ဖမ်းဆီးခံရမှုသတင်း

သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ဆေးမှု မလုပ်သေးဘဲ အကျယ်ချုပ်ထားဆဲ

မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့ပေမယ့် တစ်ရက်မပြည့်ခင် ပြန်ပြီးဖမ်းဆီးခံရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း Rev. Dr Hkalam Sam Son ကို စစ်တပ်က ဒီနေ့ထိ စစ်ဆေးမှု မပြုလုပ်ဘဲ အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်ထဲကနေ ဧပြီလ ၁၇ ရက်နေ့ လွတ်မြောက်လာတဲ့ ဆရာတော် ခလမ်ဆမ်ဆွန်ဟာ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်း  နာရီဝန်းကျင် စစ်တပ်က လုံခြုံရေးအရ ခေတ္တစစ်ဆေးဖို့ဆိုပြီး ပြန်ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ ၁၉ ရက်နေ့အထိ စစ်ဆေးမှုမလုပ်သေးဘဲ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ မြစ်ကြီးနားအကျဉ်းထောင်နဲ့ နီးစပ်တဲ့တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

လုံခြုံရေးအရ ဆိုပြီး ပြန်ခေါ်သွားတယ်။ အခုချိန်အထိ ပြန်လည်စစ်ဆေးတာတို့ ဘာမှမရှိသေးဘူး။ အကျဉ်းဦးစီးကနေ သတ်မှတ်ပေးထားတဲ့ တည်နေရာမှာရှိနေပါတယ်။ မိသားစုတွေနဲ့ကတော့ တွေ့ခွင့်ပေးထားတယ်လို့ပြောပါတယ်။

ဆရာဒေါက်တာခလာဆမ်ဆွမ်ကို ထပ်မံ ဖမ်းဆီးသွားပြီးနောက် အကျဉ်းထောင်ကိုပို့လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် လက်ရှိမှာတော့ မြစ်ကြီးနားအကျဉ်းထောင်ဦးစီးရဲ့ သတ်မှတ်ပေးထားတဲ့နေရာမှာ ထိန်းသိမ်းခံထားရတာဖြစ်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလမိုင်ဂွမ်ဂျာလည်း ဆရာခလမ်ဆမ်ဆွန်နဲ့အတူ စောင့်ကြည့်ပေးနေတယ်လို့လည်း သိရပါတယ်။

ခုလို ဆရာဒေါက်တာခလမ်ဆမ်ဆွမ် ပြန်လည် ခေါ်ဆောင်ခံရတာဟာ အကျဉ်းထောင်ကနေလွတ်မြောက်လာတဲ့နေ့ လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာ ဝေဖန်ရေးသားပြောဆိုတာတွေရှိခဲ့တာကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုသူတွေလည်း ရှိနေပါတယ်။

ဆရာ ဆမ်ဆွန် လွတ်မြောက်လာပြီး ပြန်လည်ဖမ်းဆီးခံရတဲ့အပေါ်မှာ ကချင်နိုင်ငံရေးလေ့လာစောင့်ကြည့်နေတဲ့ ကချင်ပြည်သူတစ်ဦးက ဒါ့က စစ်တပ်ပုံမှန်လုပ်နေကြ လှည့်ကွက်တစ်ခုပါပဲ။ စစ်တပ်က လုပ်ချင်သလို လုပ်လို့ရတယ် အာဏာပြတာပါပဲ။ ဒီအပေါ်မှာ စစ်တပ်ကိုက လုံးဝယုံလို့မရဘူးဆိုတာပြနေတာပါပဲ။ ပြီးရင် လိုင်းပေါ်မှာ အမျိုးမျိုးပြောဆိုပြီးမှ ပြန်ဖမ်းခံရတယ်လို့လည်း မထင်ဘူး။ သူတို့ဖမ်းချင်လို့ကို ပြန်ဖမ်းတာလို့ ပြောပါတယ်။

ဧပြီလ ၁၇ ရက်နေ့  မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်တပ်က အကျဉ်းသား  ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးခဲ့တဲ့အထဲမှာ ဆရာခလမ်ဆမ်ဆွမ် ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဧပြီလ ၁၇ ရက်နေ့ ညအချိန်မှာ စစ်တပ်က စစ်အင်အား ၅၀ ဝန်းကျင်လောက်နဲ့ ဆရာဆမ်ဆွန်အိမ်ကို ဝိုင်းရံထားပြီး ၁၈ ရက်နေ့မနက်ပိုင်း  နာရီလောက်မှာ မေးမြန်းစရာရှိတယ်လို့ ပြောဆိုပြီး ပြန်လည်ခေါ်ဆောင် သွားတာဖြစ်ပါတယ်။

ဆရာဆမ်ဆွမ်ကို စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ပုဒ်မ ၁၇() ပုဒ်မ ၅၀၅(က)နဲ့ ပုဒ်မ ၅၂(ကစတဲ့ ပုဒ်မ  ခုနဲ့ တရာစွဲဆိုလိုက်ပြီး ဧပြီလထဲမှာ ပုဒ်မ  ခုအတွက် ထောင်ဒဏ်  နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်ထဲမှာ အကျဉ်းကျခံတဲ့ တစ်နှစ်နဲ့  လအကြာမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးခဲ့ပေမယ့် တစ်ရက်မပြည့်ခင် ပြန်ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button