ဖမ်းဆီးခံရမှုသတင်း

စစ်တပ်ကဖမ်းသွားတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့အရပ်သားများပြန်လည်လွတ်မြောက်လာ

မိုးကောင်းမြို့နယ် ဆားမှော်တိုက်နယ်မှာ ဖမ်းဆီးခံထားရတဲ့  ဘာသာရေးဆရာ ၃ ဦးအပါအဝင် အရပ်သားများအားလုံးပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ဆားမှော်ဒေသခံတွေဆီကနေ သိရပါတယ်။

ကချင်ခရစ်ယာန်ဘာသာရေးဆရာ ၃ ဦးနဲ့အရပ်သားတွေကို စစ်တပ်က မတ်လ ၃၁ ရက်နေ့ ဖမ်းဆီးသွားတာဖြစ်ပြီး ဆားမှော်တိုက်နယ်မှာရှိတဲ့ ခလရ (၁၀၅) တပ်ရင်းမှာ ထိန်းသိမ်းခဲ့ရာကနေ  ဧပြီလ ၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့ လွတ်မြောက်လာသူတစ်ဦးက ခုလိုပြောပါတယ်။

ကျွန်တော်တို့ကို လွတ်တဲ့ အချိန်ပြောတာကတော့ အဲက သက်ဆိုင်ရာလူကြီးကတော့ မင်းတို့ကို ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) က စေ့စပ်ညှိနှိုင်းပေးလို့ လွတ်ပေးတာ ဆိုပြီး မှပြောလာတာ ဟုတ်တယ်လို့ ဆိုပါတယ်။

ခုလွတ်မြောက်လာတဲ့  ဘာသာရေးဆရာ ၃ ဦးနဲ့ဒေသခံတွေဟာ မတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင် ဆားမှော်တိုက်နယ်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်ကို အမည်မသိအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခံသွားရပြီးနောက် ဖမ်းဆီးခံသွားရသူ‌တွေဖြစ်ပါတယ်။

ဘာသာရေးဆရာ ၃ ဦးနဲ့အရပ်သားတွေ ပြန်ပြီးလွှတ်မြောက်လာတာနဲ့တစ်ပြိုင်နက် ဖမ်းဆီးခံသွားရတဲ့ ဆားမှော်တိုက်နယ် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည် ပြန်လည်လွတ်မြောက်လာပြီလို့ ပြောဆိုနေပေမယ့် KNG ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူးလည်း လွှတ်လာပြီလို့ပြောကြတယ် မြင်တော့မမြင်ရသေးဘူး။ အုပ်ချုပ်ရေးမှူးလွှတ်မှလည်း ရွာသားတွေလွှတ်ပေးတာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အုပ်ချုပ်ရေးမှူးဖမ်းခံသွားရပြီးနောက် ဆားမှော်မှာရှိတဲ့ အရပ်သားပြည်သူလူနေအိမ်တွေအထိ အိမ်တံခါးတွေရိုက်ချိုးပြီး အရပ်သားတွေကို အကြောင်းမဲ့ဖမ်းဆီးကာ ဓါးစာခံအဖြစ်အကြပ်ကိုင်ပြီး အုပ်ချုပ်ရေးမှူးပြန်လွှတ်မြောက်အောင် လုပ်ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဆားမှော်တိုက်နယ်မှာ လက်ရှိ စစ်တပ်၊SNA ပူးပေါင်းတပ်နဲ့ KIA KPDF တပ်တို့အကြား စစ်ရေးတင်းမာတာတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

By – Hope

Show More

Related Articles

Back to top button