လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဗန်းမော်မြို့တစ်ဖက်ကမ်း ရွှေလုပ်ကွက်နေရာ နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၃ ဦးသေဆုံး

ကချင်ပြည်နယ် ဗန်းမော်မြို့ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်းရှိ မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာတွေနားက ရွှေလုပ်ကွက်နေရာတစ်ချို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Banmaw Scout Team ကသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ မနေ့က ဒီဇင်ဘာလ  ရက်နေ့ နှစ်ရက်ဆက်တိုက် ဗန်းမော်မြို့ရဲ့တစ်ဖက်ကမ်းမှာ ရှိတဲ့ ရွှေလုပ်ကွက်နေရာတွေကိုလေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ  ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူက လူဦးရေ ၃၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ‌စက်လှေနဲ့စက်ပစ္စည်းတစ်ချို့လည်းပျက်ဆီးခဲ့ရတယ်လို့ Banmaw Scout Team အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။

တစ်နေ့ကတော့ကြဲသွားတာကနှစ်စီးပေါ့ အဲ့နှစ်စီးက ဗုံးချတယ် လေယာဥ်မှာပါတဲ့သေနတ်နဲ့ပစ်တယ်။ အဲ့မှာ လူသုံးယောက် သေဆုံးသွားတယ်။ ပြီးသွားရင် စက်ပစ္စည်းတွေပျက်ဆီးသွားတယ်။ ဒဏ်ရာရတဲ့သူကလည်း ၃၀ ဝန်းကျင်လောက်တော့ရှိတယ်လို့ Banmaw Scout Team တာဝန်ခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် မနေ့ကနေ့လည်ပိုင်း  နာရီဝန်းကျင်လောက်မှာလည်း အဆိုပါ မိုးစိမ်းကျွန်းအနီးက ရွှေလုပ်ကွက်တစ်ဝှိုက်ကို လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ထပ်မှန်ပြုလုပ်ခဲ့တယ်လို့ပြောပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုမှာတော့ လူထိခိုက်သေဆုံးမှုတစ်စုံတစ်ရာမရှိခဲ့ဘဲ ရွှေဖောင်နှစ်စီးတော့ထိခိုက် ပျက်ဆီးခဲ့ရတယ်လို့ Banmaw Scout Team အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

မနေ့ကတိုက်ခိုက်မှုလည်းဒီပုံစံပါပဲဗျ။ ဒီရွှေလုပ်ကွက်တစ်ကွက်ကိုပဲတိုက်ခိုက်တာ။ တစ်နေ့ကကြဲခံရတဲ့အနားဝန်းကျင်ပါပဲ။ ဗုံးချတယ်။ သေနတ်နဲ့ပစ်သွားတယ်အဲ့ပုံစံပါပဲလို့အထက်ပါ Banmaw Scout Team အဖွဲ့ရဲ့တာဝန်ခံကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကချင်လွပ်လပ်ရေးတပ်မတော် တို့အကြားကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်အပါအဝင်၊ ကျောက်စိမ်းမြို့တော် ဖားကန့် နဲ့ အချက်အချာကျတဲ့ ဝိုင်းမော်မြို့တွေမှာ ၂၀၂၅ ခုနှစ်နှောင်းပိုင်းကာလတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပါတယ်။

အဲ့ဒီထဲမှာမှ ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်မြို့နှစ်ဖက်တိုက်ပွဲကအပြင်းထန်ဆုံးဖြစ်တယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံဦးနော်ဘူက ပြီးခဲ့တဲ့ရက်သတ္တပတ်တွေထဲမှာ မီဒီယာတွေကိုဖြေကြားခဲ့ဖူးပါတယ်။

By – အမိုး

Show More

Related Articles

Back to top button