ဖမ်းဆီးခံရမှု

  • Feb- 2024 -
    29 February

    မိုးညှင်းနဲ့ မိုးကောင်းဒေသ စစ်တပ်နဲ့ SNA တပ်က ဖမ်းဆီးမှုပိုမိုလုပ်ဆောင်လာ

    မိုးညှင်းနဲ့ မိုးကောင်း မြို့နယ်အတွင်းရှိကြတဲ့ ကျေးရွာတစ်ချို့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်တွေက ခရီးသွားပြည်သူတွေကို သွားလာရေးခက်ခဲအောင်လုပ်ဆောင်နေပြီး ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ မိုးညှင်း၊ ဟိုပင်၊ နမ္မန၊ မင်းကုန်း၊…

    Read More »
  • 23 February

    ဗန်းမော်မြို့အဝင် ၅ မိုင်ဂိတ်မှာ အရပ်သား ၁၄ ယောက်ဖမ်းဆီးခံရ

    ဗန်းမော်မြို့အဝင် စီဟဲရွာ ၅ မိုင်ဂိတ်မှာ အမျိုးသား ၁၄ ယောက်ကို စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ အရပ်သား ၁၄ ယောက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲတွင်း စစ်တပ်ရဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စီခမ်းကြီးရွာရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ပန်တိုင်းရွာရွှေကျင်တောကနေ ဗန်းမော်မြို့ဘက်ထွက်ပြေးတိမ်းရှောင်လာချိန်  ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဗန်းမော်မြို့ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ပန်တိုင်းရွာရွှေကျင်တောက ပြေးလာတဲ့ ၁၄ ယောက်အဖွဲ့မှာ သူတို့ဆိုင်ကယ်တွေကိုက မံသာနားကတစ်နေရာမှာ အပ်ထားလိမ်မယ် အဲ့ဒါနဲ့ ကားနဲ့တက်လိုက်လာတာ မြို့အဝင် စီဟဲ ၅မိုင် ဂိတ်မှာ ဆွဲချပြီးမှဖမ်းသွားလိုက်ရော” လို့ပြောပါတယ်။ ဖမ်းဆီခံရသူတွေဟာ အသက် ၁၆ ကနေ ၄၀ ဝန်းကျင်ရှိတဲ့ သူတွေဖြစ်ပြီးတော့ ပန်တိုင်းရွာ၊ ငအိုး၊ စီကော်၊ မအူပင်၊ ပြကျောင်းကျေးရွာ ဒေသခံတွေဖြစ်ကြတယ်လို့ သိရပါတယ်။ ဒီ ဖမ်းခံရသူတွေထဲက အမျိုးတော်စပ်တဲ့သူတွေဟာ နာမည်စာရင်းနဲ့တကွ သက်ဆိုင်တဲ့ဗျူဟာမှုးတွေဆီကို ဖမ်းဆီးထားတဲ့အရပ်သားတွေအားလုံး လွတ်ပေးဖို့ပြောဆိုထားပေမယ့် လက်ရှိချိန်ထိ အကြောင်းတစ်စုံတစ်ရာမကြားရှိရသေးဘူးလို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မံစီမြို့နယ် စီခမ်းကြီးစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF တပ်တွေက ပူးပေါင်းတိုက်ခိုက်ချိန်သိမ်းယူချိန် စီခမ်းရွာနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာနေပြည်သူတွေဟာဘေးလွတ်ရာ ဗန်းမော်မြို့ဘက်ကို အများပိုင်းထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်လာကြတဲ့သူတွေကို စစ်တပ်ကလမ်းခုလတ်မှာဖမ်းဆီးလိုက်တာအပြင် မြိုအဝင် ၅ မိုင်ဂိတ်မှာဖမ်းဆီးခံရတာတွေရှိတာကြောင့်  ဖမ်းဆီးခံရတဲ့သူ အယောက် ၅၀ ဝန်းကျင်ရှိနိုင်တယ်လို့ စစ်ရှောင်ဒေသခံတစ်ယောက်က ပြောပါတယ်။ ဒါပေမယ့် ဒီဖမ်းဆီးခံရတဲ့စာရင်းအသေးစိတ်ကိုတော့  KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် ဗန်းမော်မြို့အဝင် ၅ ဂိတ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်တပ်က စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးနောက် စစ်တပ်ဘက်က ဖမ်းဆီးတာတွေဆက်တိုက်လုပ်နေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာလည်း ရခိုင်ပြည်နယ်က မောင်သာဟိန်း အသက် ၂၇ နှစ်ကလည်း စီဟဲ၅ မိုင် ဂိတ်မှာ ဖမ်းခံခဲ့ရတယ်လို့ သိရပြီး လက်ရှိချိန်ထိ ဘာအကြောင်းမှ မကြားရသေးဘူး ဆိုပါတယ်။ “နေပြည်တော်ကလို့တော့ပြောတယ်၊ ရခိုင်တဲ့ သူက တရုတ်ပြည်ဘက်ကို အလုပ်သွားလုပ်မယ်ဆိုပြီးလာတော့ အခုနကပြောတဲ့ ဂိတ်မှာဘဲ သူ့ကို ဆွဲချသွားတယ်။ အဲ့တာ ဘယ်လိုမှ ဆက်သွယ်လို့မရ ရှာလို့မရ နဲ့ ကူပေးပါအုံး ဆိုပြီးမနေ့က သူနဲ့ဆိုင်တဲ့ သူတွေက ဖုန်းခေါ်လာပြီးတော့ ဓာတ်ပုံနဲ့တကွ ပို့လာတာ”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်ခရိုင် မံစီမြို့နယ်မှာရှိတဲ့ စစ်တပ်စခန်းတွေကို KIA၊KPDF ပူးပေါင်းတပ်တွေက ဒီနှစ် နှစ်ဆန်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး တစ်လကျော်အတွင်း ရှမ်း– ကချင်အစပ်မှာရှိတဲ့ မဘိမ်းမြို့အပါအဝင် မံဝိန်းကြီးအထိုင်တပ်စခန်း မံစီမြို့နယ်ထဲက ဘလောင်ဒိန်ဆာတပ်စခန်း၊ကိုက်ထိပ်တပ်စခန်းအပါအဝင် နှစ်ပေါင်း ၅၀ ကျော်ရှိတဲ့ စီခမ်းကြီးစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲတွင်း အရပ်သားတွေထိခိုက်သေဆုံးတာအပြင် ကျေးရွာနေပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာချိန်ခုလိုထပ်ပြီး ဖမ်းဆီးခံနေရတာလည်းဖြစ်ပါတယ်။ By – Bu Bu

