-
Jul- 2023 -3 Julyစစ်ပြေးဒုက္ခသည်များ
နန့်သာကျေးရွာ လေးတံချောင်းတံတားမှာ စစ်တပ်က စစ်ဆေးမှုတင်းကြပ်နေပြီး သတ်ဖြတ်ခံရသူများရှိနေ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသ နန့်သာကျေးရွာမှာရှိတဲ့ လေးတန်ချောင်းကူးတံတားပေါ်မှာ စစ်ကောင်စီတပ်က ဂိတ်ထိုင်ပြီး အစစ်အဆေး တင်းကြပ်နေတဲ့အပြင် အရပ်သားပြည်သူတွေကို သတ်ဖြတ်တာတွေရှိနေတယ်လို့ အင်းတော်ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ အင်အား ၁၀၀ ဝန်းကျင်က မတ်လကနေစပြီး လေးတန်ချောင်းတံတားပေါ်မှာ ဂိတ်အထိုင်ချပြီးတော့ ခရီးသွားပြည်သူတွေနဲ့ မော်တိတ်ဒေသခံတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတဲ့အပြင် သံသယရှိတဲ့သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတာတွေလုပ်နေတယ်လို့ မော်တိတ်ဒေသ အောင်းကုန်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “နန့်သာရွာထဲမှာသတ်ခံရတာ…
Read More » -
3 Julyဖမ်းဆီးခံရမှု
ဖမ်းဆီးခံသွားရတဲ့ ဖားကန့်မော်ဝှမ်းရပ်ကွက်က မီးသတ်အရာရရှိပြန်မလွတ်လာသေး
ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်က မီးသတ်အရာရှိတစ်ယောက်ကို အမည် မသိလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကဖမ်းဆီးသွားပြီး ဒီနေ့အထိပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်မှာနေတဲ့ ကိုတင်ထွန်းနိုင် အသက် ၃၀ ကျော်ကို အမည်မသိလက်နက်ကိုင်ထားတဲ့လူ ၄ဦး အိမ်စီးကားအဖြူတစ်စီးနဲ့ရောက်လာပြီး ဇူလိုင်လ ၁ ရက်နေ့က ညနေ ၄နာရီဝန်းကျင်မှာ နေအိမ်ကနေလာဖမ်းသွာတာလို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပါသွားတာဟုတ်တယ် အိမ်ထဲကနေကိုဝင်ခေါ်သွားတယ်တဲ့ ဘယ်အဖွဲ့က ဖမ်းခေါ်သွားတာလည်း တော့သိကျမသိရသေးဘူး သူက မီးသတ်အရာရှိ တစ်ပွင့်ဗိုလ်တဲ့”လို့ ပြောပါတယ်။ ဖမ်းဆီးခံသွားရတဲ့ မီးသတ်အရာရရှိဟာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်နဲ့ပူးပေါင်း ဆောင်ရွက်နေတဲ့အတွက် ဖမ်းဆီးခံလိုက်ရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ “ဖမ်းခံလိုက်ရတာဟုတ်တယ် သူက ဒလံစာရင်းပေါက်ထားတဲ့သူဗျ စောင့်ကြည့်နေတာကြာပြီဗျသူ့ကို သပိတ်အဖွဲ့တွေဖမ်းခံတာ ဒါတွေကသူ့ကြောင့်လည်းပါတယ်ဗျ”လို့ ပြောပါတယ်။ ဒေသခံ တွေပြောဆိုချက်အရ ကိုတင်ထွန်းနိုင်ဟာ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ ဒလံသတင်းပေးလို့ဆိုပေမယ့် KNG ကသီးခြားအတည်ပြုထားခြင်းမရှိသေးတဲ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တရားဝင်ဖြေဆိုထားတာ မရှိသေးပါဘူး။ ဖားကန့် မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းတဲ့ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရဲနှင့် ပျူစောထီးလို့ သတင်းထွက်နေတဲ့ အရပ်သားတွေဖမ်းဆီးခံရမှုမကြာခနရှိနေသလို KIA၊ PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်ကအရပ်သားတွေကိုလည်း ဆက်တိုက်ဖမ်းဆီးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ဖားကန့်မြို့နယ်မှာပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း မြို့နယ်မီးသတ်ဦးစီးအရာရှိဦးပြည့်ငြိမ်းဆိုသူကို အမည်မသိလက် နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်သွားပြီး ယခုဖမ်းဆီးခံရမှုဖြစ်စဥ်ဟာ ဖားကန့်မြို့နယ်မှာမီးသတ်အရာရှိဖမ်းဆီးခံရမှု ဒုတိယအကြိမ် ဖြစ်ပါတယ်။
Read More » -
3 Julyတိုက်ပွဲ
နမ့်ဆန်ယန်မှာ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံများ ထွက်ပြေး
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်အနီး ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေထွက်ပြေးနေပြီလို့ သိရပါတယ်။ ယနေ့ နံနက် ၅ နာရီဝန်းကျင်ကစပြီး နမ်ဆန်ယန်တံတားမှာ စစ်ကောင်စီ စစ်ကြောင်း နှင့် KIA ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ၁၀ နာရီဝန်းကျင်မှာတော့ နမ်ဆန်ယန်ပြည်သူတွေ ခေတ္တထွက်ပြေးတိမ်းရှောင်ကြဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက…
