ဖမ်းဆီးခံရမှု
-
Aug- 2025 -21 August
SNA တပ် မတရားဖမ်းဆီးမှုကြောင့် လယ်လုပ်ဖို့ ခက်ခဲလာတယ်လို့ ဒေသခံတွေပြော
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွေမှာ SNA တပ်ရဲ့တပ်သားသစ် ဖမ်းဆီးမှုတွေကြောင့် ဒေသခံပြည်သူများ လယ်လုပ်ဖို့ ပိုခက်ခဲလာတယ်လို့ သိရပါတယ်။ စစ်တပ်လက်အောက်ခံတပ်ဖြစ်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဟာ မိုးညှင်းမြို့အဝင်ထွက်နဲ့ မြို့တွင်းလက်ဖက်ရည်ဆိုင်၊ wifi၊ ဘိလိယက်ခုံမှာရှိနေတဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ်ဖမ်းဆီးတာအပြင် ခုနောက်ပိုင်း…
Read More » -
Jun- 2025 -11 June
ကုမ္ပဏီဝန်းထမ်း ၃ ဦးကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထား
ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာအုပ်စု ယူမာကျေးရွာရှိ အေးဗားကုမ္ပဏီဝင်းအတွင်း တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်က ကုမ္ပဏီဝန်ထမ်း ၃ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က အေးဗားကုမ္ပဏီဝန်ထမ်းများကို ကုမ္ပဏီဝင်းအတွင်းမှ ထွက်ခွာသွားဖို့ သတိပေးပြောဆိုထားပြီးနောက်…
Read More » -
11 June
ဟုမ္မလင်းမြို့ပေါ်မှာ အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်မှာ စစ်တပ်လက်အောက်ခံပြည်သူ့စစ်ပူးပေါင်းတပ်က အရပ်သားတွေကိုဆက်တိုက်ဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ မေလ လဆန်းပိုင်းကစလို့ ည ၇ နာရီနောက်ပိုင်းအပြင်ထွက်တဲ့ အရပ်သားအားလုံး ကလေး၊လူကြီးမရွေးဖမ်းဆီးနေတာလို့ ဟုမ္မလင်းမြို့နေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အစကတော့ အသက် ၁၈နှစ်ကနေ ၃၅…
Read More » -
10 June
ကချင်မှာ လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီးမှုကြောင့် ကျောင်းသားမိဘများအခက်တွေ့
ကချင်ပြည်နယ်မှာ လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီးမှုကြောင့် ကျောင်းကြို၊ကျောင်းပို့လုပ်နေရတဲ့ ကျောင်းသားမိဘတွေ အဖက်ဖက်ကနေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ အစည်းဝေးတစ်ခုမှာ စစ်ခေါင်းဆောင်က နိုင်ငံတဝန်း လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် အခွန်အခနစ်နာနေကြောင်းနှင့် လုံခြုံရေးဆိုင်ရာ…
Read More » -
Apr- 2025 -4 April
မိုးညှင်းမှာ လူငယ် ၅၀ ဦးဝန်းကျင် ဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့ တက္ကသိုလ်ကျောင်းအနီး လူငယ် ၅၀ ဦးခန့် ဖမ်းဆီးခံရတယ်လို့ မိုးညှင်းဒေသခံ တွေပြောပါတယ်။ ဧပြီလ ၂ ရက်နေ့၊ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင် ရှမ်းနီအမျိုးသားများတပ်မတော်( SNA) တပ်နဲ့…
Read More » -
Jan- 2025 -6 January
စက်သုံးဆီ တင်ပို့သူ ၁၇ ဦး နဲ့ ဆီဂါလန် ၆ သောင်းကျော်ကို စစ်ကောင်စီ ဖမ်းဆီး
ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်း အပါအဝင် ဒေသတစ်ချို့ကို တရားမဝင် စက်သုံးဆီတင်ပို့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တင်ပို့သူ ၁၇ ဦးနဲ့ စက်သုံးဆီမျိုးစုံ ဂါလန်ပေါင်း ၆ သောင်းကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဇန်နဝါရီလ ၂ ရက်နေ့မှာ စစ်ကောင်စီတပ် ထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊…
Read More » -
Dec- 2024 -11 December
ပူတာအို-မြစ်ကြီးနားကားလမ်းပိုင်း လူငယ်တွေခရီးသွားခွင့်ပိတ်ခံရ
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း စစ်ကောင်စီတပ်က လူငယ်တွေကိုခရီးခွင့်မပြုပဲ ပိတ်ပင်နေတယ်လို့ ပူတာအိုဒေသခံဆီက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်ကစလို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း ခရီးသည်ကားနဲ့လိုက်ပါလာတဲ့ လူငယ်တွေကို စစ်တပ်စစ်ဆေးရေးဂိတ်တွေကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း မောင်းနှင်နေတဲ့ကားသမားတစ်ဦး KNG ကိုပြောပါတယ်။ “အတက်လည်းမရဘူး။ အဆင်းလည်းမရဘူး လူပျိူလူလွတ်ဆိုရင်ကိုမရတာ မြစ်ကြီးနားကနေတက်လာတဲ့လူဆိုရင် မြစ်ဆုံကနေပြန်ခေါက်ခိုင်းတယ်။ အဲ့ကြောင့်ခုနောက်ပိုင်းလူပျိုလူလွတ်တွေမတင်တော့ဘူး”လို့ အသက် ၄၀ ဝန်းကျင်အရွယ်ကားသမားတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ခရီးသွားလူငယ်တွေကို မြစ်ဆုံအနီး တန်ဖရဲစစ်ဆေးရေးဂိတ်ကနေပြန်ခေါက်ခ်ိုင်းသလို၊ ပူတာအိုကနေ မြစ်ကြီးနားဆင်းမယ့် ခရီးသွားလူငယ်တွေကိုလည်း လုံရှာယာန်ကျေးရွာရှိ စစ်တပ်ဆေးရေးဂိတ်ကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ကားသမားတွေကဆိုပါတယ်။ စစ်ကောင်စီတပ် အခုလိုလုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက ခုလိုသုံးသပ်ပြောဆိုပါတယ်။ “အဓိကတော့ ပူတာအို– မြစ်ကြီးနားလမ်းပိုင်းမှာရှိတဲ့ PDF တွေထဲကို လူငယ်တွေရောက်သွားမှာဆိုးလို့ တားမြစ်ထားတဲ့သဘောပါပဲ။ ပြီးခဲ့တဲ့နှစ်တွေကလည်း လူငယ်တွေအများကြီးရောက်သွားတယ်လေး ဟိုဘက်(PDF) ဘက်က လူသစ်စုတဲ့နေရာမှာ ကားနဲ့ခရီးသွားတဲ့လူငယ်တွေကိုလည်းပစ်မှတ်ထားစုဆောင်းတော့ အခုနောက်ပိုင်း တားမြစ်ထားတဲ့ပုံစံပါပဲ”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ စစ်ကောင်စီတပ်က ပူတာ– အိုမြစ်ကြီးနားလမ်းပိုင်း ခရီးသွားလူငယ်တွေကို အခုလိုတားမြစ်တာမျိုးရှိနေသလို ပူတာအိုကနေ မြစ်ကြီးနားဆင်းမယ့်ခရီးသည်တွေကိုလည်း ပူတာအိုမြို့တွင်းတပ်ခ.လ.ရ ၄၆ တပ်ထဲမှာ နာမည်စာရင်းကြိုပေးသွင်းခိုင်းတာမျိုးတွေလည်း လုပ်ဆောင်နေပါတယ်။ ပူတာအိုမြို့က မြစ်ကြီးနားနဲ့ ၂၃၈ မိုင်ခန့်ကွာမှာရှိပြီး ပူတာအိုမြို့မရောက်ခင် ဆွမ်ပရာဘွမ်မြို့ကို KIA ပူး ပေါင်းတပ်က ဒီနှစ် မေလအတွင်း သိမ်းပိုက်ထားပါတယ်။ By – Zaw Zaw