    Read More »
  • 21 February

    မိုးကောင်းနယ်ထဲမှာ ခရီးသည် ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီး

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ နန့်ခွင်ကျေးရွာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခရီးသွား အမျိုးသား ၂၀ ယောက်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ မနက် ၇ နာရီဝန်းကျင်မှာ ပင်းဘောအခြေစိုက် ခမရ ၅၂၁ တပ်က စစ်ကောင်စီ တပ်ဖွဲ့တွေဟာ စစ်ယူနီဖောင်းနဲ့ နန့်ခွင်ကျေးရွာအဝင်…

    Read More »
  • 17 February

    ဖားကန့်သွားလမ်းမှာ စစ်တပ်က တပ်သားသစ်ဖမ်းဆီးတာတွေစနေပြီလို့ဆို

    မြစ်ကြီးနား – ဖားကန့်သွားလမ်း တစ်လျှောက်စစ်ဆေးရေးဂိတ်တွေမှာ စစ်တပ်က ခရီးသွားပြည်သူတွေကို တပ်သားသစ်အဖြစ် ပေါ်ပေါ်တင်တင်ဖမ်းဆီး ခေါ်ဆောင်တာတွေ စလုပ်နေပြီလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ  ၁၆ ရက်နေ့ မနေ့မနက် ၁၀ နာရီဝန်းကျင် မြစ်ကြီးနား– ဖားကန့်သွားလမ်း…

    Read More »
  • 16 February

    မုံးကိုးမှာ MNDAA ကတစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးနေ

    ရှမ်းမြောက် မုံးကိုးမြို့အတွင်း ကိုးကန့် MNDAA တပ်တွေဟာ အရပ်သားတွေရဲ့နေအိမ် တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ က်ိုးကန့်တပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး မုံးကိုးရွာထဲမှာရှိတဲ့ အရပ်သားတွေရဲ့ နေအိမ်ထဲထိ လက်နက်လိုက်စစ်ဆေးတာဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ဆေးနေတာဖြစ်တယ်လို့…

