• Jun- 2025 -
    6 June
    သတင်း

    ကချင်မှာတစ်လအတွင်း အရပ်သား ၃၈ ဦး သတ်ဖြတ်ခံရတယ်လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ပြော

    ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုကို မတရားသတ်ဖြတ်ခြင်းနှင့်ဖမ်းဆီးခြင်းများကို ဆက်လက်ကျူးလွန်နေပြီး ပြီးခဲ့တဲ့မေလတစ်လအတွင်း အရပ်သား ၃၈ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ (KHRW )က ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထဲက အရပ်သား ၃၀ ဦးဟာ မေလ ၈ ရက်နေ့ ဗန်းမော်ြမို့ပေါ်ဘုန်းကြီးတစ်ခုမှာခိုလှုံနေတဲ့ ဒေသခံစစ်ရှောင်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေကယ်ထုတ်နေချိန် စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်မှာသေဆုံးခဲ့ရတာလို့ KHRW ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါ့အပြင် နောက်ထပ်သေဆုံးခဲ့ရတဲ့ဖြစ်စဥ်တွေကတော့ ဖားကန့်မြို့နယ် ဆိုင်းဖရာရွာ၊ လုံးခင်းရွာ နဲ့ မိုးညှင်းမြို့နယ် ဟဲပါရွာတို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးတဲ့ချိန်ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာမှာတွေ့ရပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့်ဘေးလွှတ်ရာကိုစွန့်ခွာရသူတွေလည်းများလာသလို နေစရာအခက်အခဲ အကြပ်အတည်းဖြစ်လာပေမယ့် နိုင်ငံတကာအကူညီတွေက ပိုလျော့နည်းလာတယ်လို့ KHRW ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ကပြောပါတယ်။ “အရပ်သားပြည်သူတွေထွက်ပြေးနေတဲ့နေရာတွေမှာနေဖို့နေရာ Shelter တွေကမရှိသလောက်ဖြစ်နေပြီ။ တော်တော် ခက်ခဲနေတဲ့အခြေနေပါ။ နောက်တစ်ခုကတော့ အခြေခံအစားအသောက်၊ နိုင်ငံတကာကနေလူသားချင်းစာနာမှုအကူညီလည်း မရှိသလောက်နည်းသွားပါပြီ”လို့ ကိုဂျေကော့ကဖြည့်စွက်ပါတယ်။…

    Read More »
  • 5 June
    သတင်း

    ပန်နန်းဒင်မြို့အဝင် တံတားအပါ ကျေးရွာချင်းဆက် တံတား ၅ ခုအထိရေထဲမျောပါသွား

    ကချင်ပြည်နယ် နောင်မွန်မြို့နယ်ထဲမှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပန်နန်းဒင်မြို့အဝင်တံတားအပါအဝင် ကျေးရွာချင်းဆက်တံတား ၅ ခု အထိ ရေစီးထဲ မျောပါသွားကြောင်းသိရပါတယ်။ နောင်မွန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်ကတည်းက မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် တောင်ကျ ချောင်းရေကြီးတာ၊ မေခနဲ့ မလိခ ချောင်းရေမြင့်တက်တာတွေကြောင့် ပန်နန်းဒင်မြို့အဝင်…

    Read More »
  • 5 June
    သတင်း

    လက်လွတ်လိုက်ရတဲ့ နေရာတွေကို ရယူဖို့ ကြိုးပမ်းနေတဲ့ စစ်တပ် နဲ့ KIA တိုက်ပွဲဖြစ်

    ဖားကန့်မှာ စစ်ကောင်စီတပ် လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရယူဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီလို့ ဖားကန့်ဒေသခံတွေ ဆီကနေ သိရပါတယ်။ မေလကုန်ပိုင်း ဖားကန့်မြို့ထဲကို စစ်ကြောင်းဝင်ရောက်သွားပြီးနောက် မှော်ဆီစာကျေးရွာအတွင်းက တစ်သုံးလုံး၊ တင်အောင်ကြိုင် စတဲ့ လုပ်ကွက်ကုမ္ပဏီရှိ စက်ယန္တရားတွေကို…

    Read More »
  • 4 June
    သတင်း

    ရွှေကူ-ဗန်းမော်မြို့နယ်များတွင် ပြည်သူ့ပညာရေးကျောင်းတချို့ လွတ်လပ်စွာသင်ကြားခွင့် KIO သို့ တောင်းဆို

    ရွှေကူမြို့နယ် နဲ့ ဗန်းမော်မြို့နယ်တွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ချိတ်ဆက်နေတဲ့ ပြည်သူ့ပညာရေးကျောင်းတွေ အနေနဲ့ လက်ရှိကာလမှာ လွတ်လပ်စွာ ပညာသင်ကြားပေးနိုင်ခွင့်ကို လိုလားတယ်လို့ သက်ဆိုင်ရာ ပညာရေး ဝန်ထမ်းတွေက KIO အစိုးရကို တောင်းဆိုထားပါတယ်။ လက်ရှိ…

