို့ပဲ ယူဆပါတယ်။ အခုသူတို့ ဗုံးချတဲ့နေရာကလည်း TNLA တွေပဲ အဓိက တပ်ချနေတဲ့နေရာဖြစ်တယ်လို့ ကွတ်ခိုင်ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းမှာလည်း ကွတ်ခိုင်မြို့ပေါ် နဲ့ မြို့မစျေးတစ်ခုလုံးကို စစ်ကောင်စီလေကြောင်းနဲ့  ရက်လောက် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ ကွတ်ခိုင်မြို့မစျေးတစ်ခုလုံး ထိခိုက်ပျက်စီး မီးလောင်ပြာကျသွားကာ အရပ်သားလည်း ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

စက်တင်ဘာလ လဆန်းပိုင်းကစပြီး ရှမ်းမြောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ကိုးကန့် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိန်းချူပ်နေတဲ့ဒေသနေရာဒေသတွေကို စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး အဓိက အများပြည်သူနဲ့သက်ဆိုင်ရာ ဘာသာရေးအဆောက်အဦးတွေ များစွာထိခိုက်ပျက်စီးမှုရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း စစ်တပ်ရဲ့လေကြောင်းရန်ကနေ ကာကွယ်ရန်နဲ့ အရပ်သားနဲ့သက်ဆိုင်တဲ့ နေရာတွေ၊ ဘာသာရေးအဆောက်အဦးတွေနားမှာ တပ်ချနေထိုင်တာမျိုးတွေရှောင်ရှားပေးရန် ရှမ်းမြောက်ပြည်သူလူထုတွေတောင်းဆိုနေကြပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button