ပင်လည်ဘူးမှာ လေကြောင်းတိုက်ခိုက်မှု ဆက်ရှိနေ

စစ်ကိုင်းနဲ့ ကချင်အစပ်က ပင်လည်ဘူးမြို့နယ်မှာ မနေ့က ကင်းပန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဒီနေ့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ပင်လည်ဘူးဒေသအတွင်း သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးနေတဲ့ Pinlebu New Gen က ဒီနေ့ ပင်လည်ဘူးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ အထူးသတိထားကြဖို့နဲ့ လူစုလူဝေး မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

လက်ရှိ ပင်လည်ဘူးဒေသရဲ့ အခြေအနေအသေးစိတ်ကိုတော့ လုံခြုံရေးအခြေအနေတွေကြောင့် ပြောပြနိုင်သေးခြင်းမရှိဘဲ ဒေသခံတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့သာ ပြောဆိုထားပါတယ်။

ဟုတ်ကဲ့ အချို့သောအကြောင်းအရာများကြောင့် အသေးစိတ်ကို ပြန်လည်ဖြေကြားပေးနိုင်သေးမှာ မဟုတ်ပါဘူးရှင်။ လက်ရှိအခြေအနေမှာတော့ အထူးဂရုစိုက်ကြဖို့ပါပဲရှင်
လို့ Pinlebu New Gen တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၁၆ ရက် မနေ့က မွန်းလွဲ  နာရီဝန်းကျင်မှာ တိုက်လေယာဉ်  စီးနဲ့ ပင်လည်ဘူးမြို့နယ် ကင်းပန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးမီးလောင်ခဲ့သလို ဆေးရုံနဲ့ စာသင်ကျောင်းတွေလည်း ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြေပြင်မှာ ဒေသခံတွေနဲ့ အဆက်အသွယ်ရှိတဲ့ စစ်ကိုင်းနဲ့ ကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မနေ့က လေကြောင်းတိုက်ခိုက်မှုအပြီး ကနဦးသိရှိထားတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

ပင်လည်ဘူးက တော်တော်ထိသွားတာ၊ ရွာထဲကို ပတ်ကြဲသွားတော့။ နေအိမ်တောင် ၁၅ လုံးလောက် မီးလောင်သွားတယ်။ သေဆုံးမှုတွေကတော့ အတိအကျတော့ မရှိဘူး။ စောင့်ကြည့်နေရတဲ့သူတွေလည်း ရှိတယ်တဲ့။ ချက်ချင်းသေဆုံးသွားတာကတော့  ယောက်ပဲလို့ သိရတယ်။

ဒါ့အပြင် ဒေသခံတစ်ဦးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း ကင်းပန်းကျေးရွာကို လေယာဉ်နဲ့ ဗုံး ၁၀ လုံးခန့် ကြဲချခဲ့ပြီး နေအိမ် ၁၅ လုံးခန့် ပျက်စီးခဲ့သလို ထိခိုက်သေဆုံးသူတွေလည်း များပြားတယ်လို့ ရေးသားထားပါတယ်။

ဒါပေမယ့် အဲဒီအချက်အလက်နဲ့ ထိခိုက်သေဆုံးသူ အရေအတွက်ကိုတော့ KNG အနေနဲ့ လက်ရှိအချိန်အထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် မနေ့က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကင်းပန်းကျေးရွာအပါအဝင် ပင်လည်ဘူးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ Pinlebu New Gen က သတိပေးထားတာ ဖြစ်ပါတယ်။

နောက်ဆုံးထုတ်ပြန်ချက်မှာလည်း ပင်လည်ဘူးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေအနေနဲ့ အထူးသတိထားကြဖို့နဲ့ လူစုလူဝေး မပြုလုပ်ကြဖို့ Pinlebu New Gen က ထပ်မံသတိပေးထားပါတယ်။

တစ်ဖက်မှာလည်း ဒေသတွင်းသတင်းတွေအရ ဗိုလ်နဂါးဦးဆောင်ခဲ့တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်မှူးနှစ်ဦးဟာ ကင်းပန်း ရွာမှာ ဆေးကုသမှုခံယူနေချိန် ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။

ခုလို BNRA တပ်မှူးနှစ်ဦး လွတ်မြောက်သွားပြီးနောက်နေ့ ဩဂုတ်လ ၁၆ ရက် နေ့မှာ သူတို့ ဆေးကုသမှုခံယူခဲ့တဲ့ ကင်းပန်းရွာမှာလေကြောင်းတိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီဖြစ်စဉ်နှစ်ခု ဆက်စပ်မှုရှိနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောဆိုမှုတွေရှိပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပင်လည်ဘူးမြို့နယ်ဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ တည်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ  ရက် မနက်ပိုင်းမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button