မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပိုင်းတံတားငယ်တစ်စင်းကျွံနေလို့ ဖြတ်သန်းသွားလာဖို့ခက်ခဲနေဟုဆို

မြစ်ကြီးနားဆွမ်ပရာဘွမ်လမ်းပိုင်း တံတားတစ်စင်းကျွံကျနေဆဲဖြစ်တာကြောင့် လမ်းသွားလမ်းလာ အဆင်မပြေသေးကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိ မြစ်ဆုံမရောက်ခင် လမ်းပိုင်းတစ်နေရာမှာ တံတားတစ်ဖက်ကျွံကျနေတာဖြစ်ပြီး ကားကြီးတွေတော့ သွားလာလို့မရပဲ ဆိုင်ကယ်နဲ့ ကားအသေးတစ်ချို့သွားလာလို့ရတယ်လို့ မြစ်ဆုံဒေသခံတစ်ဦး KNG ကို ပြောပါတယ်။

လမ်းတံတားပြိုကျနေတာ မပြင်ဆင်ရသေးဘူး။ အဲလိုပဲဆက်ရှိနေဆဲဟုတ်တယ်။ ကုန်ပစ္စည်းမများတဲ့ ကားအသေးတွေတော့ ဖြတ်နေတယ်။ ဒါပေမယ့် အခုအဲဒါ အန္တရာယ်ရှိနေတယ်။ ကားကြီးတွေတော့ မသွားဘူး။ ဆိုင်ကယ်တွေတောင် ဆင်းပြီး လမ်းလျှောက်ရတယ်။ အခု မိုးဆက်ရွာ၊ ရေဆက်ကြီးရင်တော့ ဆက်ပြိုမယ့်အနေအထားရှိတယ်။” ဟု မြစ်ဆုံဒေသခံတစ်ဦးက ပြောပါတယ်။

မြစ်ဆုံ တန်ဖရဲကျေးရွာမရောက်ခင်  မိုင်အကွာမှာရှိတဲ့ Gumhtawn ချောင်းတံတားတစ်ဖက်ခြမ်းပြိုကျနေပြီး လမ်းသွားလမ်းလာတွေအတွက် အန္တရာယ်ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကတည်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ချောင်းရေမြင့်တက်လာပြီး တံတားကိုတိုက်စားသွားတာကြောင့် လမ်းတံတားတစ်ဖက်ခြမ်းကျွံကျနေတာလို့ ဆိုပါတယ်။

PSA

မြစ်ကြီးနား – ပူတာအိုကို ဆက်သွယ်ထားတဲ့ ဒီဆွမ်ပရာဘွမ်လမ်းမကြီးဟာ ပူတာအိုဘက်ကို ကုန်တင်စီးဆင်းဖို့နဲ့ လမ်းသွားလမ်းလာပြည်သူတွေ အဓိကအသုံးပြုနေရတဲ့ လမ်းမကြီးဖြစ်ပါတယ်။

လက်ရှိ အိမ်စီးကားအသေးတွေနဲ့ ဆိုင်ကယ်တွေလောက်တော့ ဂရုစိုက်ပြီး ဖြတ်သန်းနေနိုင်ပေမယ့် ဒီရက်ပိုင်း မိုးတွေဆက်တိုက်ရွာသွန်းနေဆဲဖြစ်တာကြောင့် အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။

အခုမိုးတွေ ဆက်ရွာနေဆဲဆိုတော့ ဆက်ပြိုမယ့်အနေအထားရှိတယ်။ ချောင်းရေလျှံပြီး တံတားပေါ်ကနေ ရေကျော်သွားတာဟုတ်တယ်။ အဲဒါကြောင့် ပြိုကျတာလေ။ အရင်ကတော့ ၄၅ မိုင် ၄၇ မိုင် လမ်းတွေမှာ အဓိကလမ်းပျက်တယ်၊ ပြီးရင် ဆွမ်ပရာဘွမ်ရောက်ခါနီး မြေတွေပြိုတာရှိတယ်။ အခုတော့ ဒီဘက်က လမ်းတံတားပြိုနေတာဟုတ်တယ်။ လို့ မြစ်ဆုံဒေသခံက ဆက်ပြောပါတယ်။

လမ်းတံတား မပြင်ဆင်ရသေးတာကြောင့် ကုန်ကားအကြီးတွေတော့ လုံး၀သွားလာလို့မရတဲ့အနေအထားဖြစ်နေပြီး ဖြတ်သန်းသွားလာနေတဲ့ ဆိုင်ကယ်နေတွေ အိမ်စီးကားတွေလည်း ဂရုစိုက်ဖို့ ပြောဆိုထားတာဖြစ်ပါတယ်။

အရင်နှစ်တွေမှာတော့ မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းမှာမှာ တယန်ဇွပ်ကျေးရွာအနီးတဝိုက် မြစ်ကြီးနားမှ ၄၅ မိုင်၊ ၄၇ မိုင်နေရာတွေမှာ လမ်းပျက်စီးပြိုကျတာတွေ၊ လမ်းပြိုတာတွေ ရှိခဲ့တာကြောင့် ရက်ကြာရှည် ကုန်ကားတွေ ရပ်တန့်ခဲ့ရပြီး လမ်းပိတ်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိ ကချင်ပြည်နယ်တွင်း မိုးတွင်းကာလ တောင်ပြို၊ မြေပြိုတာတွေ ဆက်တိုက်ဖြစ်ပွားစပြုလာပြီဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်ကလည်း ဆဒုံး – ကန်ပိုင်တီလမ်းပိုင်း တောင်ပြိုပြီး ပိတ်ဆို့သွားတာတွေ ဖြစ်ပွားခဲ့ပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button