    Read More »
  • 15 February

    ကသာမြို့အဝင်ဂိတ်မှာ အမျိုးသား ၆ ယောက်ဖမ်းဆီးခံရ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ မနေ့က မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်က မြို့အဝင်ဂိတ်မှာ စစ်ဆေးရေးတင်းကြပ်ခဲ့ပြီး အရပ်သား ၆ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ  မနေ့က မနက်ပိုင်း ၁၀ နာရီလောက်မှာပဲ ကသာမြို့အဝင်ဂိတ်ကိုဖြတ်တဲ့ အမျိုးသားတွေကို…

    Read More »
  • Jan- 2024 -
    31 January

    စစ်တပ်က ဖမ်းဆီးထားသူတွေတစ်ချို့ ပြန်လည်လွတ်မြောက်

    ဗန်းမော်မြို့မှာ စစ်‌ကောင်စီတပ်ဘက်က အကြောင်းမဲ့ ဖမ်းဆီခေါ်ဆောင်သွားတဲ့ အရပ်သား ၁၀၀ ဝန်းကျင်ထဲက တစ်ချို့ကို ပြန်ပြီးလွတ်ပေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ ဗန်းမော်မြို့ ကမ်းနားတစ်လျှောက် ဈေးရောင်းနေတဲ့ဈေးသည်တွေအပါအဝင် လမ်းတစ်လျောက်မှာရှိနေတဲ့…

    Read More »
  • 25 January

    ဗန်းမော်မှာ အရပ်သားအယောက် ၁၀၀ ဝန်းကျင်ဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဗန်းမော်မြို့ထဲမှာရှိတဲ့ ကမ်းနားဈေးတစ်လျှောက် စျေးရောင်းနေသူတွေအပါအဝင် အရပ်သားပြည်သူအယောက် ၁၀၀ ဝန်းကျင်ကို စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံဒေသဆီကနေ သိရပါတယ်။ ဇန်နဝါရီ ၂၄ ရက်နေ့ မနေ့ညနေ ၅ နာရီဝန်းကျင်လောက်မှာ ဗန်းမော်မြို့ ကမ်းနားဈေး နဲ့ ကမ်းနားလမ်းတစ်လျှောက်မှာရှိနေတဲ့ အရပ်သားပြည်သူတွေကို စစ်တပ်ဘက်က အကြောင်းမဲ့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။ “ကမ်းရိုးတန်း အရှည်ကြီးလေ၊ ကန်းနားတစ်လျှောက် ဟိုးဘက်ထိပ် ဒီဘက်ထိပ် ဟိုထောင့် ဒီထောင့်အကုန်လမ်းတွေပိတ်ထားတော့ အကုန်လုံးမမြင်ရဘူး ဈေးထဲက ဈေးသည်တွေကိုလည်းဖမ်း မိန်းကလေးတွေကိုတော့ ချန်ထားတယ် ယောကျ်ာလေးတွေ အကုန်လုံးကို ဖမ်းသွားတာ”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ စစ်ကား၊ ရဲကား၊ အိမ်စီးကားအပါအဝင် လူအင်အား ၇၀ ဝန်းကျင်နဲ့လာရောက်ဖမ်းခေါ်သွားတဲ့ချိန် တစ်ဆက်တည်းမှာဘဲ ဗန်းမော်မြို့ရပ်ကွက် အသီးသီးမှာရှိတဲ့  လောင်းကစားဝိုင်းတွေမှာလည်း လိုက်ဖမ်းခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိချိန် ဖမ်းဆီးခံရသူတွေများတာကြောင့် မည်သူမည်ဝါတွေဖြစ်တယ်ဆိုတာကို အသေးစိတ်မသိရသေးသလို ဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာကိုလည်း အသေးစိတ်မသိရသေးဘူးလို့ မြို့ခံတွေကပြောပါတယ်။  “ဖမ်းခံထားရတဲ့ မိသားစုဝင်တစ်ယောက်ကိုမေးကြည့်တာ ဘယ်လိုလိုက်ရမလဲ မသိကြဘူးတဲ့။ များသောအားဖြင့်က စကခ ၂၁ ကို ခေါ်ကောင်းခေါ်နိုင်တယ် ဒါမှမဟုတ်ရင်လည်း ဗန်းမော် စရဖ ရုံးမှာက ခေါ်ပြီး စစ်တာတွေမေးတာတွေလုပ်တာတွေရှိတော့ ဘယ်မှာခေါ်သွားမလဲပေါ့ ဒီလောက်လူကအများကြီးဆိုတော့လေ ဖမ်းသွားတဲ့ထဲကတစ်ချို့တော့ သိတယ် တရုတ်တန်းက ရွှေလင်းယုန်စက်ပစ္စည်းဆိုင်လည်း ပိုင်ရှင်လည်းပါသွားတစ်ယောက်မှမလွတ်လာသေးဘူး” လို့ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာလည်း စစ်တပ်ကကမ်းနားစျေးတစ်လျှောက် သေနတ်ပစ်ခတ်တာတွေရှိတဲ့အတွက် လူသွားလူလာမရှိသလောက်ဖြစ်နေတဲ့အပြင် စစ်ကောင်စီတပ်တွေဟာ ခွန်သာရပ်ကွက်အပါအဝင်ရပ်ကွပ်တစ်ချို့မှာ ကင်းပတ်တာတွေလုပ်နေသေးတယ်လို့ သိရပါတယ်။ လက်ရှိ ဗန်းမော်မြို့မှာ မြို့သိမ်းတိုက်ပွဲလုပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာကြောင့် စစ်တပ်ဘက်က လက်နက်ပစ်တာတွေ၊ ကမ်းနားဈေးတစ်ဝိုက် အဆောက်အအုံ၊ ဘုန်းကြီးကျောင်းတွေမှာ အရပ်ဝတ်တွေ၊ ယူနီဖောင်း ဝတ်တွေနဲ့ ကင်းပုန်းဝပ်တာ ကင်းစောင့်တာတွေ ခပ်စိပ်စိပ်လုပ်နေတယ်လို့လည်း သိရပါတယ်။ By – Bu Bu

