• Jun- 2025 -
    19 June
    အင်တာဗျူး

    KIO/KIA အစိုးရသိမ်းပိုက်ထားတဲ့နယ်မြေတွင်း ပညာရေးအခြေနေ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့ နေရာဒေသတွေများလာတာနဲ့အတူ အဲဒီနေရာဒေသတွင်းမှာလည်း စာသင်ကျောင်းတွေ ပိုမိုတိုးချဲ့ဖွင့်လှစ်လာနိုင်ပြီဖြစ်ပါတယ်။ ပြီးခဲ့ ၂၀၂၄– ၂၅ ပညာသင်နှစ်အထိ KIO အစိုးရအောက် အထက်တန်းကျောင်း ၂၅ ကျောင်း၊ အလယ်တန်းကျောင်း ၄၅ ကျောင်း၊ မူလတန်းကျောင်း ၁၇၁ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းပေါင်း ၄၄၄ ကျောင်းထိရှိလာခဲ့တာဘဲ ဖြစ်ပါတယ်။ ဒီနှစ်၂၀၂၅–၂၆ စာသင်နှစ်မှာတော့ စာသင်ကျောင်းတွေ ဘယ်လောက်ထိထပ်တိုးထားနိုင်ပြီလဲ။ KIO အစိုးရအောက် ပညာရေးဌာနကနေပြီးတော့ ဘယ်လိုသင်ကြားမှုပုံစံတွေနဲ့သင်ကြားနေလဲဆိုတာနဲ့ ပတ်သက်ပြီး KIO ပညာရေးဌာန ဒုတာဝန်ခံ ဆရာကြီး မလန်ဘရန်တောင်( Malang Brang Tawng) ကို KNG ကနေပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။   ။ ပထမဦးဆုံးအနေနဲ့ ၂၀၂၅–၂၆ပညာသင်နှစ်မှာ စာသင်ကျောင်းတွေဘယ်လောက်ထိပြန်လည်တိုးချဲ့ ဖွင့်လှစ်ထားနိုင်ပြီလဲ ဆရာ။ ဖြေ။   ။ အထက်တန်းကျောင်းအနေနဲ့ကတော့ ကေအိုင်အို ထိန်းချုပ်ရာ အရှေ့မြောက်ဒေသ(ချီဖွေ ပန်ဝါဒေသ)မှာ အထက်တန်းကျောင်း ၂ကျောင်း၊ အနောက်တောင်ဒေသ (တာမခံ၊ဆယ်ဇင်း)ဘက် ၂ကျောင်း၊ တပ်မဟာ၉(ဖားကန့်ဒေသ) ၁ကျောင်း၊ တပ်မဟာ ၁၁( မန်းဝင်းကြီးဒေသ)မှာ ၅ကျောင်း၊ ကေအိုင်အို ဗဟိုဌာနချုပ် ဒေသတစ်ဝိုက် ၃ကျောင်းထိ အသစ်ပြန်လည်ဖွင့်လှစ်ထားတယ်။ အလယ်တန်းကျောင်းကတော့ အရှေ့မြောက်ဒေသ(ချီဖွေ ၊ ပန်ဝါဒေသ)မှာ ၇ကျောင်း၊ တပ်မဟာ၉ (ဖားကန့်ဒေသ) ၃ကျောင်း၊ တပ်မဟာ၁၁(မန်းဝင်းကြီးဒေသ)ဘက်မှာတော့ ၁၅ကျောင်း၊, ဗဟိုဌာကချုပ်ဒေသ ဒေသတစ်ဝိုက် ၈ကျောင်း၊ တပ်မဟာ၁ မြောက်ပိုင်းဒေသ( ဆွမ်ပရာဘွမ်)ဘက်မှာတော့၂ကျောင်းထိ တိုးချဲ့ဖွင့်လှစ်ထားပါတယ်။ မူလတန်းကျောင်းတော့ အရမ်းများတော့ အတိအကျ မသိဘူး ၆၀ ဝန်းကျင်လောက်တော့ ရှိမယ်ထင်တယ်။ မေး။   ။ ဒီနှစ်ကျောင်းတက်မယ့်သူတွေအနေနဲ့ကော ကျောင်းအပ်ခတွေသွင်းရလားဗျ အဲတာနဲ့ ပက်သက်ပြီးတော့မှကော ဘယ်လိုညွှန်ကြားထားလဲ။  ဖြေ။   ။ ကျောင်းအပ်ခဆိုတာက ကျွန်တော်တို့အနေနဲ့ ကျောင်းခန်းမှာ လိုအပ်တဲ့ဟာသုံးဖို့အတွက် လုံလုံလောက်လောက်တော့ မပေးနိုင်ဘူး။ဒါကြောင့် ကျောင်းတိုင်းမှာ ကျောင်းကော်မတီဆိုတာရှိတယ်။ အဲဒီကျောင်းကော်မတီကနေပြီးတော့ ကျောင်းသားတစ်ဦးကိုတော့ ဘယ်လောက်လေးတော့ ထည့်ဝင်ခိုင်းရအောင်ဆိုပြီး ဆုံးဖြတ်တာမျိုးတော့ ရှိပါတယ်။ လုံးဝပိုက်ဆံ မကောက်ဘဲ ကျောင်းတက်နိုင်အောင် အရမ်းတော့ ကြိုးစားကြည့်ပေမယ့် မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ရုံးက ပိုက်ဆံက လုံလောက်စွာ မထုတ်ပေးနိုင်တဲ့အတွက် ကျောင်းလည်ပတ်နိုင်ဖို့အတွက်တော့ကျောင်းသားတွေဆီက နည်းနည်းပါးပါးတော့ကောက်ဖို့ လုပ်ထားပါတယ်။ ကျောင်းစာအုပ်တွေလည်း တချို့ အလကားပေးလို့ရတဲ့ဟာတွေ ရှိသလို အလကားပေးလို့ မရတဲ့စာအုပ်တွေကိုတော့ ပရင့်ပြန်ရိုက်ရတဲ့အတွက် ပရင့်တဲ့ကြေးကောက်တာတွေရှိပါတယ်။ မေး။   ။…

