သတင်း

ပူတာအိုမြို့အထွက် ပြည်သူ့စစ်ဂိတ်ကို အချိန်ကန့်သတ်နဲ့ဖွင့်ပေးနေတာကြောင့် ဒေသခံတွေအခက်တွေ့

ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်မှာ ဂိတ်ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားတာကြောင့် ဒေသခံတွေသွားလာရေးမှာ အခက်တွေ့နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ပူတာအိုမြို့အထွက် ဂျူဗလီရပ်ကွက်က ပူတာအိုနောင်မွန်ခေါင်လန်ဖူးလမ်းဆုံမှာထိုင်ထားတဲ့ ပြည့်စစ်ဂိတ်မှာ   နာရီအထိသာဖြတ်သန်းသွားလာခွင့်ပြုထားတဲ့အတွက် မြို့ခံပြည်သူများ လမ်းသွားလမ်းလာအခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။

ဂိတ်ကမြို့ပြင်ဘက်ကျပေမယ့် ဟိုဘက်ကမှာ လူနေအိမ်တွေအများကြီးရှိတယ် ဟိုဘက်ရပ်ကွက်ဒီဘက်ရပ်ကွက်သွားသွားလာလာအခက်အခဲတော့ဖြစ်တာပေါ့။   နာရီဆိုရင် ဂိတ်ပိတ်တယ်။ မနက်လည်း  နာရီနောက်ပိုင်းမှာဖွင့်တယ် တစ်ခါတလေ စစ်ဆေးမေးမြန်းတာမျိုးလည်းလုပ်တယ်လို့ ပူတာအိုမြို့ခံအသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် အဲဒီပြည်သူ့စစ်ဂိတ်မှာ ပူတာအိုကနေ နောင်မွန်၊ခေါင်လန်ဖူး၊မချမ်းဘော့ဘက်တက်တဲ့ ကုန်ကားတွေနဲ့ ရွှေမှော်တက်သွားတဲ့ဆီကား၊ဆန်ကား၊သုံးဘီးကားတွေကအစ အခွန်ကောက်နေတာလို့သိရပါတယ်။

မချမ်းဘော့ ဘက်ကရွှေမှော်တွေဘက်သွားတဲ့ ဆန်ကား၊ဆီကားတွေဆီကနေကောက်တယ်ပြီးနောက်ခေါင်လန်ဖူးနောင်မွန်ဘက်တက်တဲ့ကားတွေဆီကနေလည်းကောက်တယ် ကားတစ်စီးကို တင်တဲ့ကုန်ပေါ်မူတည်ပြီး သောင်းဂဏန်းကနေ သိန်းဂဏန်းအထိတော့ကောက်တယ်ပြောတယ်သုံးဘီးပါမကျန်ဘူး အားလုံးကောက်တယ်လို့ အထက်ဖော်ပြပါပူတာအိုဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ပူတာအိုမြို့အထွက်မှာတန်ဂူးတန်ပြည်သူ့စစ်ဂိတ်ထိုင်ထားသလို ပူတာအိုမြို့အဝင်ဘက်မှာလည်း စစ်ကောင်စီတပ်က မူလာရှီးဒီးမှာ ဂိတ်ထိုင်ထားပြီးအခွန်ကောက်တာ၊ စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့သိရပါတယ်။

ပူတာအိုမြို့အထွက် တန်ဂူးတန်ပြည်သူ့စစ်ဂိတ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစထိုင်တာဖြစ်ပြီး ပူတာအိုမြို့ပေါ်က ပြည်သူ့စစ်ရဲ့တစ်ခုတည်းသောဂိတ်ဖြစ်ပါတယ်။

ပူတာအိုမြို့နယ်မှာအဓိကအားဖြင့် ရှမ်း၊ဂျိန်းဖော့၊ရဝမ်၊လီဆူလူမျိုးတွေအများဆုံးနေထိုင်ကြပြီး မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် မိုင်အရှည် ၂၀၇ မိုင်ခန့်အကွာမှာရှိတဲ့ မြို့ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button