မိုင်းနောင်က ကားသမားတစ်ဦးသတ်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ မိုင်းနောင်ရွာက ကားသမားတစ်ဦး SNA ထိန်းချုပ်ထားတဲ့ကားလမ်းပိုင်းမှာသတ်ဖြတ်ခံထားရကြောင်း ဒေသခံများမှ သိရပါတယ်။

မိုင်းနောင်ကျေးရွာနေ ဦးပေါ်ထင် အသက် ၅၀ ကျော်အရွယ်ဟာ မနေ့က ဧပြီ ၁ ရက်နေ့မှာ SNA တပ်တွေအဓိကထိန်းချုပ်ထားတဲ့ နန့်မွန်းမိုးညင်းကားလမ်းပိုင်း ဘီလူးမြို့အနီးမှာ သတ်ဖြတ်ခံလိုက်ရကြောင်း ဦးပေါ်ထင်နဲ့ ဆွေမျိုးတော်စပ်တဲ့ မိုင်းနောင်ကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

သူ့မိန်းမလည်းဒီနေ့မှသိတာ သူကအခုလောလောဆယ် နန့်မွန်းမိုးညှင်းကြား Hijet ကားလေးနဲ့ကုန်ပစ္စည်းတင်တာ ကားသမားပဲ ဘယ်အဖွဲ့အစည်းကသတ်သွားတာလဲတော့မသိဘူးလို့ သူကပြောပါတယ်။

ဦးပေါင်ထင်ကို အမည်မသိအဖွဲ့အစည်းတစ်ခုခုက ညဥ်းပန်းနှိပ်စက်သတ်ဖြတ်ထားတာလို့သိရပြီး အလောင်းကိုကားလမ်းဘေးမှာစွန့်ပစ်ထားကြောင်းသိရပါတယ်။

အတော်ကိုနှိပ့်စက်ထားတာဗျ မျက်နှာတွေယောင်ကိုင်းနေတာ အရိုးတွေလည်းကျိုး သူ့ကားကမရှိဘူး သတ်တဲ့အဖွဲ့တွေယူသွားတာနေမှာ သူ့ကားပေါ်က ပစ္စည်းတွေကိုတော့ လယ်တောထဲမှာစွန့်ပစ်ပေးထားကြတယ်”လို့အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။

ဦးပေါ်ထင်ဟာ လက်ရှိကားသမားဆိုပေမယ့် ယခင်ကတော့ အလွတ်တန်းသတင်းရေးသားတာတွေရှိကြောင်းသိရပါတယ်။

ဦးပေါ်ထင်အခုလိုသတ်ဖြတ်ခံရတာဟာ အင်းတော်ကြီးဒေသထဲက ဒေသတွင်းရွှေတူးဖော်မှုသတင်းတွေ၊ SNA တပ်သားသစ်စုဆောင်းရေးသတင်းတွေကို သတင်းမီဒီယာတွေမှာခပ်စိပ်စိပ်မြင်တွေ့နေရတာကြောင့် SNA ဘက်ကသတ်တာဖြစ်နိုင်ကြောင်း အင်းတော်ကြီးဒေသခံအခြားအမျိုးသားတစ်ဦးကပြောပါတယ်။

အရင်ကတော့သတင်းတွေဘာတွေလိုက်တယ်သူရေးလည်းရေးတယ်မိုင်းနောင်ကလူတွေက သိကြတယ်လေ။ အခုနောက်ပိုင်း SNA ကအင်းတော်ကြီးထဲရွှေတူးတဲ့သတင်းတွေ စုဆောင်းရေးသတင်းတွေတအားပြန့်နေတော့သူပေးတာဆိုပြီး ရှမ်းနီတွေဘက်က သတ်လိုက်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

လက်ရှိ ဦးပေါ်ထင်သတ်ဖြတ်ခံရတဲ့ နန့်မွန်းမိုးညှင်းလမ်းပိုင်းဟာ အဓိကအားဖြင့် SNA တပ်တွေပုံမှန်သွားလာလှုပ်ရှားနေတဲ့လမ်းပိုင်းဖြစ်ကြောင်းဒေသခံတွေကဆိုပါတယ်။

ဦးပေါ်ထင်ရဲ့ရုပ်ကလာဒ်ကိုတော့ အေးမ္မေတာလူကူညီရေးအသင်းကားနဲ့သွားရောက်သယ်ယူပြီး မီးရှို့သဂြိုလ်ပေးခဲ့ကြောင်းသိရပါတယ်။

အင်းတော်ကြီးဒေသထဲက လုံးတုံကနေစပြီး မိုင်းနောင်၊ မမုံကိုင်၊နန့်မွန်း၊နန်းမား ဘီလူး စတဲ့ဖက်ခြမ်းတွေကိုတော့ လက်ရှိ SNA ပူးပေါင်းတပ်တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button