-
Jul- 2023 -21 Julyသတင်း
ဖားကန့် မြို့အဝင်က စစ်ကောင်စီစစ်ဆေးရေးဂိတ် KIA နှင့် PDF ကဝင်ရောက်တိုက်ခိုက်
ကချင်ပြည်နယ် ဖားကန့်မြို့အဝင်မှာရှိတဲ့ ပန်းတင်တံတားဂိတ် ဒီနေ့ မနက်ပိုင်း ၁ နာရီလောက်မှာ တိုက်ခိုက်ခံရတယ်လို့ ပန်းတင်တံတားဂိတ်နားနေထိုင်သူတွေက ပြောပါတယ်။ ”မနက်ကအိပ်ကောင်းနေတဲ့ချိန်အထိ တွေ ဒိန်း..ဒိန်း..ဒုန်း..ဒုန်းတော့ကြားလိုက်တယ်ဗျ။ လက်နက်ကြီးလည်း တစ်ချက် နှစ်ချက်ကြားတယ်။သေနတ်ငယ်သံတွေတော့ ဆက်တိုက်ပဲ တချို့က ပြာယာတွေခတ်သွားကြတာ ဘာဖြစ်တာလဲပေါ့။ ”လို့ ဖားကန့် အေးမြသာယာရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ အဲဒီဂိတ်ဟာ ဖားကန့်မြို့ အဝင်စစ်ဆေးရေးဂိတ်(ဒေသအခေါ်…
Read More » -
21 Julyသတင်း
ရွှေကူမှာ စစ်ကောင်စီစစ်ကြောင်းကို မြို့လှကာကွယ်ရေးတပ်ကတိုက်ခိုက် စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံး
ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးလောက်ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ မြို့လှကာကွယ်ရေးတပ်ကနေ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ မနေ့က မနက်ပိုင်း ၄ နာရီဝန်းကျင်မှာ ကျောက်ကြီးရွာကနေ ရွှေပဒေသာရွာကို အရင်ဝင်ရောက်လာခဲ့ပြီး ရွှေပဒေသာရွာမှာ ချက်ပြုတ်စားသောက်ပြီးနောက် ညနေ ၅နာရီဝန်းကျင်မှာ ဆင်တပ်ရာဘက်ကို ဆက်ပြီးစစ်ကြောင်းထိုးလာချိန် မြို့လှကာကွယ်ရေးတပ်က ဗိုလ်မိုးကြိုး ဦးစီးတဲ့အဖွဲ့ကနေ ဆင်တပ်ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “သူတို့က ရိက္ခာတင်သင်္ဘောတက်လာမယ့် လမ်းကြောင်းတစ်လျှောက် လမ်းကြောင်းရှင်းချင်တဲ့သဘော နယ်မြေရှင်လင်းရေးပုံစံနဲ့စစ်ကြောင်းထိုးလာတာ မိုင်း ၂ ကြိမ်ဆွဲခံလိုက်ရတော့ မနေ့သူတို့တော်တော်လေး အထိနာသွားတယ်” လို့ မြို့လှကာကွယ်ရေးတပ်က တာဝန်ရှိသူကပြောပါတယ်။ တိုက်ခိုက်ခံလိုက်ရတဲ့စစ်ကောင်စီတပ် စစ်ကြောင်းတွေကတော့ တပ်မ ၈၈ လက်အောက်ခံ…
Read More » -
20 Julyသတင်း
စစ်တပ်က ဖမ်းသွားတဲ့ ဂျာပူဒေသခံ ၃ ဦးပြန်လည်လွှတ်မြောက်လာ
မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ဂျာပူရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၃ ဦး ယနေ့ ပြန်လည်လွှတ်မြောက်လာပြီလို့ ဂျာပူရွာဒေသခံတွေကနေ သိရပါတယ်။ အဲဒီဂျာပူရွာဒေသခံ ၃ဦးကို စစ်ကောင်စီတပ် မနေ့ကဖမ်းဆီးခံသွားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ သက်ဆိုင်ရာစစ်ရှောင်တာဝန်ခံတွေအပါအဝင်ဘာသာရေး အဖွဲ့အစည်းတွေကနေ ဖမ်းဆီးခံသွားရသူ ၃ ဦးဟာ စစ်ရှောင်ပြည်သူတွေဖြစ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဂျာပူဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ “စစ်ရှောင်တာဝန်ခံနဲ့လူကြီးတွေက သွားပြောတာ စစ်ရှောင်တွေဖြစ်တယ် ပြန်လွှတ်ပေးဖို့ ပြောလို့ ဒီနေ့ပြန်လွှတ်ပေးလာပြီ” လို့ပြောပါတယ်။ ဖမ်းဆီးခံသွားရသူတွေက ဝိုင်းမော် မိုင်းနား KBC စစ်ရှောင်စခန်းနဲ့ RC စစ်ရှောင်စခန်းက ဦးမရူလှဒွဲနဲ့ အမည်မသိ နောက်ထပ်စစ်ရှောင် ၂ ဦးဖြစ်ပြီး ဇူလိုင်လ လဆန်းပိုင်းမှာ စစ်တပ်နဲ့ KIA တို့အကြား စစ်ရေးတင်းမာလာတဲ့အတွက် ဂျာပူရွာကနေ ဝိုင်းမော်မြို့နယ် ၊ မိုင်းနားစစ်ရှောင်သွားသူတွေဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်နေရာကနေ ဇူလိုင်လ ၁၉ ရက်နေ့ ရွာကို