ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် ကချင်ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆေးစစ်ချက်များထုတ်ပြန်ခြင်းမရှိသေးဘဲ အစိုးရ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ စတင်နေပြီ ဖြစ်ကြောင်း သိရသည်။ (more…)
ဖားကန့်မြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေသော သန်းဂေါင် (အောင်ဘာလေ) ကျေးရွာသားများအား အစိုးရစစ်တပ်က အကူညီပေးမည့်အဖွဲ့အများအပါအဝင် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) ကိုယ်စားလှယ်များကိုလည်း သွားရောက်တွေ့ဆုံခွင့် မပေးသောကြောင့် ၎င်းတို့အတွက် ရိက္ခာပြတ်လပ်မှုအခက်ခဲ စိုးရိမ်စရာရှိသည်ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။ (more…)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆန်းမြို့နယ် နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် အသက် ၂၀ နှစ်အရွယ် နှင့် အသက် ၂၁ နှစ်အရွယ်ရှိ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ဦးတို့ကို ဇန်နဝါရီလ ၁၉ ရက်ညက အစိုးရ စစ်တပ်မှ အဓမ္မပြုကျင့် သတ်ခံခဲ့သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် ကောင်ခါးကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ပြောသည်။ (more…)
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က ဖမ်းဆီးခဲ့သော အစိုးရ ရဲတပ်ဖွဲ့ သုံးဦးကို ဇန်နဝါရီလ ၁၉ ရက် ညနေတွင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှတဆင့် ဖားကန့်မြို့နယ် အစိုးရထံ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့(PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။ (more…)
ဖားကန့်မြို့နယ် သန်းဂေါင် (အောင်ဘာလေ) ကျေးရွာအနီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် အစိုးရ စစ်တပ်တို့အကြား ဇန်နဝါရီလ ၁၈ ရက် လေးရက်မြောက် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး ပိတ်မိနေသော ဒေသခံ ရွာသားများ စားနပ်ရိက္ခာ ပြတ်လပ်တော့မည် ဖြစ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) မှ တာဝန်ခံ ကိုစာဂျီက ပြောသည်။ (more…)
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်နှင့် အစိုးရ၏တပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၁၇ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီခန့်ထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားကာ ပိတ်မိနေသော ဘောင်ဘာလေ ဒေသခံများလည်း ပိတ်မိနေဆဲ ဖြစ်သည်ဟု KIA နှင့် ဖားကန့်ဒေသခံများက ပြောသည်။ (more…)
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဖမ်းဆီးထားသော အစိုးရ ရဲတပ်ဖွဲ့ ၃ ဦးကို မနက်ဖြန် ဇန်နဝါရီလန ၁၈ ရက်တွင် ဖားကန့်မြို့နယ် အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PGC) မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။ (more…)
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်နှင့် အစိုးရ စစ်တပ်တို့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၆ နာရီမှစတင်၍ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆန့်က ပြောသည်။ (more…)
ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူ သေဆုံးမှုအပေါ် စစ်ဆေးရန် တိုင်းတန်းခဲ့ရာမှ တရားစွဲခံထားရသူ ဦးဘရန်ရှောင်၏ တရားလို အစိုးရ စစ်တပ်၏ ဗိုလ်မှူး ဇာနည်မင်းပိုက်သည် တစ်နှစ်ကျော်ကြာ တရားရုံးသို့ တက်ရောက်ရန် ပျက်ကွက်ခဲ့ရာမှ ဇန်နဝါရီလ ၁၂ ရက်နေ့ ရုံးချိန်းသို့ ပြန်လည် တက်ရောက်ခဲ့သည်ဟု ဦးဘရန်ရှောင်က ပြောသည်။ (more…)