မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

တောင်ကျချောင်းရေကြောင့် ပူတာအိုမှာ လယ်ဧက ၁၀၀ ခန့်ပျက်စီး

ကချင်ပြည်နယ်၊ ပူတာအိုမြို့ထဲက ကျေးရွာတစ်ချို့မှာ တောင်ကျချောင်းရေတိုက်စားမှုကြောင့် စပါးစိုက်ပျိုးထားတဲ့ လယ်ဧက ၁၀၀ ဝန်းကျင်ခန့်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။

စက်တင်ဘာလ ပထမအပတ်ကစပြီး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပူတာအိုမြို့နဲ့အနောက်ဘက် မြို့နဲ့ ၁၅ မိုင်နီးပါးဝေးတဲ့ မန်စေခွန် ကျေးရွာအုပ်စုထဲမှာ ချောင်းရေ ကြီးတာ၊တောင်ကျချောင်းရေ တိုက်စားတာတွေကြောင့် လယ်ဧက ၁၀၀ ခန့်ပျက်စီးသွားကြောင်း ပူတာအိုမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

လယ်က တောင်ခြေနဲ့နီးတယ် ချောင်းရေကလည်းကြီး တောင်ကျချောင်းရေတွေလည်း ချောင်းရေလိုပဲကြီးလာတာ။ မိုးက ဆက်တိုက်ရွာလိုက်တော့ မန်စေခွန်အုပ်စုတကြောလယ်တွေရစရာမရှိတော့ဘူးအားလုံးမြှုပ်သွားတယ်လို့ အသက် ၅၀ ဝန်းကျင်အရွယ်အမျိုးသားတစ်ဦးပြောပါတယ်။ 

ဒေသခံတွေပြောချက်အရ မန်စေခွန်အုပ်စုဘက်မှာမိုးတွေဆက်တိုက်ရွာသွန်းခဲ့တာကြောင့် စက်တင်ဘာလ ၁၆ ရက်နေ့မှာ တောင်ပေါ်ကနေမြေပြိုပြီး တောင်ချရေတွေလယ်ကွင်းထဲကိုဝင်ရောက်လာတာ၊ လယ်ကွင်းနံဘေးချောင်းရေကြီးတာတွေကြောင့် မန်စေခွန်ကျေးရွာအပါ ရွာပေါင်း ၅ ရွာရှိ လယ်မြေဧက ၁၀၀ ဝန်းကျင်နှစ်မြှုပ်ပျက်စီးသွားကြောင်းသိရပါတယ်။

လယ်ကနှုန်းမြေဖုံးသွားတာ စပါးပင်တောင်မမြင်ရတော့ဘူး မန်စေခွန်ရယ် စထီလော့ ၁နဲ့ ၂ ရယ် နမ်ဖန်ရယ်အဲ့ရွာတွေဟုတ်တယ် လီဆူရွာနဲ့ရှမ်းရွာတွေပေါ့လို့အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

တောင်ကျရေကြောင့်ပျက်စီးသွားတဲ့ လယ်ယာထဲမှာ မန်စေခွန်၊ စထီလော့ ()၊ စထီလော့ ()၊ နမ်ဖန်၊တထိန်ဒမ်းစတဲ့ရွာခံတွေရဲ့လယ်ယာ မြေတွေပါဝင်ပြီး ပျက်စီးဆုံးရှုံးမှုနဲ့လယ်ဧကစာရင်းနဲ့ လယ်ပိုင်ရှင်ဦးရေကိုတော့ တာဝန်ရှိသူတွေစီစစ်နေဆဲ ဖြစ်ကြောင်းသိရပါတယ်။

လယ်ရှိလယ်စပါးဧက ၁၀၀ ဝန်းကျင်ပျက်စီးသွားတဲ့ကျေးရွာတွေဟာ လယ်ယာစိုက်ပျိုးပြီး အသက်မွှေးဝမ်းကြောင်းပြုနေတဲ့ တောင်သူတွေဖြစ်တာကြောင့် လာမယ့်နှစ်အငတ်ဘေးကြုံနိုင်သလို ပျက်စီးသွားတဲ့လယ်တွေကိုပြန်လည်ပြုပြင်ထိန်းသိမ်းဖို့အကူအညီတွေလိုအပ်နေကြောင်းလည်းသိရပါတယ်။

လာမယ့်နှစ်ကတော့ငတ်ရင်ငတ်ပါ့ဒါပေမယ့်နောက်နှစ်တွေအထိမဖြစ်ရအောင်ဒီလယ်တွေကိုပြန်ဖော်ဖို့သက်ဆိုင်ရာကနေကူညီပေးစေချင်တယ်။ ဘာလို့ဆိုတစ်ရွာလုံးရဲ့လယ်တွေပျက်စီးသွားတဲ့အတွက် ရွာခံတွေပဲ ပြန်ဖော်ကြဖို့ကမလွယ်ဘူး သက်ဆိုင်ရာကူညီပေးမှရမှာလို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

တောင်ကျချောင်းရေနဲ့ ချောင်းရေကြီးမှုကြောင့်အခုလို စပါးခင်းတွေအများအပြားပျက်စီးခဲ့သလို အိမ်မွေးတိရစ္ဆာန် နွား၊ကျွဲတွေလည်းအများအပြားသေဆုံးခဲ့ကြောင်းသိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပူတာအိုမြို့အနောက်ဘက် အထက်ဆန်ကောင်ဘက် မှာ ပါတိတ်ချောင်းရေကြီးမှုကြောင့် တံတားငယ်တွေပျက်စီးတာ၊လူနေအိမ်ခြံဝင်းတွေရေတိုက်စားတာ စတဲ့ပျက်စီးဆုံးရှူံးမှုတွေဖြစ်ခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button