သတင်း

မြစ်ကြီးနားမှာ နယ်ထိန်းရဲတွေက မူးယစ်ဆေးရောင်းသူများကို ဒဏ်ရိုက်ပြီး ပြန်လွတ်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့် ဒဏ်ငွေရိုက်ရုံမျှသာလုပ်ပြီး ပြန်လွှတ်ပေးနေတယ်လို့ တပ်နဲ့နီးစပ်သူများထံမှသိရပါတယ်။

မြစ်ကြီးနားမြို့တွင်း နယ်ထိန်းရဲခေါင်းဆောင်တွေဖြစ်တဲ့ ဖြိုးကိုကို၊ ကိုနေဖြိုး  ရဲဒုတပ်ကြပ် မောင်မောင်ကြီး၊ ရဲဒုတပ်ကြပ် ဇော်ဝင်းမိုး၊ တပ်သား ကျော်ထွေးအောင်တို့ဟာ ရမ်ပူ၊ယုဇန၊ခေမာသီရိရပ်ကွက်ရှိ မူးယစ်ဆေးဝါးရောင်းချတဲ့နေအိမ်တွေမှာ ဝင်ရောက်စစ်ဆေးတာတွေလုပ်နေပေမယ့် ပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆိးခြင်းမပြုပဲ ပြန်လွတ်ပေးနေတာလို့ တပ်နဲ့နီးစပ်တဲ့အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။

နယ်ထိန်းခေါင်းဆောင် ကိုနေဖြိုးအပါအဝင် ယုနဇ ရပ်ကွက်ထဲက မူးယစ်ရောင်းတဲ့သူစီက သိန်း (၅၀၀တောင်းသွားတယ် ဟိုနေ့က  အရင်လက ရမ်ပူရပ်ကွက်မှာလည်း အတူတူပဲ သိန်း ၂၈၀ ပေးပြီးပြန်လွှတ်ပေးတာ။ အရပ်စကားနဲ့ပြောမယ်ဆိုရင် ဖားရိုက်နေကြတာပေါ့လေလို့ ပြောပါတယ်။

အမှတ်(နယ်ထိန်းခေါင်းဆောင် ဖြိုးကိိုကိုအပါအဝင် အထက်မှာဖော်ပြထားတဲ့ ရဲတပ်ဖွဲ့ဝင်  ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း ရမ်ပူရပ်ကွက် မူးယစ်ဆေးရောင်းတဲ့နေအိမ်တစ်အိမ်ဝင်စစ်ပြီး ငွေသိန်း ၂၈၀၊အိမ်စီးကား၊ ဘိန်းဖြူနဲ့တစ်ခြားမူးယစ်ဆေးဝါးတွေကိုဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးသိမ်းသွားတဲ့အိမ်စီးကားကို ရပ်ကွက်ထဲမှာစီးနေတဲ့အတွက် ကားပိုင်ရှင်ဘက်မှတိုင်ကြားဖို့ပြင်ဆင်လာချိန် ကားကိုလည်းထပ်ရောင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့မှာလည်း ခေမာသီရိရပ်ကွက် မူးယစ်ဆေးရောင်းတဲ့နေအိမ်တစ်အိမ်ကို ရဲကား  စီးနဲ့ရောက်လာပြီး ငွေကျပ် သိန်းတစ်ရာဒဏ်ရိုက်သွားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် နယ်ထိန်းခေါင်းစဉ်အဖွဲ့တွေဟာ မြစ်ကြီးနားမြို့ထဲ နှစ်လုံး၊ သုံးလုံးရောင်းသူတွေ  မူးယစ်ဆေးဝါးရောင်းသူတွေကို နယ်မြေခံရဲတပ်ရင်း၊ တပ်ရင်း (၃၀ မူးယစ်တားစီးရေး ရဲတပ်ဖွဲ့တွေပေါင်းပြီး ချဲဒိုင်အသေး၊အကြီးပေါ်မှုတည်ကာ ငွေကြေးတောင်းခံတာတွေလုပ်နေတယ်လို့ သိရပါတယ်။

မဖမ်းဘူး လုံးဝ မဖမ်းဘူး ကျနော်တို့ဖြစ်စေချင်တာမြစ်ကြီးနားမြို့ထဲက မူးယစ်ဆေးရောင်းတဲ့သူတွေဆိုထိထိရောက်ရောက်ဖမ်းဆီးပေးရမှာလေ ခုသူတို့လုပ်ပုံက ငွေလေးယူလိုက်ပြန်ရောင်းခိုင်းလိုက်နဲ့စီးပွားရှာခိုင်းနေတာလို့ ရမ်ပူရပ်ကွက်နေ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။

မြစ်ကြီးနားမြို့ဒေသခံတွေလိုလားတာက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ရဲ့မြို့တော်မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှု တစ်နေ့ထက်တစ်နေ့ပိုပြီး ဆိုးရွာလာနေသလို မြို့ပေါ်ရပ်ကွက်တွေမှာ လောင်းကစားဝိုင်းအသေး၊အကြီး စုစုပေါင်း ၅၀ ဝိုင်းခန့်ရှိတယ်လို့ တပ်နဲ့နီးစပ်သူကဆက်ပြောပါတယ်။

လောင်းကစားဝိုင်းက ၅၀ လောက်ရှိတယ်။ အဲဒါကသူတို့ရဲ့ပုံမှန်ဝင်ငွေရတဲ့နေရာတွေလေ အားလုံးပေါင်းပြီးလုပ်စားနေကြတာလို့ ပြောပါတယ်။

ခုလိုမူးယစ်ဆေး၊လောင်းကစားဝိုင်းများလာတာနဲ့အတူ ခိုးမှု၊ဓါးပြမှု၊လုယက်မှုတွေကလည်း နေ့စဉ်နဲ့ဖြစ်နေပါတယ်။

ဒါ့အပြင် ရဲ့တပ်ဖွဲ့ဝင်တွေဟာ   နာရီဝန်းကျင် လမ်းဆုံ၊လမ်းခွတွေမှာစောင့်နေပြီး လမ်းသွားလမ်းလာလူငယ်တွေကို အကြောင်းမဲ့ခြိမ်းခြောက်ကာ ငွေတောင်းတာတွေလုပ်နေတယ်လို့လည်း သိရပါတယ်။

By – CJ

Show More

Related Articles

Back to top button