နယ်ခြားစောင့်တပ် BGF ရဲ့ နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို KIA သိမ်းပိုက်
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့ မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်တလောမှာတော့ အမှတ် ၁၀၀၁ တပ်စခန်းအနီးတစ်ဝှိုက်ပစ်ခတ်မှုတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။
“၁၀၀၁ ကတော့ကျသွားပြီ ဒါပေမဲ့ အဲ့ဒီကနေဆုတ်သွားတဲ့ တပ်ဖွဲ့တွေနဲ့ KIA နဲ့က ပစ်ခတ်မှုတွေဖြစ်နေ တုန်းပဲ။ လောလောဆယ်တော့ အဲ့ဒီအနီးနားတစ်ဝှိုက်ကရွာတွေကတော့ ရှောင်ကုန်၊ပြေးကုန်ကြပြီပေါ့”လို့ ပြောပါတယ်။
အမှတ် ၁၀၀၁ ဌာနချုပ်တပ်ရင်းဟာ ဖီမော်မြို့ပေါ်နဲ့ ဆိုင်ကယ်နဲ့ဆိုရင် ၁နာရီကျော်လောက်သွားရတဲ့အကွာ အဝေးမှာရှိပြီး ဖီမော်မြို့ပေါ်ဒေသခံတွေအပါအဝင် အဲ့ဒီအနီးတစ်ဝှိုက်ဒေသခံတွေကတော့ ဘေးလွှတ်ရာတွေ မှာ တိမ်းရှောင်နေကြရတယ်လို့ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ပြန်ကြားရေးတာဝန်ခံကတော့ ဖီမော်မြို့စောင့်တပ်ဖြစ်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်သိမ်းပိုက်တဲ့အခြေနေနဲ့ပတ်သက်လို့ KNG ကို ဒီကနေ့မနက်ပိုင်း ၈ နာရီ ဝန်းကျင်မှာ အခုလိုပြောပါတယ်။
“ဖီမော်သိမ်းတာကတော့ ကျနော်တို့တရားဝင်မကြားရသေးဘူး။ လူမှုကွန်ယက်မှာပြန့်တာကိုပဲတွေ့တယ်။ တရားဝင်တော့သတင်းပို့တာမရှိသေးဘူး။ တိုက်ပွဲအခြေနေလည်း အသေးစိတ်တော့ မသိဘူး။”လို့ပြောပါတယ်။
တစ်ဖက်မှာ ဖီမော်ဒေသအတွင်းမှာရှိတဲ့ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းတွေကတော့ဆက်လက်လည်ပတ် နေပြီး ဖီမော်မြို့ပေါ်နယ်စပ်ဂိတ်မှာလည်း ကျောက်ဖြူလုပ်ငန်းကားတွေသာ သွားလာခွင့်ရှိနေတယ်လို့ သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIAဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးအပတ်ကစတင်ပြီးတော့ ကချင် အထူးဒေသ ၁ နယ်မြေတွေထဲက စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး ဆဒုံး၊ချီဖွေ၊ ပန်ဝါ၊ ဆော့လော်မြို့တွေအပါအဝင် ၁၀၀၂လုပ်ီတပ်ရင်း၊ ၁၀၀၃ စင်ကြိုင်တပ်ရင်းဌာနချုပ်အားလုံးကို KIA က ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။
By – အမိုး