• Jan- 2021 -
    27 January
    ရွေးကောက်ပွဲဆိုင်ရာ

    ‘အကောင်းဆုံးက ညှိနှိုင်းအဖြေရှာပြီး လုပ်ဆောင်စေချင်တယ်’ ဦးကွမ်ကရောင်အောင်ခမ်းဖြင့် တွေ့ဆုံမေးမြန်းခြင်း

    ပြီးခဲ့သည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲစာရင်းမှားယွင်းမှုဖြစ်နိုင်သော စာရင်းများကို တပ်မတော်က ထုတ်ပြန်နေသည့်အပြင် ထပ်မံ စစ်ဆေးရန်လည်း တောင်းဆိုနေသည့် အချိန်ဖြစ်သည်။ ဇန်နဝါရီလ ၂၆ ရက်နေ့ ပြုလုပ်ခဲ့သော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးဟု ယူဆလို့မရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်း၏…

    Read More »
  • 27 January
    သတင်း

    ကချင်ပြည်နယ် အစိုးရအဖွဲ့ တင်ဒါအောင်မြင်သော ကုမ္ပဏီများကို ထပ်မံ စစ်ဆေးပေးရန် KSPP တောင်းဆို

    ၂၀၂၀ -၂၀၂၁ ကချင်ပြည်နယ်အတွင်း အစိုးရမှ ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်မည့်လုပ်ငန်းအတွက် တင်ဒါအောင်မြင်သူများစာရင်းတွင် အဂတိလိုက်စားမှု ရှိ မရှိ စစ်ဆေးပေးရန် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီ လူငယ်အဖွဲ့က တောင်းဆိုထားသည်။ အဆိုပါ တင်ဒါအောင်မြင်သည့်ကုမ္ပဏီစာရင်းတွင် ဒေသခံလုပ်ငန်းရှင်များကို ဦးစားပေးမှု အားနည်းနေခြင်းနှင့်…

    Read More »
  • 27 January
    သတင်း

    လယ်မြေ အကွက်ရိုက်ရောင်းချနေမှု တားမြစ်ခြင်းမှာ သိမ်းယူရန်မဟုတ်ဘဲ စနစ်တကျဆောင်ရွက်ရန်သာဖြစ်

    မြစ်ကြီးနားမြို့ လယ်ယာမြေပေါ်တွင် အိမ်အကွက်ရိုက်နေမှုကို တားမြစ်ထားခြင်းသည် ပြန်လည်သိမ်းယူရန်မဟုတ်ဘဲ စနစ်တကျလုပ်ထုံးလုပ်နည်း အတိုင်းဆောင်ရွက်ပေးသွားရန်သာဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။ “လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့နဲ့ ဒါတွေကိုဘယ်လိုလုပ်သွားမလဲ ဘယ်လိုအရေးယူသွားမလဲ၊ မြို့မြေဆို ဘယ်လိုလုပ်မယ် ဘယ်လိုသင်ပြမယ် ဒါကို ကျနော်တို့က စနစ်တကျဖြစ်စေတာပေါ့။…

    Read More »
  • 26 January
    သတင်း

    ဧရာဝတီ မြစ်ကူးတံတားအသစ်ကို ၃ နှစ်အတွင်း အပြီးတည်ဆောက်ရန် စီစဉ်နေ

    ကချင်ပြည်နယ် အရှေ့ဘက်နှင့် အနောက်ဘက်ကိုဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတားအသစ်တစ်ခုကို မြစ်ကြီးနား လက်ရှိ ဗလမင်းထင်တံတားဘေးတွင် ဆောက်လုပ်မည်ဖြစ်ပြီး ပြီးစီးရန် (၃)နှစ်အထိကြာမြင့်နိုင်ကြောင်း ကချင်ပြည်နယ်လမ်းတံတားအဖွဲ့ရုံးမှ သိရသည်။ အဆိုပါတံတားကို ပြည်ထောင်စုဘတ်ဂျတ်ငွေ ငွေလုံးငွေရင်း ရံပုံငွေ (၁)ဘီလီယံသုံးစွဲကာ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်လမ်းတံတားအထူးဖွဲ့(၁)မှ ဒုတိယညွှန်ကြားရေးမှူး…

    Read More »
  • 25 January
    သတင်း

    ကျေးရွာ ကျန်းမာရေးဆေးပေးခန်း မြေနေရာတွင် ဘာသာရေးအဆောက်အဦးတည်ဆောက်မှုအပေါ် ငွေပျော်ဒေသခံများ မလိုလား

    စစ်ပြေးဒုက္ခသည်များကို ပြန်လည်နေရာချထားပေးသည့် ငွေပျော်စံပြကျေးရွာတွင်  ကျေးရွာကျန်းမာရေးဆေးပေးခန်း တည်ဆောက်ရန်သတ်မှတ်ထားသည့် မြေနေရာတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတည်ဆောက်လိုက်မှုအပေါ် ပွင့်လင်းမြင်သာမှုရှိစေလိုကြောင်း ဒေသခံတစ်ချို့က ပြောဆိုနေကြသည်။ ၂၀၁၉ ခုနှစ်ကစပြီး ဘုန်းကြီးကျောင်း စတင်တည်ဆောက်လာတာ ဖြစ်ပြီး ကျေးရွာအုပ်ချူပ်ရေးမှူး တစ်ယောက်အနေဖြင့် အဆိုပါအကြောင်းအရာကို မသိရှိရသောကြောင့်…

