သတင်း

မန္တလေး – မြစ်ကြီးနား လမ်းမပေါ် ရှိ ကာကွယ်ရေးတပ်ရဲ့အခွန်ဂိတ် တိုက်ခိုက်ခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနဲ့ ခရီးသွား ၄ ဦးသေဆုံး

မန္တလေးမြစ်ကြီးနား ဗျူဟာလမ်းပိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာအနီးက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး နဲ့ ခရီးသွား ၄ ဦးသေဆုံးခဲ့ရတယ်လို့ ကားသမားတွေဆီကသိရပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်း ၇ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ကာကွယ်ရေးတပ်ဂိတ်တစ်ခုကို တိုက်ခိုက်ခဲ့ရာကနေ မန္တလေးကသာပြေးဆွဲနေတဲ့ အံစာတုံးကားတစ်စီး ဒရုန်းဗုံးသီးထိမှန်ကာ အရပ်သား ခရီးသွားတွေပါသေဆုံးခဲ့ရတာလို့ ကားသမား တစ်ယောက်ကအခုလိုပြောပါတယ်။

မြစ်ကြီးနားမန္တလေးကားလမ်းတစ်နေရာပဲ ရွှေဘိုအကျော်ပေါ့ စစ်တပ်က ဒရုန်းလာချတာ PDF ဂိတ်ကို ကျနော်တို့ကားဝင်းထဲကပဲ မိတ်ဆွေထိသွားတာ ကားနောက်လိုက်တစ်ယောက်နဲ့ PDF တစ်ယောက်ရော အပါ ၅ ယောက်သေသွားတယ်လို့သိရတယ်လို့ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၂၀ ဝန်းကျင်အရွယ် ကားနောက်လိုက်အမျိုးသားတစ်ဦး၊ သံဃာတော်တစ်ပါး၊ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးတို့သေဆုံးခဲ့ရတာလို့ သိရပါတယ်။

ဒါ့အပြင် ဒီဖြစ်စဥ်မှာ ကားပေါ်လိုက်ပါလာတဲ့ ခရီးသွား ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကားသမားတွေကပြောပါတယ်။

ကန့်ဘလူမြို့နယ်သတင်းတွေကိုဖော်ပြပေးနေတဲ့ ကျွန်းလှမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ ဒရုန်း ဗုံးကြဲချတိုက်ခိုက်ခဲ့တာဟာ ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက် အထိုင်စစ်ကောင်စီတပ်နဲ့ပျူစောထီးတပ် ဖွဲ့ဝင်တွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒရုန်းဗုံးသီးထိမှန်ခဲ့တဲ့ အန်စာတုံးကားကတော့ မန္တလေးကသာပြေးဆွဲနေတဲ့ ငွေအိုးမန်းအမည်ရှိတဲ့ ကားလို့ သိရပြီး မြစ်ကြီးနားမန္တလေး ကားလမ်းမပေါ်မှာ အခုလိုဖြစ်စဥ်မျိုးပြီးခဲ့တဲ့ စက်တင်ဘာလကလည်းဖြစ် ပွားခဲ့ဖူးပါတယ်။

စက်တင်ဘာလ ၂၇၊ ၂၈ ရက်နေ့တွေမှာ မန္တလေးမြစ်ကြီးနာဗျူဟာလမ်းမပေါ် ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတစ်ချို့ စစ်ကောင်စီတပ်ရဲ့ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရီးသွား ၆ ဦးနဲ့ ဒေသခံတစ်ချို့သေဆုံး ခဲ့ရပါသေးတယ်။

By – အမိုး

Show More

Related Articles

Back to top button