Covid-19 Reportingသတင်း

Covid ကာလ မြစ်ကြီးနားမြို့တွင် စားသောက်ဆိုင် ၁၀၀ ကျော် ပြန်လည်ဖွင့်လှစ်ရန်စီစဉ်နေ

မြစ်ကြီးနားမြို့ရှိ A အဆင့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကို ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်တော့မည်ဟု သိရသည်။

မြစ်ကြီးနားမြို့နယ်တွင် ဆိုင်ခန်းပေါင်း ၃၀၀ကျော်ရှိသည့်အနက် ဆိုင်ခန်းပေါင်း ၁၀၀ကျော်သာ A အဆင့် ကျန်းမာရေးညွှန်ကြားချက်နဲ့ကိုက်ညီသည့်အတွက် လာမည့် ဒီဇင်ဘာလဆိုင်းပိုင်းမှ စတင်ကာ ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။

 

“A အဆင့်ဆိုတာက ဆိုင်ကြီးတွေဖြစ်တယ်။ ဆိုင်အတွင်းမှာ Covid ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်နဲ့အညီ ၆ ပေအကွာမှာ ထိုင်စားလို့ရအောင် လုပ်ထားတဲ့ဆိုင်မျိုး၊ နောက်တစ်ခါ ဆိုင်ထဲမှာကောင်တာတွေ စနစ်တကျလုပ်ထားရမယ်။ ပြီးရင် လက်ဆေးမယ့်နေရာတွေ စနစ်တကျလုပ်ထားတာရှိရမယ်။ ဒီအချက်တွေ လုပ်ဆောင်နိုင်တဲ့ ဆိုင်မျိုးက မြစ်ကြီးနားမှာ ဆိုင်ပေါင်း ၁၀၀ ကျော်ဘဲရှိတယ်။ ဒီဆိုင်တွေကိုတော့ ဒီဇင်ဘာအတွင်း ဖွင့်နိုင်ဖို့ရန်အတွက် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။” ဟု ဆိုသည်။

အဆိုပါ ဆိုင်ခန်းများ ဖွင့်ပြီးနောက်တွင်လည်း ကျန်းမာရေးညွန်ကြားချက်များနဲ့ ကိုက်ညီမူရှိမရှိ ရှောင်သခင် စစ်ဆေးခြင်းမျိုးလည်း ဆောင်ရွက်ဖို့ရှိကြောင်း ၎င်းကဆက်ပြောသည်။

Covid-19 ကပ်ရောဂါဖြစ်ပွားမူသည် ၈ခန့်ကြာမြင့်လာပြီဖြစ်သည့်တွက် ပြည်သူများအနေဖြင့် စားဝတ်နေရေး အခက်ခဲများ ကြုံတွေ့လာရသောကြောင့် Gym ၊ အလှပြင်ဆိုင်များအပါအဝင် စားသောက်ဆိုင်အသေးများအား ဖွင့်ပေးရန် တောင်းဆိုထားခြင်းများလည်းရှိကြောင်း သိရသည်။

A အဆင့်ရှိသည့်ဆိုင်များသည် ဆိုင်ကြီးဖြစ်ကာ ဆိုင်ပေါင်း ၁၀၀ ကျော်ရှိသည်။ သို့သော် ကျန်သည့်ဆိုင်များသည် ဆိုင်သေးများဖြစ်ပြီး စားဝတ်နေရေးအမှန်တစ်ကယ် ခက်ခဲသည့် ပြည်သူများဖြစ်နေသည့်အတွက် A အဆင့်ဖွင့်ပြီးနောက် ယင်းဆိုင်အသေးများ ထပ်မံဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ဆိုသည်။

မြစ်ကြီးနားမြို့နယ်တွင် နိုဝင်ဘာ ၂၅ ရက်နေ့ထိ Covid-19 ပိုးတွေ့လူနာ ၂၇ ယောက်ရှိပြီး လက်ရှိ ကွာရန်တင်းဝင်နေသည့် လူဦးရေ စုစုပေါင်း ၁၀၀ ကျော်ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

Show More

Related Articles

Back to top button