မြေယာနှင့် သဘာဝပတ်ဝန်းကျင်

လယ်ဧကရာချီနစ်မြုပ်သွားတဲ့ ပူတာအိုဒေသခံတွေ စားဝတ်နေရေးအခက်ကြုံ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲက လယ်ဧက ရာနဲ့ချီနစ်မြုပ်ဆုံးရှုံးလိုက်ရတဲ့ ဒေသခံတွေ စားဝတ်နေရေးခက်ခဲနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ပြိုကျမှုကြောင့် လယ်စပါးဧက ရာနဲ့ချီနစ်မြှပ်သွားတဲ့ မန်စေခွန်၊စထီလော့ ()၊ စထီလော့ ()၊ နမ်ဖန်( )နဲ့တထိန်ဒမ်းစတဲ့ကျေးရွာနေပြည်သူတွေဟာ လက်ရှိ စားဝတ်နေရေးခက်ခဲ‌

နေတဲ့အတွက် အကူအညီလိုအပ်နေကြောင်း မန်စေခွန်ကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

မနှစ်က စပါးမသိမ်းလိုက်ရဘူးလေ အကုန်မြုပ်သွားတာ ဒီနှစ်ဆိုရင်စားစရာတောင်မရှိဘူးအရင်(၂၀၂၄)နှစ်တုန်းက ရိတ်သိမ်းထားတဲ့ကောက်ဟောင်းလေးကုန်ပြီ။ ကောက်သစ်ကမရှိဆိုတော့ စားရာမရှိဘူးကြဘူး ဆန်စျေးကြီး ဝင်ငွေလည်းမရှာတတ် သနားစရာလေးတွေဗျလို့‌ ပြောပါတယ်။

အထက်ဖော်ပြပါကျေးရွာတွေဟာ လယ်ယာစိုက်ပျိုးပြီးအဓိက အသက်မွေးဝမ်းကြောင်းပြုတဲ့ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် မနှစ်က လယ်စပါးတွေမရိတ်သိမ်းလိုက်ရပဲ အကုန်‌နစ်မြှပ်သွားတဲ့အတွက် ဒီနှစ်မှာတော့ အစားအသောက်တွေခက်ခဲကြပ်တည်းနေကြတယ်လို့သိရပါတယ်။

တချို့အားကောင်းမောင်းသန်ယောက်ျာ်းသားရှိတဲ့အိမ်တွေက တနေ့စားဖို့တနေ့ရှာစားနိုင်တော့အဲ့လောက်ကြီးမခက်ခဲဘူး။ ဒါပေမယ့်အများပိုင်းက အသက် ၄၀ ကျော် ၅၀၊ကျော် ၆၀တွေပြီးတော့ သားယျောက်ျားမရှိတဲ့အိမ်တွေဆိုရင်အရမ်းခက်ခဲကြတယ်။ ဘယ်မှာမှသွားမရှာစားနိုင်ဘူးလေး နှစ်စဥ်နှစ်တိုင်းဒီလယ်ကိုပဲအားကိုးနေတော့ တချို့စားဖို့သောက်ဖို့တောင်မရှိကြဘူးကူညီနိုင်တဲ့သူတွေကူညီပေးကြပါပေါ့တော်တော်ခက်ခဲနေပါတယ်လို့ မန်စေခွန်ကျေးရွာနေ အမျိုးသမီးတစ်ဦးကပြောပါတယ်။

ဒေသခံတွေပြောတာက ၂၀၂၅ ခုနှစ်မှာ လယ်နစ်မြုပ်ချိန်အကူအညီတွေလာပေးကြပေမယ့် ဒီနှစ်ထဲမှာတော့ အကူအညီပေးတဲ့သူတွေမရှိတာကြောင့် စားဝတ်နေရေးပိုခက်လာတယ်လို့ ဆိုပါတယ်။

လယ်ဧက ရာနဲ့ချီနစ်မြုပ်ခဲ့တဲ့ အထက်ဖော်ပြပါကျေးရွာတွေဟာ ပူတာအိုမြို့အနောက်ဘက် တောင်ခြေမှာတည်ထားတဲရွာတွေဖြစ်ပြီး လယ်တွေကိုလည်း တောင်ခြေမှာပဲလုပ်ကြတာဖြစ်တယ်လို့သိရပါတယ်။

ဒါပေမယ့် ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ မိုးတွေအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ပြိုပြီး မန်စေခွန်ကျေးရွာထဲကလယ်ဧက ၃၀၀ ကျော်၊နာမ်ဖန် ၁ ထဲက လယ်ဧက ၁၉ ဧက၊ စထီလော ၁၊ စထီလော ၂ နဲ့ တထိန်ဒမ်းရွာတွေရဲ့လယ်တွေအပါ စုစုပေါင်းလယ်ဧက ၅၀၀ ဝန်းကျင်ပျက်စီးခဲ့ကြောင်းသိရပါတယ်။

ဒါ့အပြင်အဲ့ဒီနစ်မြှပ်သွားတဲ့လယ်ယာတွေဟာ ပြန်လည်ဖော်ဆောင်လို့မရတော့တာကြောင်း နောက်ထပ်ဒေသခံတစ်ဦး ပြောပါတယ်။

အစိုးရဆီစာတင်တယ်သူတို့လည်းလာကြည့်ပေးတယ် ဒါပေမယ့် လူတစ်ရပ်စာလောက်ကိုမြှပ်ထားတာ ဘယ်လိုမှဖော်လို့မရတော့ဘူးဖော်မယ်ဆိုလည်း အကုန်အကျက မနည်းဘူးအ့ကြောင့်ဒီနှစ်က စားစရာမရှိဘူး လာမယ့်နှစ်အတွက်ထွန်စရာလယ်လည်းမရှိဖြစ်နေကြတယ်လို့ ပူတာအိုဒေသခံတစ်ဦးကပြောပါတယ်။

ပူတာအိုဒေသဟာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးပြီး စီးပွားရေးအခွင့်အလမ်းတွေလည်းအလွန်နည်းပါးတဲ့ဒေသဖြစ်တာကြောင့် ဒေသခံတွေအားလုံး လယ်ယာစိုက်ပျိုးရေးနဲ့အဓိက အသက်မွေးကြတာဖြစ်ပါတယ်။

ဒါပေမယ့် ခုလိုလယ်ယာမြေတွေ ဆုံးရှုံးလိုက်ရပြီး လယ်လုပ်ကိုင်ဖို့ မရှိကြတော့တဲ့အပြင် စစ်ရေး၊နိုင်ငံရေးအကြားသွားလာရေးပိုခက်ခဲလာတဲ့အတွက် ရှေ့ဆက်ပိုခက်ခဲလာနိုင်တယ်လို့ ဒေသခံတွေပြောပါတယ်။

ဒါ့အပြင် ဒီဒေသကလယ်ယာမြေတွေဟာ ဘိုးဘွားပိုင်လယ်ယာမြေတွေဖြစ်ပြီး ဆယ်စုနှစ်ကြာ လုပ်ကိုင်စားသောက်လာတဲ့‌လယ်ယာတွေဖြစ်တယ်လို့ သိရပါတယ်။

သို့သော် မြေပြိုမှုကြောင့် လယ်ယာပြန်ဖော်ယူလို့မရတော့အောင် ဆုံးရှူံသွားတာဟာ ဒေသခံတွေအတွက် ဆုံးရှုံးကြီးကြုံတွေ့နေကြတာလည်း ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button