ခေတ္တခနပြန်လာချိန် စစ်တပ်က ဖမ်းဆီးသွားတာပါဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၁၈နေ့မှာလည်း ဒဘတ်ကျေးရွာက အရပ်သားပြည်သူ ၅ ဦးကိုဖမ်းဆီးသွားပြီးနောက် ပြန်လွှတ်ပေးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ လက်ရှိ နမ်ဆန်ယာန်အနီးတစ်ဝိုက်မှာတော့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြားမှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီးတော့ စစ်ကောင်စီတပ်ဘက်က ဒီည ၇ နာရီဝန်းကျင်မှာလည်း လိုင်ဇာဘက်ကို လက်နက်ကြီး ၂ကြိမ်ထက်မနည်း ပစ်ခတ်နေတယ်လို့လည်း လိုင်ဇာဒေသခံတွေကပြောပါတယ်။ မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ နမ်ဆန်ယာန်မှာ စစ်တပ်ကခြေကုပ်တပ်စွဲနေထိုင်နိုင်ဖို့ ကြိုးစားနေပြီး ဒီကနေ့ညမှာလည်း အလော့ဘွမ်ဘက်ကို စစ်အင်အားဖြည့်တင်းနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ နမ်ဆန်ယာန်မှာ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးလာရာကနေ လက်ရှိထိ နှစ်ဖက်စစ်ရေးတင်းမာနေတာပါ။
Read More » -
20 Julyသတင်း
ခင်ဦးမှာ လက်နက်ကြီးကြောင့် ၅ ရက်အတွင်း ကလေးငယ် ၁ ဦးအပါအဝင် ၄ဦးသေဆုံး
စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးပစ်ခတ်မူကြောင့် ၅ ရက်အတွင်းမှာ ကလေးငယ် ၁ဦးအပါအဝင် ၄ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီကနေ့မနက်ပိုင်း ၈နာရီဝန်းကျင်မှာ ရေဦးမြို့တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ခင်ဦးနယ် မူးသာရွာက ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးခဲ့ရတဲ့ အတွက် ၅ရက်အတွင်း သေဆုံးသူ၄ဦးအထိရှိလာတာဖြစ်ပါတယ်။ “သူတို့ကရေဦးနဲ့အစပ် ခင်ဦးဘက်ကရွာတွေကို လက်နက်ကြီးနဲ့ရမ်း သမ်းပစ်ခတ်နေတာ…
Read More » -
20 Julyသတင်း
ရွှေကူမြို့ဘက်ကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ
ကချင်ပြည်နယ် ရွှေကူမြို့နယ် တောပုန်းကျေးရွာကနေ မြို့ဘက်ကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ ရွှေကူကာကွယ်ရေးတပ်ကနေ သိရပါတယ်။ ဒီကနေ့ ဇူလိုင် ၂၀ ရက်နေ့ မနက် ၉နာရီလောက်မှာ ရွှေကူမြို့အောက်ဘက် တောပုန်းကျေးရွာကနေ ရွှေကူမြို့တွင်းဘက်ကိုတက်လာတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့စစ်ကြောင်းကို တောပုန်းရွာကနေ မြောက်ရွာကြားကလမ်းခုလတ်တစ်နေရာမှာ ရွှေကူPDF က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူ PDF နဲ့…
Read More » -
19 Julyသတင်း
ရွှေကူမြို့က ထွေအုပ်ရုံးနှင့်စည်ပင်ရုံးဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ဝန်ထမ်းနှစ်ဦးထိခိုက်ဒဏ်ရာရရှိ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ပေါ်က စစ်ကောင်စီလက်အောက် ထွေအုပ်ရုံးနှင့်စည်ပင်ရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတာကြောင့် ဝန်ထမ်းနှစ်ဦးထိခိုက်တဲ့အပြင် ရုံးအဆောက်အဉီးလည်းပျက်ဆီးသွားတယ်လို့ ရွှေကူမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ မြို့နယ် ထွေအုပ်ရုံးနဲ့ မြို့နယ်စည်ပင်ရုံးကို ဒီနေ့မနက် ၁၁ နာရီခွဲ အချိန်မှာ ရွှေကူ PDF က ဒရုန်းနဲ့ပစ်ခတ်…
Read More » -
19 Julyသတင်း
နောင်မွန်ဆေးရုံကြီးမှာ ဆေးဝါးလုံလောက်မှုမရှိတာကြောင့် ဒေသခံတွေအခက်တွေ့နေ
