လူနာသေဆုံးမှုကြောင့် ‘ဂုဏ်ထူးဆောင်’ ဆေးခန်းက ဆရာဝန် ကို ဖမ်းဆီးထား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူသေဆုံးမှုကြောင့်ဂုဏ်ထူးဆောင်ဆေးခန်းက ဆရာဝန်မ ဆိုသူကို တာဝန်ရှိသူတွေက ဖမ်းဆီး ထားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေ ဆီကနေ သိရပါတယ်။

ဂုဏ်ထူးဆောင် ဆေးခန်းက ပါမောက္ခ ဒေါက်တာ မြသီတာဆိုတဲ့ အမျိုးသမီး ဆေးကုသ ပေးနေတဲ့ ကျောင်းဆရာမ တစ်ဦး ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့  မနက် ၈ နာရီ ဝန်းကျင်လောက်က သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ ကျောင်းဆရာမရဲ့ သူငယ်ချင်းတွေက တာဝန်ရှိသူတွေထံ တိုင်ကြားခဲ့တဲ့အတွက် ကျောင်းဆရာမ ဆုံးတဲ့နေ့ (မတ်လ ၇ရက်) မှာဘဲ အမှတ် ၁ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဒါ့အပြင်ဂုဏ်ထူးဆောင်ဆေးခန်းကိုလည်း  မတ် ၈ ရက်နေ့မှာ ဆိုင်းဘုတ်ချိတ် ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦး ခုလိုပြောပြပါတယ်။

အဲဒီအမှုလာစစ်တာတောင်မှ ကျန်းမာရေးကရော လာစစ်တယ်။ ရဲတွေလည်း လာစစ်တယ်။ တစ်ဖွဲ့ပြီး တစ်ဖွဲ့ လာစစ်တာ ညနေ ၅နာရီ ၆နာရီလောက်မှာမှ ပေါ်သွားတာလို့ ဆိုပါတယ်။

သေဆုံးသူ ဆရာမ နဲ့ နီးစပ်သူတွေက ဆိုပါ ဆရာဝန် ရဲ့ ဘွဲ့လက်မှတ်တွေကို မြစ်ကြီးနားက တခြားဆရာဝန်တွေထံ ပြသကြည့်တဲ့အခါမှာ တစ်ခါမှ မကြားဖူးတဲ့ ဘွဲ့လက်မှတ်တွေ ဖြစ်နေတယ်လို့ မြစ်ကြီးနားက ဆရာဝန်တချို့က အတည်ပြုထားပေးတာကြောင့် တိုင်ကြားမှု ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ကွယ်လွန်သွားတဲ့ ဆရာမဟာ အထက () ကျောင်းက ဆရာမ ဒေါ်သီတာဝင်း ဆိုသူပြီး လေးဘက်နာနဲ့ ကျောက်ကပ်ရောဂါအခံ ရှိတဲ့သူ ဖြစ်တယ်လို့ လို့ဆိုပါတယ်။

ဒါ့အပြင် ဒေါက်တာ မြသီတာ ဆိုသူဟာ သူမရဲ့ ဆေးဆိုင်မှာ ကုသပေးတာမျိုးမဟုတ်ဘဲ ကျောင်းဆရာမ နေထိုင်တဲ့ စီတာပူ သီတာရပ်ကွက် က တိုက်တန်းမှာ အိမ်တိုင်ရာရောက် လာရောက်ကုသတာမျိုးကို ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

တစ်ရက်ကိုဆေးထိုးတာ နှလုံးဆေးက၁သိန်းခွဲ ကျောက်ကပ်ဆေးက ၄သိန်းခွဲ ယူပြီး ဘာဆေးဘူးခွံမှ မချန်ထားခဲ့ဘူးတဲ့။ .ဘာဆေးထိုးမှန်းမသိဘူး။ ဆေးစာအုပ်လဲမလုပ်ပေးဘူး။ သိန်း၁၀၀ ကျော်ကုန်သွားတယ်လို့ သေဆုံးသွားတဲ့ ဆရာမရဲ့ အသိမိတ်ဆွေ တစ်ဦးက ပြောပြပါတယ်။

ဒေါက်တာ မြသီတာဆိုတဲ့ အမျိုးသမီးဟာ အေးစေတီရပ်ကွက်မှာ ဂုဏ်ထူးဆောင် ဆေးခန်းဆိုတဲ့ နာမည်နဲ့  အစာအိမ်၊ အူလမ်းကြောင်းနဲ့ ရင်ခေါင်းပိုင်းဆိုင်ရာ အထူးကု ဆရာဝန်ကြီးဆိုပြီး ဆေးကုသမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေ ထွက်ပေါ်လာပြီးနောက် ဆေးဝါးကုသမှု ခံယူမယ်ဆိုရင် စုံစမ်းမှုကို သေချာလုပ်ကြဖို့ မြစ်ကြီးနားက ဆရာဝန်တချို့က လူမှုကွန်ယက်တွေ ပေါ်မှာ အကြုံပြုထားတာကို တွေ့ရပါတယ်။

မြစ်ကြီးနားမြို့ခံ ပြည်သူတွေကတော့ ခုလို လူ့အသက်သေဆုံးသည်အထိ ဖြစ်လာတဲ့အတွက် တာဝန်ရှိသူတွေကနေပြီးတော့ သေချာ စီစစ်အရေးယူပေးဖို့ တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

By – Hope

Show More

Leave a Reply

Back to top button