-
Mar- 2022 -30 Marchသတင်း
နန့်ပုတ်ချောင်းတံတား ပျဥ်ကားဖြတ်သန်းစဥ် ကျိုးကျ၊ ကားသမားသေဆုံး
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ နန့်ပုတ်ကျေးရွာ ချောင်းတံတား ပျဥ်သယ်လာသည့် ကားဖြတ်သန်းစဥ် ကျိုးကျ၍ ကားသမားသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဥ်မှာ မတ်လ ၂၉ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့ပြီး ပျဥ်တင်လာသည့်ကား နန့်ပုတ်ချောင်းတံတားပေါ်မှဖြတ်သန်းစဥ် ခံနိုင်ဝန်မမျှသဖြင့် တံတားကျိုးကျခဲ့ရာ…
Read More » -
29 Marchသတင်း
အရာတော်မြို့နယ်တွင် လူနေအိမ် ၃လုံး စစ်ကောင်စီ မီးရိူ့ဖျက်ဆီး၊ အသက်ကြီးရွယ်အို ၁ဦး မီးထဲသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ပါရမီးကျေးရွာတွင် လူနေအိမ် ၃လုံးကိုစစ်ကောာင်စီတပ်က မီးရိူ့ဖျက်စီးခဲ့ပြီး မီးရိူ့ဖျက်ဆီးမှုတွင် လေဖြတ်နေသည့် အသက်ကြီးရွယ်အို ၁ဦးလည်းမီးလောင်သေဆုံး သွားကြောင်း သိရသည်။ မတ်လ ၂၉ရက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောာင်စီစစ်တပ်နှင့် ရဲများသည် အင်အားအများအပြားဖြင့် ပါရမီကျေးရွာအတွင်းသို့ဝင်ရောက်လာပြီး…
Read More » -
27 Marchသတင်း
စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်သူများကိုမဖမ်းဘဲ လက်လုပ်လက်စားများကိုသာ ဖမ်းဆီးဟု ထောက်ပြ
ကချင်ပြည်နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုအများအပြားရှိနေသော်လည်း လက်လုပ်လက်စားအများစု လုပ်ကိုင်စားသောက်နေသော အာလမ်(ALAM) ကျေးရွာတစ်ခုကိုသာ စစ်ကောင်စီတပ်က ဖမ်းဆီးမှု ပြုလုပ်နေသည်ဟု ဧရာ၀တီမြစ်ကာကွယ်စောင့်ရှောက်သူတစ်ဦးက ထောက်ပြ ပြောဆိုသည်။ မြစ်ကြီးနားမြို့ရှိ အာလမ်ကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးရှိ လက်လုပ်လက်စားရွှေတူးဖော်မှုများနှင့် စက်ယန္တရားအချို့ကို စစ်ကောင်စီတပ်မှ…
Read More » -
23 Marchသတင်း
စစ်ကောင်စီ ခြေလျှင်တပ်အား မြို့လှ PDF တပ်မှ မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမူရှိနိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကသာနယ် ချောင်းဝရွာအနီး သင်္ဘောလုံခြုံရေးယူပေးရန် ခြေလျင်စစ်ကြောင်းဖြင့် ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မြို့လှ PDF တပ်ဖွဲ့က ယနေ့နံနက်ပိုင်း ၆နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ် အင်အား ၅၀ခန့်ရှိသည့် စစ်ကြောင်းက မင်းကျောင်းကုန်းရွာမှ ချောင်းဝရွာဖက်သို့ ကန်ဘောင်လမ်းအတိုင်း…
Read More » -
23 Marchသတင်း
KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ
ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှ ယနေ့ မတ် ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ကြောင်းသိရသည်။ “တရားရုံးကနေ ထောင်ဒဏ် ၂နှစ်ဆိုပြီး…
