စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်မပြည့်တဲ့ကလေးအပါ နှစ်ဦးသေဆုံး

မိုးညှင်းမြို့နယ်၊ နန်းမားမြို့ မှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးနဲ့အမျိုးသားတစ်ဦး လက်နက်ကြီးကြကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မြို့ခံတွေပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့မနက် ၁၀ နာရီဝန်းကျင် နမ်းမားမြို့ကားလမ်းတစ်လျှောက် နဲ့ဘူတာရုံအနိီးဝန်းကျင်မှာ KIA ပူးပေါင်းတပ်က စစ်ရေးလှုပ်ရှားလာတဲ့တွက် မိုးညှင်းမြို့ စစ်တပ်ရဲ့ အမှတ် ၃၈၅ အမြောက်တပ်ကနေ နမ်းမားဘက်ကို လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် မိန်းကလေးငယ်တစ်ဦးနဲ့အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက KNG ကိုပြောပါတယ်။

“KIA တွေက နမ်းမားဘူတာတစ်ဝိုက် စစ်ရေးလှုပ်ရှားပြလာတာတေ့ မိုးညှင်းကနေလက်နက်ကြီးတောက်လျှောက်ပစ်တာဟုတ်တယ်။ လက်နက်ကြီး  လုံးကျတာ ရပ်ကွက်ထဲ တစ်ယောက်တော့ပွဲချင်းပြီးသေတယ်။ ကလေးကတော့ ဆေးရုံမှာသေတယ်လို့ ပြောပါတယ်။

စစ်တပ်က ပစ်တဲ့လက်နက်ကြီးဟာ တောင်အင်းရွာမှာလက်နက်ကြီးတစ်လုံးကျပေါက်ကွဲခဲ့တာကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်သီးကျည်ထိမှန်သေဆုံးခဲ့တယ်လို့သိရပါတယ်။

အလားတူ နောက်ထပ် ရွှေပြည်အေးရပ်ကွက်မှာလည်း လက်နက်ကြီးကျပေါက်ကွဲတဲ့အတွက် ဦးကျော်လှဆိုတဲ့အမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံးသွားသလို ဦးကျော်လှအိမ်ဘေးက လူငယ်တစ်ဦးခြေတစ်ဖက်ဆုံးရှုံးခဲ့ရပြီး၊ နောက်ထပ်အမျိုးသမီးတစ်ဦးလည်းကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေပြောချက်အရ ပြီးခဲ့တဲ့ ဧပြီလ(၂၃)ရက်နေ့က မိုးညှင်းမြို့နယ်၊ ဘီလူးမြို့၊ အုန်းစံဆိုင်ကျေးရွာမှာရှိတဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA)ရဲ့ တပ်စခန်း ()ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် မိုးညှင်းဒေသမှာ စစ်ရေးအခြေအနေတွေ တင်းမာနေတာဖြစ်တယ်လို့သိရပါတယ်။

ဒီရက်ပိုင်းက သူတို့စခန်းတိုက်ခံရတော့ လက်နက်ကြီးပစ်တာပိုဆိုးလာတယ်။ ပြီးရင် တော်တော်လည်းစစ်တယ် အပြင်သွားတာတို့သတိထားပြီး သွားလာနေရတယ်လို့ နောက်ထပ်အမျိုးသားတစ်ဦးပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အုန်းစံကျေးရွာမှာရှိတဲ့ ကာကင်းစခန်းနှစ်ခုသိမ်းခံရပြီးနောက် မိုးညှင်း၊နမ်းမားကြား လမ်းတစ်လျှောက်တားဆီးစစ်ဆေးတာတွေလည်းပိုပြီးလုပ်ဆောင်လာတယ်လို့ သိရပါတယ်။

မိုးညှင်းမြို့နယ်ဟာ မြစ်ကြီးနား– မန်းလေးသွားရာလမ်းမပေါ်မှာရှိပြီး SNA တပ်နဲ့ပြည်သူ့စစ်တပ်က အားကောင်းတဲ့ဒေသဖြစ်ပြီး နှစ်ဖက်တပ်အကြားမကြာခနဆိုသလို ထိတွေ့တိုက်ပွဲဖြစ်လေ့ရှိတဲ့နယ်မြေတွေလည်းဖြစ်ပါတယ်။

By – Zami

Show More

Leave a Reply

Back to top button