ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာ အိမ်မွေးတိရစ္ဆာန်ပါမကျန် ခိုးယူခံနေရ
ကချင်ပြည်နယ် ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာ အိမ်မွေးတိိိရိစ္ဆာန်ပါမကျန် ခိုးယူခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပူတာအိုမြို့အနီးတစ်ဝိုက် ကျေးရွာတွေဖြစ်တဲ့ လယ်မော်ဝါကျီ၊နမ်ရှယ်၊နာမ်ရှယ်ကော့၊ခင်ဖန်စတဲ့ကျေးရွာတွေမှာ အိမ်ဖောက်ထွင်းခိုးခံရတဲ့အပြင် အိမ်မွေးတိရိစ္ဆာန်မကျန် ခိုးယူခံနေရတယ်လို့ နာမ်ရှယ်ကော့ကျေးရွာနေအမျိုးသားတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ရွာထဲမှာဆိုခနခနပဲ ကြက်ခိုးခံရတာနဲ့ဆိုင်ကယ်ပျောက်တာနဲ့ကြက်ဆိုခနခနခိုးခံရတယ်ပြီးခဲ့တဲ့အပတ်ကဆို ကြက်ခြံတစ်ခုမှာဝင်ခိုးတာ sunday နေ့မှာဟုတ်တယ် ကြက်မတစ်ကောင်ပဲ ကျန်တယ်။ အကောင် သုံးဆယ်ကျော်ခိုးသွားတယ်။ပြီး တော့ ဝက်လည်းပျောက်တယ် ခနနပဲ”လို့ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦး ကပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့အပတ်ထဲမှာလည်း နာမ်ရှယ်ကျေးရွာထဲက ကျောင်းဆရာမတွေနေတဲ့အဆောင်ဖောက်ထွင်းခံရပြီး လက်ကိုင်ဖုန်း(ခလုတ်ဖုန်း)၊ပါဝါဘတ်နဲ့ ငွေသားတွေခိုးယူခံလိုက်ရတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသားကဆက်ပြောပါတယ်။
“ဆရာမတွေနေတဲ့အိမ်တောင်ဝင်ခိုးသွားတယ်လူလစ်တဲ့ချိန်ဝင်ခိုးတာ ပိုက်ဆံက ကျောင်းရံပုံငွေတွေဆယ်သိန်းကျော်ခိုးသွားတယ်ပြီးတော့ဆရာတွေရဲ့ဖုန်းနဲ့ ပါဝါဘတ်တွေပါသွားတယ် မိတဲ့ခိုးတဲ့လူကိုတော့ အခုအချုပ်ခန်းပို့လိုက်တယ်”လို့ နောက်ထပ် ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။
ကျောင်းဆရာမတွေရဲ့နေအိမ်ဖောက်ထွင်းခိုးယူသူနှစ်ဦးဟာ နမ်ရှယ်ကျေးရွာနေ အသက် ၂၀ ကျော်အမျိုးသားတစ်ဦးနဲ့အသက် ၃၀ ကျော်အမျိူးသားတစ်ဦးတို့ဖြစ်ပြီး ကျေးရွာတာဝန်ရှိသူတွေကဖမ်းဆီးကာပူတာအိုမြို့မရဲစခန်း ရှိချုပ်ခန်းမှာပို့ဆောင်ထားတယ်လို့သိရပါတယ်။
ဒါ့အပြင် ပူတာအိုမြို့နဲ့ တစ်မိုင်လောက်သာဝေးတဲ့ခင်ဖန်ကျေးရွာထဲမှာလည်း ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းဖောက်ထွင်းခံရပြီး အသင်းတော်ပိုင်အလှူတွေခိုးခံရတဲ့အထိဖြစ်ခဲ့ဖူးတယ်လို့ ရွာခံအမျိုးသားတစ်ဦးကပြောပါတယ်။
“အလှူပုံတွေကဘုရားကျောင်းထဲမှာပဲသော့ခတ်ပြီးထားတာလေး အသင်းတော်ပိုင်ပစ္စည်းတွေဘုရားအလျှူငွေတော့မခိုးလောက်ဘူးထင်တာ အလှူပုံးပါဖောက်တာ တစ်လနီးပါးလျှူထားတဲ့အလျှူတွေအကုန်ခိုးသွားတယ်လေး”လို့ သူကပြောပါတယ်။
အထက်ဖော်ပြပါခိုးမှုတွေအပြင် ကျေးရွာတွေထဲကဆိုင်ကယ်တွေခိုးခံရတာ၊ ရေတွင်း၊ရေကန်တွေ မှာတပ်ထားတဲ့ ရေစုတ်စက်(ရေမော်တာ) တွေခိုးခံရတာအပြင် အခြားတန်ဖိုးကြီး ပစ္စည်းခိုးခံရတာတွေမကြာခနဖြစ်ပွားနေတယ်လို့ဒေသခံတွေကဆိုပါတယ်။
ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာအခုလိုခိုးမှုတွေမကြာခနဖြစ်ပွားလာနေတာဟာ ရဲတပ်ဖွဲ့က ထိထိရောက်ရောက်အရေးယူဖမ်းဆီးတာတွေမရှိသလို ကျေးရွာတာဝန်ရှိသူတွေထိန်းသိမ်းထားတဲ့တရားခံတွေကိုပါ လာရောက်ဖမ်းဆီးပေးတာမျိုးမရှိတာကြောင့် အခုလိုဖြစ်နေတာလို့ ပူတာအိုမြိုအခံအမျိုးသားတစ်ဦးKNG ကိုပြောပါတယ်။
“သူခိုးဖမ်းမိထားတယ်လို့ဖုန်းဆက်ရင်တောင်လာမဖမ်းဘူး။ ပြီးတဲ့ခဲ့နှစ်ပတ်လောက်ကထင်တယ် နာမ်ရှယ်ကော့မှာကြက်သူခိုးနှစ်ယောက်မိတာ ရဲကမနက်စောစောလာခေါ်မယ်ပြောလို့တစ်ညလုံး ထိပ်တုံးခတ်ထားတာမလာခေါ်လို့နောက်နေ့ညပြန်လွတ်ပေးလိုက်ရတယ် ရဲကမဖမ်းတော့ သူခိုးလည်းသောင်းကြမ်းချင်သလိုသောင်းကြမ်းနေတာ”လို့သူကပြောပါတယ်။
ပူတာအိုဒေသမှာ ၂၀၁၆၊၂၀၁၇ ခုနှစ်မတိုင်ခင်အထိ ခိုးဆိုးလုယက်မှုတွေမရှိသလောက်နည်းပါးပေမယ့် အဲ့ဒီနောက်ပိုင်း ဒေသတွင်းမှာ ဘိန်းဖြူ၊ယာမနဲ့အခြားမိုးယစ်ဆေးဝါးတွေကျယ်ကျယ့်ပြန့်ပြန့်ဝင်ရောက်လာတဲ့နောက် မူးယစ်ဆေးဝါးသမားတွေများလာလို့အခုလိုခိုးယူမှုတွေများလာတာလို့သိရပါတယ်။
By – Zaw Zaw