Read More » -
6 December
မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA ဖမ်းဆီးထား
ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာစာသင်ကျောင်းမှာ တပ်မစွဲဖို့ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA တပ်က ဖမ်းဆီးထားပြီး စာသင်ကျောင်းကိုလည်း ပိတ်ပေးလိုက်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ မူဆယ်မြို့နဲ့ နမ့်ဖတ်ကာမြို့ကြား ခိုမုန်းကျေးရွာအနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းကို တအာင်းလွတ်မြောက် ရေးတပ်မတော် TNLA တပ်က နိုဝင်ဘာလ ၂၅ ရက်နေ့ အတင်းအဓ္ဓမတပ်စွဲလိုက်တာကြောင့် နိုဝင်ဘာ ၃၀ ရက်နေ့ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ၊ ကျောင်းသားမိဘ၊ ကျောင်းကော်မတီတွေနဲ့ ကျောင်းဆရာဆရာမအားလုံး TNLA ကို ကျောင်းနေရာကနေ ဖယ်ပေးဖို့ သွားတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် TNLA တပ်ဘက်က ဒေသခံကျောင်းသားမိဘ၊ ရွာသားတွေကို သေနတ်ခြိမ်းခြောက်တာအပြင် ကလေးတွေ စာသင်နေတဲ့ကျောင်းကိုလည်း သစ်သားနဲ့ပိတ်ပေးလိုက်ပြီး ကျောင်းရှေ့ကချင်အမျိုးသားအလံကို ဆွဲဖြုတ်လိုက် တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၂ ရက်နေ့နဲ့ ဒီဇင်ဘာ ၃ ရက်နေ့ ကျောင်းသားမိဘတွေ TNLA ကာထားတဲ့ သစ်သားတွေကို ပြန်ဖယ်လိုက်ပြီး ကျောင်းဆက်တက်ကြပေမယ့် ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲမှာ TNLA တပ်က အသက် ၃၀ အရွယ်ရှိ ကျေးရွာအုပ်ချူပ်ရေးမှူး ဦးကျော်လွန်ကို နေအိမ်ကနေ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ပြောပါတယ်။ “ရွာက အုပ်ချူပ်ရေးတာဝန်ယူထားသူကိုဖမ်းသွားတယ်။ သူတို့လာဖမ်းတဲ့အချိန် သေနတ်တွေပစ်ဖောက်ခြိမ်းခြောက်ပြီးဖမ်းဆီးသွားတယ်။ အဲဒါအပြင် အခု ကျောင်းကိုသူတို့က ပိတ်ပေးလိုက်တယ်။ အဲဒါကြောင့် ဒီတစ်ပတ်လုံး ကလေးတွေ စာမသင်ရပဲ နေနေတယ်။ ဘယ်လိုလုပ်ရမလဲတောင်မသိတော့ပါဘူး။”လို့ မန်ပိန်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ TNLA တပ်ဖွဲ့ဟာ စာသင်ကျောင်းမှာ တပ်ချခွင့်မရလို့ဆိုပြီး ကျောင်းကို ပိတ်ထားပေးတဲ့အတွက် တစ်ပတ်လုံး ကလေးတွေကျောင်းမတက်ရပဲ ရပ်နားထားရတယ်လို့…
Read More » -
Nov- 2024 -11 November
SNA တပ်သားသုံးဦး PDF ထိန်းချုပ်ထားတဲ့ရွာဘက် ဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေ၊ တစ်ဦးဖမ်းခံရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ SNA တပ်သားသုံးဦး PDF တပ်ထိန်းချုပ်ထားတဲ့နယ်မြေထဲဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး SNA တစ်ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိထားပြီး နောက်တစ်ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်အချိန် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ထဲက