သတင်း

ဝိုင်းမော်တွင် ကိုဗစ် လူနာသစ် ၉ ဦး တွေ့ရှိ

ဇန်နဝါရီလ ၂၁ ရက်နေ့ ဝိုင်းမော်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၉ ဦး ရှိကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ၉ ဦးအနက် ၈ ဦးမှာ ဇန်နဝါရီလ ၁၉ရက်နေ့ ပိုးတွေ့လူနာများနှင့် ဆက်စပ်သူများဖြစ်ပြီး၊ ကျန်တစ်ဦးသည် ကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်ကြောင်း ဝိုင်းမော်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းမြို့၏ လူမူကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

ကုန်တင်ယာဉ်မောင်းသည် ဝိုင်းမော်အားကစားရုံတွင် ကုန်ကားမောင်းသူများအား ပုံမှန်စစ်ဆေးရာမှတွေ့ရှိခြင်းဖြစ်ပြီး ကျန် ၈ဦးသည် မိုင်းနား မခေါယန်မှ အမျိုးသား ၅ဦးနှင့် အမျိုးသမီး ၃ဦးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယင်းပိုးတွေ့လူနာ ၉ဦးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမူ ခံယူနေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ပိုးတွေ့နူန်းပိုမိုများလာသည့်အတွက် ပြည်သူများအနေဖြင့် မလိုလျှင် အပြင်ထွက်ခြင်းမပြုရန် ကျန်းမာရေးဦးစီးဌာနက သတိပေးထားသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ကချင်ပြည်နယ်တစ်ပြည်လုံး ပိုးတွေ့လူနာ ၂၂ ဦးရှိခဲ့ပြီး ဖားကန့်မြို့နယ် ၁၁ ဦး၊ဝိုင်းမော်မြို့နယ် ၉ဦး၊ မြစ်ကြီနား ၂ဦး၊ မိုးကောင်း ၂ဦး၊ရွှေကူ ၁ဦး စုစုပေါင်း ၂၅ ဦးတွေ့ရှိကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်တွင်းရှိ မြို့နယ်များအနက် ပိုးတွေ့ရှိမူအများဆုံးမြို့နယ်သည် ဖားကန့်မြို့နယ် ၄၆၉ ဦးရှိပြီး၊မြစ်ကြီးနား ၁၃၇ဦး၊ရွှွေကူ ၉၆ဦး၊ မိုးညှင်း ၆၁ဦး၊မိုးကောင်း ၁၅ ဦး၊တနိုင်း ၁ဦး၊ပူတာအို ၁ဦးကာ စုစုပေါင်း ပိုးတွေ့ရှိခဲ့သည့်ဦးရေသည် ၈၁၀ ဦးရှိကြောင်းသိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ထိ ကချင်ပြည်နယ်တွင်း ပိုးတွေ့ရှိခဲ့သည့် ၈၁၀ ဦးအနက် လက်ရှိဆေးကုသမူခံယူနေသူ ၁၁၇ ဦး၊ဆေးရုံဆင်းပြီးသူ ၆၉၂ ဦးရှိကာ သေဆုံးသူ တစ်ဦးရှိခဲ့သည်။

Show More

Related Articles

Back to top button