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာရှိတဲ့ ဆေးရုံကြီးမှာ ဆေးဝါးလုံလောက်မှုမရှိတဲ့အတွက် ဒေသခံ တွေအခက်အခဲဖြစ်နေတယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေကနေ သိရပါတယ်။ နောင်မွန်မြို့ပေါ်မှာရှိတဲ့ ပြည်သူဆေးရုံကြီးမှာ လွန်ခဲ့တဲ့ ၃လ လောက်ကနေစပြီး ဆေးဝါးတွေအလုံအလောက်မရှိတော့ တာကြောင့် ဆေးရုံတက်မယ့်လူနာတွေအခက်အခဲ ဖြစ်နေတယ်လို့ နောင်မွန်းမြို့ အမှတ် ၂ရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “ဆေးက တခါတလေဆို ပါရာတောင်မရှိဘူး အများပိုင်းကမရှိတာများတယ် ဆရာဝန်တစ်ယောက်နဲ့ဆရာမ…
Read More » -
19 Julyသတင်း
နမ့်ဖတ်ကာမှာ စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာနားမှာ စစ်ကောင်စီတပ်နဲ့KIA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်ကလက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာမှ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။ ဇူလိုင် ၁၈ မနေ့ကညနေပိုင်း ၃ နာရီလောက်ကနေ…
Read More » -
19 Julyသတင်း
ဗန်းမော်-မြစ်ကြီးနားလမ်း အိမ်စီးကားတစ်စီးပစ်ခံရပြီး တရုတ်လုပ်ငန်းရှင်အပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာရ
စစ်ရေးတင်းမာနေတဲ့ ဗန်းမော်-မြစ်ကြီးနားလမ်းမှာ မနေ့က အိမ်စီးကားတစ်စီးပစ်ခတ်ခံရပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ စကားပြန်မြန်မာအမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်သွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ ဇူလိုင်လ ၁၈ ရက် နေ့လည် ၁၂နာရီဝန်းကျင် မြစ်ကြီးနား-ဗန်းမော်လမ်း ဒဘတ်ယန်ရွာနဲ့ ဆမားရွာလမ်းခွဲအထက်မှာ မောင်းနှင်လာချိန် ပစ်ခတ်ခံရတာဖြစ်ပါတယ်။ “အဲလမ်းက ခုသွားလို့မရဘူးလေ သိသိရက်နဲ့မောင်းချလာတာ ဘယ်ဘက်ကပစ်လိုက်တာလဲ ဆိုတော့ မသိဘူး။ ခုအဲဒီနေရာမှာက ရွှေမင်းအဖွဲ့နဲ့ဒီဘက်ကလူတွေ စစ်ရေးတင်းမာ နေတဲ့ချိန်လေ” လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပစ်ခတ်ခံရတဲ့ ၂ ဦးအနက် တရုတ်လူမျိုး လုပ်ငန်းရှင်တစ်ဦးက ခြေထောက်ကျည်ထိမှန်သွားပြီး စကားပြန်အမျိုးသမီးက လည်ပင်းနဲ့နားမှာ ကျည်ထိမှန်ပြီးဒဏ်ရာပြင်းထန်တဲ့အတွက် ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံမှာဆေးကုမှုခံယူနေတယ်လို့ သိရပါတယ်။…
Read More » -
19 Julyသတင်း
ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် ဟုမ္မလင်းမြို့ပေါ်ရပ်တစ်ခုနဲ့ကျေးရွာ ၉ ရွာရေနှစ်မြှုပ်နေ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေတက်တာကြောင့် မြို့ပေါ်ရပ်တစ်ခုနှင့်ကျေးရွာ အများစုရေနှစ်မြှုပ်နေတယ်လို့ ဟုမ္မလင်းဒေသခံတွေကနေ သိရပါတယ်။ ဟုမ္မလင်းမြို့ပေါ်နဲ့အနီးဝန်းကျင်ကျေးရွာတစ်ဝိုက်မှာ မိုးရွာသွန်းတာ သုံးရက်လောက်သာရှိသေးပေမယ့် မြစ်ဖျားဘက်မှာ တစ်လနီးပါးကြာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ဇူလိုင် ၁၇ ရက်နေ့ညပိုင်းကစပြီး ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တစ်ခုနဲ့ကျေးရွာ ၉ ရွာထက်မနည်း ရေနှစ်မြှုပ်နေတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ဒီမြို့ပေါ်မှာတော့မိုးရွာတာသုံးရက်လောက်ပဲရှိသေးတယ် မြစ်ဖျားဘက်ဥရုချောင်းတွေဘက် မိုးများလို့မြစ်ရေတက်လာ မြို့ ပေါ်မှာတော့ရေနှစ်တာအရမ်းမဆိုးသေးဘူး ဒါပေမယ့်…
Read More »