Read More » -
23 Marchသတင်း
မံစီ စစ်ရှောင်များ အစားအသောက် အခက်အခဲ ကြုံတွေ့နေရ
မံစီမြို့နယ် မိုင်းခေါင် စစ်ရှောင်ပြည်သူများ လက်ရှိတိုက်ပွဲအခြေအနေကြောင့် စစ်ရှောင်စခန်းအတွင်း လုံခြုံရေးအတွက်စိုးရိမ်နေရသည့်ကြား အစားအသောက်နှင့် အခြားကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ မံစီမြို့နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာပြီးနောက် မိုင်းခေါင် စစ်ရှောင်ပြည်သူများသည် လုံခြုံရေးအတွက် စိုးရိမ်နေရသည့်အပြင် အပြင်ထွက်အသက်မွေးဝမ်းကြောင်းပြုလုပ်ရန်မဖြစ်နိုင်သောကြောင့် အစားအသောက် အခက်အခဲကြုံနေရသည်ဟု…
Read More » -
22 Marchသတင်း
နှစ်ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးရသော ပူတာအိုတွင် ယခင်လထက် မီတာကြေး ပိုမိုကုန်ကျနေ
ကချင်ပြည်နယ် ပူတာအိုမြို့ ယခုမတ်လအတွင်း လျှပ်စစ်မီး နှစ်ရက်ခြားတစ်ကြိမ်သာ ရရှိသော်လည်း လျှပ်စစ်မီး အသုံးပြုခမှာ ယခင်လများထက် ပိုများနေကြောင်း ဒေသခံများပြောသည်။ ယခင်က တစ်ရက်လျှင် နံနက် ၉ နာရီ မှ ညနေ ၅နာရီထိ တစ်ကြိမ်…
Read More » -
21 Marchသတင်း
ဟိုပင် နန့်ရင်းဘက် စစ်ရေးတင်းမာမှုကြောင့် ပြည်သူများ စျေးဆိုင်ပိတ်ထားရ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းကျေးရွာဘက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ PDF နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေး ဆက်လက်တင်းမာနေသောကြောင့် နန့်ရင်းကျေးရွာပြည်သူများက စျေးဆိုင်များ ပိတ်ထားရကြောင်း သိရသည်။ ဟိုပင်မြို့နှင့် နှစ်မိုင်ခန့်ကွာဝေးသည့် နန့်ရင်းကျေးရွာ…
Read More » -
17 Marchဆန်းစစ်ချက် ဆောင်းပါး
PDF နှင့် LPDF ပူးပေါင်းမှု မရှိရင်၊ ပူးပေါင်းခဲ့ရင် ဘာဆက်ဖြစ်မလဲ
ဗန်းမော်မြို့ဟာ ကချင်ပြည်နယ် ဒုတိယ မြို့တော်ဖြစ်တဲ့အပြင် ခရိုင်ရုံး စိုက်တဲ့ မြို့တစ်ခုဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း နေ့စဉ်ဆိုသလို စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ လူထုလူပ်ရှားမှု အလွန်အားကောင်းခဲ့တဲ့ မြို့တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် လူထုလူပ်ရှားမှုတွေမှာ အားကောင်းခဲ့သလောက်…
Read More » -
17 Marchသတင်း
KIO ဗဟို ဌာနချုပ်အနီး ကားလမ်းဖောက်ရန် စစ်ကောင်စီ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲ ပြင်းထန်
KIO ဗဟိုဌာနချုပ်နဲ့ နီးတဲ့ ဖလပ်ဘွမ်ဘက်ကို စစ်ကောင်စီတပ်တွေဟာ လမ်းဖောက်စက် ယန္တရားတွေနဲ့အတူ တက်လာတာကြောင့် မတ်လ ၁၂ ရက်နေ့ ညနေပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့နယ် ဆမားကနေ တရုတ်နယ်စပ်အနီးက ပုန်းလိန်စခန်းအထိ လမ်းဖောက်ဖို့ အခုလို ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ KIO ဗဟိုဌာနချုပ်…
Read More »