    Read More »
  • 4 June
    သတင်း

    အိမ်ခြေ ၁၄ အိမ်ရှိတဲ့ တလာထုကျေးရွာ လူနေအိမ် ၁၀ လုံး ရေထဲမျောပါသွား

    ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်ထဲက တလာထုကျေးရွာတစ်ရွာလုံးနီးပါး ရေထဲမျောပါသွားတယ်လို့ သိရပါတယ်။ နောင်မွန်းမြို့နယ်မှာ ပြီးခဲ့တဲ့အပတ်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မေခချောင်းရေ မြင့်တက်ခဲ့မှုကြောင့် တလောထုကျေးရွာ ထဲက အိမ်ခြေ ၁၀ ခု ရေထဲမျောပါသွားပြီး လေးအိမ်သာကျန်ခဲ့တယ်လို့ နောင်မွန်းမြို့ခံအမျိုးသမီး တစ်ဦးက…

    Read More »
  • 4 June
    သတင်း

    မိုးရာသီဝင်ရောက်လာသည်နှင့် စစ်ရှောင်များ ရာသီတုပ်ကွေးနဲ့ ဖျားနားမှု ကြုံတွေ့နေရ

    ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် တောတွင်းတဲများဖြင့် စစ်ဘေးရှောင်နေကြရသော ပြည်သူများသည် မိုးရာသီစတင် ဝင်ရောက်လာသည်နှင့်အတူ ရာသီတုပ်ကွေးနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားနေပြီး အမိုးအကာ ပြဿနာများ ကြုံတွေ့နေရကြောင်း သိရသည်။ ဆွမ်ပရာဘွမ်မြို့နယ်နှင့် ပူတာအိုမြို့နယ်ကြားရှိ တောတွင်းတစ်နေရာတွင် စစ်ဘေးရှောင်နေကြရသော ဆွမ်ပီယန်ပြည်သူများသည် တောတွင်းတဲထိုးပြီး…

    Read More »
  • 3 June
    သတင်း

    ဖားကန့်မှာ စစ်တပ်က ကျောက်စိမ်းကုမ္ပဏီတွေရဲ့ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးနေ

    ဖားကန့်မြို့ကို ရောက်လာတဲ့ စစ်ကောင်စီတပ်တွေက အာဏာပြန်ရယူဖို့အတွက် ကျောက်စိမ်းကုမ္ပဏီတွေရဲ့ အဆောက်အဦးတွေ၊ ဘက်ဟိုးတွေ၊ မြေသယ်ယာဉ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှော်ဆီစာကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေ စစ်အင်အားပြ စစ်ရေးလှုပ်ရှားနေကြတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။…

    Read More »
  • 3 June
    သတင်း

    တောင်ကျချောင်းရေကြီးမှုကြောင့် ဆဒုံးဒေသခံ ၅ ဦး သေဆုံး၊ အလောင်း ၁ ခုသာ တွေ့ရှိ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အနီးရှိ ကျေးရွာ ၃ ရွာတွင် တောင်ကျချောင်းရေကြီးမှုကြောင့် သေဆုံးခဲ့ရသော ဒေသခံ ၅ ဦးအနက် ၁ ဦး၏ အလောင်းသာ တွေ့ရှိရပြီး ရေဘေးသင့်ပြည်သူများအတွက် ကူညီမှုများ လိုအပ်နေကြောင်း သိရသည်။ ဆဒုံးမြို့အနီး…

    Read More »
  • 3 June
    သတင်း

    ဖားကန့် ကျောက်မျက်ကုမ္ပဏီ ပေါက်ကွဲမှု ၂ ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူ များပြား

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲက ကျောက်မျက်ကုမ္ပဏီဝင်းတစ်ခုအတွင်း ပေါက်ကွဲမှုမှာ ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်လို့ KNG က စုံစမ်း သိရှိရပါတယ်။ ဒီနေ့ ဇွန်လ ၃ ရက်နေ့ နေ့လည်…

    Read More »
  • 3 June
    သတင်း

    လမ်းပိုင်းမြေပြိုမှုကြောင့် ရေဘေးသင့်ချီဖွေဒေသမှာကုန်စည်ပြတ်လပ်နိုင်

    ကချင်ပြည်နယ်အထက်ပိုင်း မေခမြစ်ရှိရာဒေသတစ်ဝှိုက် မိုးသည်းထန်စွာရွာသွန်းနေလို့ ချီဖွေ–ဝိုင်းမော် လမ်းပိုင်းမြေပြိုမှု တွေဖြစ်နေပြီး ရေဘေးဒဏ်ကြုံထားရတဲ့ချီဖွေဒေသခံတွေ ကုန်ပစ္စည်းပြတ်လပ်မှာကိုစိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကစလို့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လန်ဆယ် ဒေသတို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် စစ်ရှောင်စခန်း၊ ဒေသခံတွေနေအိမ်တစ်ချို့အပါအဝင်…

    Read More »
Back to top button