Read More » -
Jun- 2023 -8 Juneလူ့အခွင့်အရေးချိုးဖောက်မှု
ခင်ဦးတွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ကျေးရွာ ၇၅ ရွာမီးရှို့ခံရ
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာပြီးနောက် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာ ၇၅ ရွာအထိ ရှိလာပြီး မီးဘေးသင့်ပြည်သူ ၃ သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ၂၀၂၃ ဖေဖော်ဝါရီလမှစပြီး…
Read More » -
8 Juneသတင်း
ရွှေတူးဖော်သည့်လုပ်ကွက်တွင် ဘက်ဟိုးမောင်းသည့် သားအဖ ၂ ဦးကို စစ်တပ် ဖမ်းဆီး
ကချင်ပြည်နယ် ရွှေကူမြို့နယ်အနောက်ဘက်ခြမ်း ငါးဘတ်ကြီးကျေးရွာတွင် စစ်ကောက်စီ စစ်ကြောင်းဝင်ရောက်လာချိန် ရွှေတူးဖော်နေသည့်လုပ်ငန်းခွင်မှ ဘက်ဟိုးမောင်းသည့် သားအဖနှစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၇ ရက်နေ့…
Read More » -
6 Juneမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ဒေသခံများကန့်ကွက်နေသည့်ကြား မြေရှားတူးဖော်ရန် KIO အစိုးရ ပြင်ဆင်နေ
ချီဖွေမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ ဌာနချုပ် ဖရေး (Hpare) ကျေးရွာအတွင်းထိ မြေရှားတူးဖော်ဝင်လာမှုအား ဒေသခံများ ကန့်ကွက်နေသည့်ကြား ဆက်လက်တူးဖော်ရန် KIO အစိုးရ ပြင်ဆင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဖရဲကျေးရွာအနီးတစ်ဝိုက် တောင်ကြောတစ်လျှောက်…
Read More » -
6 Juneစစ်ပြေးဒုက္ခသည်များ
နမ့်ဖက်ကာစစ်ရှောင်ပြည်သူများ ပြောင်းရွေ့နေထိုင်မည့် နေရာတွင် ရေအခက်အခဲရှိနေသည့်အတွက် အကူအညီ လိုအပ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ KBC စစ်ရှောင်စခန်းရှိ ပြည်သူများ ပြောင်းရွေ့နေထိုင်မည့် နေရာတွင် ရေအခက်အခဲရှိနေသည့်အတွက် အကူအညီလိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ KBC စစ်ရှောင်စခန်းမှ ပြည်သူများပြောင်းရွေ့နေထိုင်ရမည့် နမ့်ဖက်ကာ နယ်မြေ ၄ တွင် ရေအခက်ခဲများစွာရှိနေသေးကြောင်း…
Read More » -
2 Juneသတင်း
ကသာရှိ ကျေးရွာတစ်ရွာ မီးရှို့ဖျက်ဆီးခံပြီး နေအိမ် ၁၀၀ ကျော် မီးလောင်
ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဝင်ရောက်မီးရှို့ခဲ့သောကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။ ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ဘက်မှ ညောင်ခြေထောက် ကျေးရွာသို့ ဝင်ရောက်လာပြီး ထောက်ပို့ရွာဟုဆိုကာ…
Read More » -
2 Juneသတင်း
သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သည့် အမျိုးသား ၃ ဦးကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်
ပူတာအိုမြို့တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့သည့် အမျိုးသား ၃ ဦးကို ထောင်ဒဏ်အနှစ် ၂၀ အသီးသီး ချမှတ်လိုက်ပြီ ဖြစ်ကြောင်း ကျူးလွန်ခံရသည့် မိသားစုဝင်များထံမှ သိရသည်။ ပူတာအိုတွင် ယခုနှစ်ဆန်းပိုင်းအတွင်း သက်ငယ် မုဒိမ်းမှု ဖြစ်စဉ် ၂ ခုဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်များတွင်…
Read More » -
2 Juneသတင်း
ကနီတွင် ဆင်ဦးစီးမိသားစုများ ဝမ်းရေးခက်ခဲလာသဖြင့် ဆင်များကို စွန့်လွတ်ရမည့်အခြေအနေ ကြုံတွေ့နေရ
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ဆင်များကို ပြုစုစောင့်ရှောက်နေသော ဆင်ဦးစီးမိသားစုများသည် စားဝတ်နေရေးခက်ခဲလာသောကြောင့် ဆင်များကိုစွန့်လွှတ်ကာ နေရပ်ပြန်ရမည့်အခြေနေဖြင့် ကြုံတွေ့နေရသည်ဟု စုံစမ်းသိရှိရသည်။ ဆင်ဦးစီးများသည် CDM လုပ်ထားသူများဖြစ်ပြီး ဆင်များကို စေတနာ့ဝန်ထမ်းအနေဖြင့် စောင့်ရှောက်လာသည်မှာ ၂နှစ်ခန့်ရှိလာပြီဖြစ်သည်ဟု ကျောက်လုံးကြီးတပ်မဟာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “ဆင်ထိန်းတဲ့သူတွေအတွက် စားဖို့သောက်ဖို့ တော်တော်လေးခက်ခဲလာကြတယ်။ ဆင်ဦးစီးပြောတာက သူတို့က…
Read More »









