သတင်း

ပူတာအို-မြစ်ကြီးနားကားခ ကျပ်သုံးသိန်းအထိမြင့်တက်

ကချင်ပြည်နယ်အတွင်း လေကြောင်းလိုင်းအားလုံးရပ်နားသွားတဲ့နောက် ပူတာအိုမြစ်ကြီးနားကားခ ကျပ်သုံးသိန်းအထိမြင့်တက်သွားကြောင်း ကားသမား‌တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစပြီး မြစ်ကြီးနား လေကြောင်းလိုင်းအားလုံးရပ်နားလိုက်ပြီးနောက် မြစ်ကြီးနားပူတာအိုကြား ခရီးသည်တစ်ဦးကို ကားခကျပ်သုံးသိန်းအထိမြင့်တက်သွားကြောင်း ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။

ကားခက အရင်စျေးတိုင်းတော့မရတော့ဘူးဗျ ဒီကနေအတက်(မြစ်ကြီးနားမှပူတာအို)ဆိုရင်တော့ သုံးသိန်းအထိတက်တယ် နောက်ခန်းနှစ်သိန်းခွဲ ခေါင်းခန်းသုံးသိန်းပေါ့ အဆင်းလည်းအတူတူပဲစျေးတက်တယ်လို့ ယင်းလမ်းပိုင်းမှာမောင်းနေတဲ့ကားသမားတစ်ဦးကပြောပါတယ်။

လေကြောင်းလိုင်းမရပ်နားမှီ မြစ်ကြီးနားပူတာအိုဘက်အတက်ခရီးသည်တစ်ဦးကို အနောက်ခန်းကျပ်နှစ်သိန်းနဲ့ခေါင်းခန်းကျပ် နှစ်သိန်းခွဲအထိသာရှိ‌ပေမယ့် လေကြောင်းလိုင်းရပ်နားသွားတဲ့နောက်ပိုင်း အနောက်ခန်း နှစ်သိန်းခွဲ၊ ၊ခေါင်းခန်း ကျပ် သုံးသိန်း အထိတက်သွားကြောင်းသိရပါတယ်။

ပူတာအို မြစ်ကြီးနားကြားကားခဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းလောကနေစပြီး ကျပ်ငါးသောင်းအထိမြင့်တက်သွားတာဟာ လေကြောင်းလိုင်းတွေရပ်နားလိုက်တဲ့အတွက် ကုန်းကြောင်းနဲ့ခရီးသွားများလာပြီးခရီးသည်အလိုက်များတာကြောင့်ဖြစ်သလို တစ်ဖက်မှာ စက်သုံးဆီစျေးတွေမြင့်တက်သွားတာကြောင့်လည်းပါတယ်လို့ကားသမားတွေကဆိုပါတယ်။

လက်ရှိ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းမှာ သာသနာ့ ဝန်ထမ်းတွေ သက်ကြီးရွယ်အိုပိုင်းတွေနဲ့ အိမ်ထောင်သည်တွေသာသွားလာလို့ရပြီး လူငယ်နဲ့လူလတ်ပိုင်းတွေကတော့ ခရီးသွားလာလို့မသေးကြောင်းသိရပါတယ်။

လူငယ်တွေကတော့သွားလာလို့မရဘူး ထောက်ခံစာပါလည်းမရဘူးစုဆောင်းရေးဆွဲတယ် လောလောဆယ် အသက်ကြီးတဲ့လူတွေ အိမ်ထောရှင်တွေပဲရတယ်လို့ယင်းလမ်းပိုင်းမှာမောင်းနေတဲ့အခြားကားသမားတစ်ဦးကပြောပါတယ်။

မြစ်ကြီးနား ပူတာအိုကားလမ်းပိုင်းဟာ ပုံမှန်အားဖြင့်တရက်ခရီးသာရှိပေမယ့် လက်ရှိအခြေအနေမှာတော့တစ်ညအိပ်ခရီးဖြင့်သွားလာနေရကြောင်းသိရပါတယ်။

လေကြောင်းမပိတ်ခင်တော့လမ်းမှာတိုက်ပွဲမရှိရင်တရက်နဲ့ရောက်တယ်လေး ဒါပေမယ့်အခုလေကြောင်းပိတ်တဲ့နောက်ပိုင်းတော့လမ်းမှာခြေနေကောင်းရင်လည်းအစစ်အဆေးများတယ်။စကစ ဂိတ်တွေတိုင်းအစစ်အဆေးများတော့လမ်းမှာပဲညအိပ်ရတယ် ဖုန်ချန်းမှာညအိပ်ရတယ် ကျော်မယ်ဆိုရင်လည်း လုံရှာယန်၊မူလာရှီးဒီဂိတ်တွေက ခြောက်နာရီကျော်ရင်မဖြတ်ခိုင်းတော့လမ်းမှာပဲတစ်ညအိပ်ခရီးဖြစ်သွားတာတယ်လို့ခရီးသည်တစ်ဦးက KNG ကိုပြောပါတယ်။

ပူတာအိုမြစ်ကြီးနားကားခဟာ စစ်အာဏာမသိမ်းမှီက ကျပ် ၃ သောင်းနဲ့ ၅ သောင်းအထိသာအမြင့်ဆုံးမြင့်တက်ခဲ့ပြီး စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ ကျပ် ၈သောင်း၊ ကျပ် တစ်သိန်းကနေ ကျပ် နှစ်သိန်းခွဲအထိအလွန်ဆုံးမြင့်တက်ခဲ့ပြီး လက်ရှိစျေးနှုန်းက စစ်အာဏာသိမ်းနောက်ပိုင်းအမြင့်ဆုံးမြင့်တက်လာတာလို့သိရပါတယ်။

လေကြောင်းလိုင်းတွေဆက်ပြီးရပ်နားထားရင်ကားခတွေ ဒီထက်ပိုပြီးမြင့်တက်လာမှာကို ဒေသခံခရီးသွားပြည်သူတွေစိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၀ ရက်နေ့ညပိုင်းမှာ မြစ်ကြီးနားလေဆိပ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး‌နောက် လေကြောင်းလိုင်းရပ်နားထားတာလို့ စစ်တပ်က‌ထုတ်ပြန်ထားပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button