    Read More »
  • 22 January
    သတင်း

    မြို့နယ်အဆင့်စည်ပင်ကော်မတီများကို ဖေဖော်ဝါရီလတွင် အပြီးဖွဲ့စည်းမည်

    ကချင်ပြည်နယ်အတွင်း မြို့နယ်အဆင့် စည်ပင်ကော်မတီဖွဲ့စည်းခြင်းကို လာမည့် ဖေဖော်ဝါရီလတွင် အပြီးတိုင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၀ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ပြန်လည်ပြင်ဆင်သည့် စည်ပင်ဥပဒေအရ ပြန်လည်ဖွဲ့စည်းသွားမည့် မြို့နယ်စည်ပင်သာယာရေးကော်မတီများ၏ သက်တမ်းသည် အစိုးရသက်တမ်းနှင့်အတူ (၅)နှစ်ထမ်းဆောင်ရမည်ဖြစ်သည်။ “အရင်တုန်းက ကော်မတီသက်တမ်းက…

    Read More »
  • 22 January
    သတင်း

    ရပ်ကျေး အုပ်ချုပ်ရေးမှူးများရွေးချယ်ရာမှာ မှတ်တမ်းနှင့်တကွ လုပ်ဆောင်မည်ဟု ဆို

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး အသစ်ပြန်လည်ရွေးချယ်ရာတွင် အငြင်းပွားမူများမဖြစ်အောင် မှတ်တမ်းနှင့်တကွ လုပ်ငန်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။ “ရပ်ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်တဲ့အချိန် အငြင်းပွားစရာ စောဒကတွေတက်မှာစိုးလို့ ဒီနေ့အုပ်ချုပ်ရေးမှူးတွေကို သင်တန်းပို့ချခြင်းဖြစ်တယ်။ တစ်ချို့ကဥပဒေကို မသိဘူး ကြေညာတော့…

    Read More »
  • 22 January
    သတင်း

    နမ်ကျင် ကျေးရွာအထက် လမ်းဘေးတောတစ်နေရာတွင် အမျိုးသမီးတစ်ဦး ဦးခေါင်းပြတ် သေဆုံးနေ

    မြစ်ကြီးနားမြို့နယ်၊ နမ်ကျင်ကျေးရွာအထက်၊ တိုင်ယူးယန် လမ်းဘေးရှိတောတစ်နေရာတွင် ဦးခေါင်းမပါရှိတော့သည့် အမျိုးသမီးတစ်ဦး သေဆုံးထားကြောင်း အလောင်းသွားရောက်မြင်တွေ့ခဲ့သည့် နမ်ကျင်ဒေသခံ ဦးလယန်ဂွမ်ပန်ထံမှ သိရသည်။ “ကျနောတို့ကိုလည်း အဲဒီမှာမီးသွေးဖိုက လူနှစ်ယောက်က ထင်းခုတ်သွားရင်းတွေ့လို့ အကြောင်းကြားလာတဲ့အတွက် တိုင်ယူးယန်က တာဝန်ရှိတဲ့သူ ၃ယောက်ရယ်၊ နောက်ပြီး…

    Read More »
  • 22 January
    သတင်း

    ကချင်ရိုးရာ ယဉ်ကျေးမှုပြတိုက်တည်ဆောက်နိုင်ရန် WHG စီစဉ်နေ

    ကချင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော စာကြည့်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်ကို မနောင်ကွင်းအတွင်း တည်ဆောက်ရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံကချင်လူမျိုးများရိုးရာယဉ်ကျေးမှုဗဟို WHG မှ သိရသည်။ ထိုသို့တည်ဆောက်နိုင်ရန် လိုအပ်သော ငွေသားကျပ်သိန်း ၂သောင်းကျော်ကို ငွေလုံးငွေရင်းချပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့် ထံသို့တင်ပြတောင်းဆိုထားသည်ဟု WHG ဥက္ကဌ…

    Read More »
  • 21 January
    သတင်း

    ဝိုင်းမော်တွင် ကိုဗစ် လူနာသစ် ၉ ဦး တွေ့ရှိ

    ဇန်နဝါရီလ ၂၁ ရက်နေ့ ဝိုင်းမော်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၉ ဦး ရှိကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ ၉ ဦးအနက် ၈ ဦးမှာ ဇန်နဝါရီလ ၁၉ရက်နေ့ ပိုးတွေ့လူနာများနှင့် ဆက်စပ်သူများဖြစ်ပြီး၊ ကျန်တစ်ဦးသည်…

    Read More »
Back to top button