တပ်သားသုံးဦး ဟုမ္မလင်းမြို့နယ် PDF တပ်ပေါင်းစုထိန်းချုပ်ထားတဲ့ နောင်ပိုအောင်ကျေးရွာ သဲနုတ်ဆွတ်ကျေးရွာ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်ရောက်လာရာကနေ ပစ်ခတ်မှုဖြစ်တာလို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “SNA သုံးယောက်ကနယ်မြေကျူးကျော်လာတာ သဲနုတ်ဆွတ်က PDF တွေပိုင်နက်လေး အဲ့မှာလာစားသောက်ကြတာ PDF တွေသိသွားတော့ဝင်ပစ်တာ တစ်ယောက်ကပွဲချင်းပြီးတစ်ယောက်မိတယ် တစ်ယောက်ကထွက်ပြေးသွားတယ်”လို့ သူကပြောပါတယ်။ ပစ်ခတ်မှုအတွင်းသေဆုံးသွားတဲ့ SNA တပ်ဖွဲ့ဝင်ဟာ လက်ရှိ ဆပ်ကယားကျေးရွာမှာနေထိုင်တဲ့သဲနုတ်ဆွတ်ကျေးဇာတိဖြစ်ပြီး အသက် ၂၀ ကျော် အရွယ်ရှိ အမည်(စုံစမ်းဆဲ) ဖြစ်ပြီး ဖမ်းဆီးထားသူကိုလည်း စစ်ဆေးနေတုန်းပဲလို့သိရပါတယ်။ နောင်ပိုအောင်ကျေးရွာနဲ့ ၅ မိုင်လောက်အကွာမှာရှိတဲ့ကျေးရွာချင်းဆက်နေတဲ့ ဆပ်ကယားကျေးရွာနဲ့ သဲနုတ်ဆွတ်ကျေးရွာဟာရွှေမှော်ဒေသတွေဖြစ်ပြီး လက်ရှိဆပ်ကယားကျေးရွာကို SNA ထိန်းချုပ်ထားသလို သဲနုတ်ဆွတ်ကျေးရွာကိုလည်း PDF တွေ ကထိန်းချုပ်ထားတာဖြစ်ပါတယ်။ “အဲ့နှစ်ရွာကနီးနီးလေးပဲ ဆပ်ကယားမှာက SNAနေတယ် သဲနုတ်ဆွတ်က pdfတွေနေတယ် နှစ်ရွာလုံးက ရွှေအရမ်းထွက်တာ နယ်မြေကျူးကျော်လာတော့ပစ်ကြ ခတ်ကြတာ”လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်း ဆပ်ကယားမှာထိုင်တဲ့ SNA တပ်ကနေ ညဘက်သဲနုတ်ဆွတ်ကျေးရွာဘက်ကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောင်ပိုအောင်ကျေးရွာအလွန် ကချင်နဲ့စစ်ကိုင်းအစပ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ ဟုမ္မလင်းနယ်ထဲက သံယောဇဉ် ရွှေမော်အနီးမှာလည်း SNA နဲ့ PDF တို့ နိုဝင်ဘာလ လဆန်းကစပြီး တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတာကြောင့် ကျေးရွာနေပြည်သူအများအပြားထွက်ပြေး တိမ်းရှောင်နေရတယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
11 November
TNLA ဖမ်းဆီးထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်တောင်းဆို
ရှမ်းမြောက် နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်လက်မှတ်ရေးထိုးပြီး PSLF/TNLA ဗဟိုဌာနချုပ်ကိုတောင်းဆိုထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဝင်းလှိုင် ( ခ) ဦးမဲတူကို TNLA ဘက်က မေးမြန်းစရာရှိတယ်လို့ဆိုကာ စက်တင်ဘာလ ၂ ရက်နေ့ နေအိမ်ကနေ ဖမ်းဆီးသွားတာ ခုဆို ၂ လကျော်ကြာမြင့်လာပေမယ့် ပြန်လည်လွတ်ပေးခြင်းမရှိသေးတာကြောင့် အောက်တိုဘာလ ၃၁ ရက်နေ့ ဒေသခံပြည်သူ ၄၃၀ ဦးလက်မှတ်ရေးထိုးပြီး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ဆီ စာပို့တောင်းဆိုထားတယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “စာတင်ပြီးတောင်းဆိုတာ ဒီဟာပထမအကြိမ် ဟုတ်တယ်။ ရှေ့တစ်ခေါက်တွေမှာ ဒေသခံတွေ TNLA နဲ့ အကြိမ်ကြိမ်သွားရောက်တွေ့ဆုံစကားပြောပြီးပြီ။ ဒါပေမဲ့ TNLA မြို့နယ်မှူးဘက်ကမတွေ့ချင် မပြောချင်တဲ့အနေအထားဖြစ်တယ်။ ဒေသခံတွေဘက်ကလည်း ဘယ်လိုကြိုးစားကြိုးစားမရတာနဲ့ ဒီလိုစာထုတ်ပြီး စာတင်ပြီး တောင်းဆိုဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်”လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ TNLA ဖမ်းဆီးထိန်းသိမ်းထားတဲ့ လွတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင် ( ခ ) ဦးမဲတူဟာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဘော်တွင်းဒေသခံဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြိီး ဆက်တိုက်အနိုင်ရထားသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် နမ္မတူမြို့နယ် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးဏ္ဍတွေမှာလည်း ဦးဆောင်ကာကြိုးပမ်းဆောင်ရွက်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ နမ္မတူဒေသခံတွေ ပြေဆိုချက်အရ TNLA ဘက်ကနေ လွတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင် ( ခ ) ဦးမဲတူကို ဖမ်းဆီးရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး ဒီနေ့ထိ တိတိကျကျပြောဆိုခြင်းမရှိသေးတဲ့အပြင် ခုလိုအချိန်အကြာကြီးဖမ်းဆီးတာတွေ မလုပ်သင့်ဘူးလို့ နမ္မတူမြို့မှာနေထိုင်တဲ့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “အစက ဖမ်းဆီးခံရချိန်မှာတော့ အော် သူတို့ခနလေးပြောစရာရှိတယ်ဆိုပြီး ခေါ်သွားတာကြောင့် ခနလေးနဲ့ ပြန်လွှတ်မယ်လို့ ထင်နေတာ။ တစ်ပတ်နှစ်ပတ်လောက် သူတို့မေးမြန်းပြီးရင်တော့ လွှတ်မယ်ထင်နေတာ။ ဒါပေမဲ့ သူတို့က အခုထိ မလွှတ်ပေးတာပေါ့။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်တယ်။ ဘာကြောင့် ပြစ်ချက်မရှိတဲ့သူကို ဖမ်းဆီးထားရတာလဲပေါ့” လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်နေကျ ဖုန်းနံပါတ်နဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။ နမ္မတူမြို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင် ( ခ ) ဦးမဲတူဟာ နမ္မတူမြို့နယ်ထဲ တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC) ကျောင်းဖွင့်ဖို့စတင်လာချိန် ကန့်ကွက်မှုတစ်ချို့လည်းရှိခဲ့တဲ့အတွက် TNLA ဘက်က ဖမ်းဆီးတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။ တအာင်းတပ် PSLF/ TNLA ဟာ နမ္မတူဒေသကို သိမ်းပိုက်ပြီးနောက် KIA တပ်ဖွဲ့ကိုလည်း ဝင်ခွင့်မပေးသလို NUG အစိုးရအောက် သက်ဆိုင်သူတွေကိုလည်း ဒေသတွင်းအုပ်ချုပ်ရေးနဲ့ ရပ်ကျေးဆိုင်ရာလုပ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခွင့်မပေးပဲ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ ခန့်အပ်တာတွေရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။…
Read More »