    Read More »
  • Oct- 2023 -
    13 October

    ရွှေကူမှာ ရွှေမော်တော်ယာဉ် ၄ စီးမီးရှို့ခံရပြီး အရပ်သား ၆ ဦးဖမ်းဆီးခံရ

    ကချင်ပြည်နယ် ရွှေကူမြို့ ၊ရွှေကူသင်္ဘောဆိပ်မှာကပ်ထားတဲ့ ရွှေမော်တော်လေးစီး မနေ့က ည ၄နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျကဆီးသွားပြီး အရပ်သား ၄ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ ရွှေကူမြို့ခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့ စစ်အင်အား ၄၀ ကျော်ရှိတဲ့ စစ်ကြောင်းဟာ ရွှေကူမြို့တွင်းတပ်ကနေ ရေယာဉ် ၂ စီးနဲ့ စုန်ဆင်းလာပြီး ရွှေကူသင်္ဘောဆိပ်အရောက်မှာမြစ်ကမ်းကပ်ထားတဲ့ ရွှေမော်တော်ယာဥ်အကြီး ၄ စီးကို မီးရှို့ဖျက်ဆီးသွားတာလို့ ရွှေကူမြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်သားတွေက…

    Read More »
  • 3 October

    မြစ်ကြီးနားမှာ KIA အရာရှိ ၂ ဦးနဲ့ အရပ်သား ၂ ဦး ဖမ်းဆီးခံရ

    မြစ်ကြီးနားမြို့  ကြာရာပတ္တီးရပ်ကွက်အနီး ထီဝန်းရပ်ကွက်လမ်းဆုံမှာ KIA အုပ်ချုပ်ရေးအရာရှိ ၂ ဦးနဲ့အရပ်သား ၂ ဦးဖမ်းဆီးခံရတယ်လို့ KIA နဲ့ နီးစပ်သူတွေက အတည်ပြုပြောဆိုပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့၊ ညနေ ၆ နာရီခွဲလောက်မှာ ကြာရာပတ္တီးရပ်ကွက်ကနေ ပြန်လာတဲ့ အရပ်သား ၂ ဦးကို ထီဝန်းလမ်းဆုံ မှာ…

    Read More »
Back to top button