    Read More »
  • 19 June
    သတင်း

    စစ်ကောင်စီတပ် ဖားကန့်မြို့သို့ ထိုးဖောက်ဝင်ရောက်လာပြီးနောက် အရပ်သားသေဆုံးမှု နဲ့ ဒဏ်ရာ ရရှိမှု များပြားလာ

    ဖားကန့်မြို့သို့ စစ်ကောင်စီတပ် စစ်ကြောင်း ပထမဆုံး ထိုးဖောက်ဝင်ရောက်သွားတဲ့ ရက်သတ္တပတ် နှစ်ပတ်ကျော်အတွင်းမှာ အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်အထိ ရှိလာတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။ လဝါး – ကားမိုင်း…

    Read More »
  • 18 June
    သတင်း

    လူပေါင်းတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်ရဲ့ရေကြီးရေလျှံမှု

    ရေကြီးရေလျှံမှု ၂ နှစ်ဆက်တိုက်ကြုံတွေ့ခဲရတဲ့ ကချင်ဒေသမှာ ဒီနှစ်မှာလည်း မေခ၊မလိခမြစ်ရေ၊ဧရာဝတီမြစ်ရေမြင့်တက်မှ၊တောင်ကျချောင်းရေလျှံမှုကြောင့် အရပ်သားပြည်သူတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး ပြည်သူ ၆ ဦးသေဆုံးခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မေလ ၂၃ ရက်နေ့ကစပြီး ဇွန်လ ၂ ရက်နေ့အထိ ကချင်ပြည်နယ်အထက် ချီဖွေ၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး၊လန်ဆယ်၊ ဆဒုံး၊ကံပိုက်တည်နဲ့ ဝိုင်းမော်၊…

    Read More »
  • 18 June
    သတင်း

    KIO သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ အိမ်ထောင်စု၊ မှတ်ပုံတင် စတင်လုပ်ပေးနေ

    ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အစိုးရက သိမ်းပိုက်ရရှိထားတဲ့ ဒေသတွေမှာ အိမ်ထောင်စုနဲ့ မှတ်ပုံတင် စလုပ်ပေးနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ၂၀၁၉ သန်းခေါင်စာရင်းအရ ကချင်ပြည်နယ်မှာ လူဦးရေ တစ်သန်းကျော်ရှိပြီး ခရိုင်လေးခု၊ မြို့နယ်ပေါင်း ၁၈ မြို့၊ မြို့နယ်ခွဲပေါင်း…

