ထွက်ပြေးသွားတဲ့ မူးယစ်ဒိုင်ပြန်ရောက်လာပြီး ပုံမှန်တိုင်းရောင်းဝယ်နေ

ကချင်ပြည်နယ် မိုးကောင်းမြို့က ထွက်ပြေးနေတဲ့ မူးယစ်ဒိုင်နေအိမ်ကို ပြန်လည်ရောက်ရှိလာပြီး မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမှုတွေလည်း အရင်လို ပြန်လည် စည်ကားနေတယ်လို့ မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။

အဲဒီမူးယစ်ဒိုင်ဟာ ၂၀၂၅ ဒီဇင်ဘာ လဆန်းတုန်းက မြစ်ကြီးနားကို ထွက်ပြေးသွားပေမယ့် ဇွန်လတွင်းး မိုးကောင်းမြို့ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။

ခုလို မူးယစ်ဒိုင်တွေကို သေချာဖမ်းဆီးအရေးယူမှုတွေ မပြုလုပ်တဲ့အပေါ် စိတ်ပျက်မိကြောင်း  မိုးကောင်းမြို့ခံ ပြည်သူ တစ်ဦးက ခုလို ထပ်ပြောပါတယ်။

မူးယစ်ယစ်ဆေးပပျောက်အောင်မလုပ်နိုင်ပါဘူး။ လမ်းမှာဆိုပေါ လမ်းမကြီးပေါ်တက်ရောင်း သုံးစွဲတဲ့သူတွေကလည်း အရှက်မရှိ။ ကျောင်းသား/သူတွေ ကိုအများကြီးစိတ်ပူတယ်။ ဆေးရောင်းတဲ့နေရာနဲ့ စာသင်ကျောင်းကနီးတယ်။ သိတဲ့အတိုင်း လာဘ် မစားတဲ့ရဲလည်းရှိမယ်မထင်ဘူးလေ ။ပိုက်ဆံကြောင့်လူ့စိတ်တွေပြောင်းလဲသွားကြတာလို့ ဆိုပါတယ်။

မိုးကောင်းမြို့က မူးယစ်ဆေးဝါးကို ဒိုင်ကိုင်ပြီးရောင်းတဲ့သူဟာ အမျိုးသမီးဖြစ်တယ်လို့ သိရှိရပြီး ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းအကြား ဧရာရုပ်ရှင်ရုံ အနီးနားနေထိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မိုးကောင်းမြို့က မူးယစ်ဆေးဝါးရောင်းချတဲ့ဒိုင်ကို မြို့ခံပြည်သူတွေ အားလုံးသိရှိနေပေမယ့်လည်း ရဲတပ်ဖွဲ့တွေ ကိုယ်တိုင်က လွှတ်ပေးထားတာ ဖြစ်တဲ့အတွက် တိုင်တန်းဖို့ကြောက်ရွံ့နေကြရတာ ဖြစ်ပါတယ်။

PSA

မူးယစ်ဆေးဝါးရောင်းတဲ့ ဒိုင်တွေကို ခုလိုလွှတ်ထားပေမယ့်လည်း တစ်ဖက်မှာတော့ မိုးကောင်းမြို့က ချဲနဲ့ နှစ်လုံးသုံးလုံးရောင်းတဲ့ လောင်းကစားသမား ၁၉ဦးကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ၆ လပိုင်း ၂၆ ရက်နေ့မှာ ထောင်ဒဏ်တစ်နှစ်စီ အမိန့်ချမှတ်ခဲ့တာဘဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မူးယစ်ဆေးဝါးရောင်းချတဲ့ဒိုင်တွေကိုတော့ သေချာဖမ်းဆီးအရေးယူမှုမရှိဘဲနဲ့ လာဖမ်းမယ့်အချိန်တွေမှာ ဒိုင်တွေကို သတင်းပေးပြီး ရှောင်ထွက်ခိုင်းလိုက်ကာ ကော်မရှင်စားရောင်းတဲ့သူတချို့နဲ့ သုံးစွဲတဲ့သူတွေကိုသာ ဖမ်းဆီးတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လောင်းကစားသမားများနည်းသူ  မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူတွေထက် ဒိုင်အဖြစ် ရောင်းချတဲ့ သူတွေကို သေချာ အရေးယူစေလိုတယ်လို့ မိုးကောင်းမြို့ခံ ပြည်သူတစ်ဦးက ခုလိုတောင်းဆိုထားပါတယ်။

မိုးကောင်း မြို့ပေါ်က မူးယစ်ဆေးဝါးဖွင့်တဲ့ အခန်းတွေအကုန်လုံးကို ဖမ်းဆီးစေချင်တယ်။ ဖမ်းဆီးရာမှာကို  ဒိုင်တွေကိုပိုလို့ပေါ့။ ပြောမယ်ဆိုရင် သုံးစွဲသူထက် ရောင်းချသူတွေကို ဖမ်းဆီးမှသာ မူးယစ်ဆေးဝါးပပျောက်မှာ ဖြစ်တယ်ပေါ့နော။ ဒီလို ဖမ်းဆီးမှသာ မိုးကောင်းမြို့ပေါ်မှာ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေရဲ့ ပျက်ဆီးမှု အန္တရာယ်ကနေ  ကာကွယ်နိုင်မယ်လို့ ထင်ပါတယ်လို့ ဆိုပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ မေလ ၂၆ရက်နေ့မှာ မူးယစ်ဒိုင်တွေကို ရှောင်ပြေးခိုင်းလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ပြည်နယ်က အထက်လူကြီးတွေ ကနေပြီးတော့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မ စခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင်တွေ အပြင် တခြားအဆင့်ရှိတဲ့ ရဲတွေကို လာရောက် စစ်ဆေးခဲ့ကြတာဘဲ ဖြစ်ပါတယ်။

အဲဒီနောက်မေလ ၂၉ ရက်နေ့မှာတော့ ရဲဒုတပ်ကြပ် သောင်းဟိန်းစိုးနဲ့ ရဲတပ်သား မျိုးဝင်းထူးတို့ အပါအဝင် ခန့်မှန်းချေ အယောက်၃၀ နီးပါးအတွက် ပြောင်းရွှေ့မိန့် ကျလာတယ်လို့ သိရပါတယ်။

ဒီအခြေအနေကို အခွင့်ကောင်းယူပြီး မူယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေဟာ နေ့ရောညပါမကျန် လွတ်လပ်စွာ လမ်းတလားရင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေကို ပြုလုပ်နေကြပါတယ်။

ဒါပေမယ့်လည်း မိုးကောင်းမြို့ခံပြည်သူတွေဘက်ကတော့ အရင်က လာဘ်စားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြောင်းရွှေ့သွားကြတဲ့အတွက် လက်ရှိရဲတပ်ဖွဲ့တွေအနေနဲ့ ဖမ်းစီးအရေးယူပေးမှာကို လိုလားနေကြပါတယ်။

By – Hope

Show More

Leave a Reply

Back to top button