    Read More »
  • 18 June
    သတင်း

    လုံးခင်းသင်္ချိုင်းမြေမှာ အကွက် ရိုက်နေရာချတဲ့ကိစ္စ ဖားကန့်တွေပြည်သူတွေကန့်ကွက်

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာရှိတဲ့ အများပိုင်သင်္ချိုင်းမြေနေရာပေါ်မှာ အာဏာရရှိထားတဲ့သူတွေက မြေနေရာတူးပြီး အကွက်ရိုက်နေရာချပေးဖို့ ပြင်ဆင်နေတဲ့အတွက် ဖားကန့်ပြည်သူတွေကန့်ကွက်နေကြပါတယ်။ လုံးခင်းကျေးရွာထဲမှာ ဘာသာပေါင်းစုံရဲ့လုံးခင်းသင်္ချိုင်းကုန်းအောက်ဘက်ခြမ်းနေရာကို ဖဲ့ယူပြီးမြေတူးဆွလိုက်တဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေ ထွက်ပေါ်ထွက်လာတဲ့ဓါတ်ပုံဟာ လူမူကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ လက်ရှိ အဲဒီသင်္ချိုင်းမြေနေရာမှာ…

    Read More »
  • 18 June
    သတင်း

    ဖားကန့်မှာ စစ်ကြောင်းမှူး ကျသွားတယ်လို့ သတင်းထွက်ပေါ်ပြီးနောက် နှစ်ဖက်တပ် စစ်ရေးပိုတင်းမာလာ

    ဖားကန့်မြို့နယ်ထဲမှာ မှော်လှည့်ပြီး ကုမ္မဏီဝင်းနေရာတွေ လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက စစ်ကြောင်းမှူးတိုက်ပွဲတွင်းကျသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာတဲ့နောက် စစ်ရေးပိုမိုတင်းမာလာနေတယ်လို့ KIA နဲ့နီးစပ်တဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ဇွန်လ ၁ ရက်နေ့ကစပြီး မှော်ဆီစာ ဘုရားကျောင်းကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA…

    Read More »
  • 17 June
    သတင်း

    မြစ်ကြီးနား – မန္တလေးကွင်းလမ်းပျက်စီးနေလို့ ကချင်မှာ စားသောက်ကုန်တစ်ချို့ပြတ်လပ်

    မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးပြီး ကုန်ကားတွေပိတ်မိနေတာကြောင့် ကချင်မှာစားသောက် ကုန်တစ်ချို့ပြတ်လပ်နေတယ်လို့သိရပါတယ်။ မန္တလေး – မြစ်ကြီးနားဗျူဟာ ကားလမ်းမကြီးကို စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ် ပေကြီး၊ဇီးကုန်းနဲ့စပယ်နံ့သာကျေးရွာတစ်လျှောက်မှာ ပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားအားလုံးကွင်းလမ်းလို့ခေါ်တဲ့ (မိုင် ၄၀ )လမ်းကို အသုံးပြုသွားလာနေရပြီး လက်ရှိ…

    Read More »
  • 17 June
    သတင်း

    လုံးခင်းမှာလက်နက်ကြီးကျ ပေါက်ကွဲလို့ မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရ

    ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကုဋေမှော်ကျေးရွာထဲမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက နတ်စင်အနောက်ဘက်ခြမ်းရှိ လူနေအိမ်မှာကျမှန်ပေါက်ကွဲလို့ မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်တွေလည်း တစ်စစီပျက်စီးသွားတယ်လို့ သိရပါတယ်။ ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း ၁၀…

    Read More »
  • 17 June
    သတင်းphoto- မြစ်ကြီးနားမြို့မြင်ကွင်း

    မြစ်ကြီးနားမြို့မှာ My Tel ဖုန်းလိုင်းပြန်ရ

    တစ်နှစ်နီးပါး ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမြို့မှာ Mytel အော်ပရေတာရဲ့ ဖုန်းလိုင်းတွေပြန်လည်ရရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်း ၈ နာရီလောက်ကစပြီး Mytel ဖုန်းလိုင်းတွေပြန်ရနေတာဖြစ်ပြီး အင်တာနက်လိုင်းတော့ပြန်မရသေးဘူးလို့ မြို့ခံတစ်ယောက်ကပြောပါတယ်။ “ကောင်းနေတာပဲ…

    Read More »
  • 16 June
    သတင်း

    မှော်ဝမ်းကလေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ပစ်ခတ်ခံရပါက ကျေးရွာပျက်စီးသွားမယ်လို့ ခြိမ်းခြောက်နေ

    စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မှော်ဝမ်းကလေး ဘုရားဝင်းနဲ့ မီတာ ၃၀၀ အကွာလောက်မှာရှိနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပစ်ခတ်တာတွေမလုပ်ဖို့နဲ့ ပစ်ခတ်လာပါက ကျေးရွာပျက်စီးသွားမှာဖြစ်တယ်လို့ စစ်တပ်ဘက်ကခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

    Read More »
Back to top button