ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်း
-
Mar- 2024 -4 March
တန့်ဆည်မှာ အပိုင်းပိုင်းခုတ်ဖြတ် အသတ်ခံထားရတဲ့ ရုပ်အလောင်း ၁၁ လောင်းတွေ့
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နဲ့ ရပ်ကျေး ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ဝင်တွေအပါအဝင် အရပ်သား ၁၁ ယောက် အပိုင်းပိုင်းခုတ်ဖြတ်သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၁၁ လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ အမျိုးသား ၁၁ ယောက်ဖြစ်ပြီး KNG က ရရှိထားတဲ့ မှတ်တမ်းဓာတ်ပုံတွေအရ သတ်ဖြတ်ခံရသူတွေကို ခြေထောက်၊ လက်နဲ့ ခေါင်းတွေကို အပိုင်းပိုင်းဖြတ်ထားတာ တွေ့ရသလို ဗိုက်ကိုဖောက်အူကိုထုတ်၊ တချို့အလောင်းတွေဆိုရင် အသည်းပါထုတ်ထားတာ တွေ့ရပါတယ်။ အဲ့ဒီသတ်ဖြတ်မှုကိုတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစ စစ်ကောင်စီလက်အောက်ခံ ခမရ ၇၀၈၊ ခလရ ၁၁ စစ်ကြောင်းနဲ့ ဘုန်းကြီးဝါသဝလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ အင်အား၂၀၀ ကျော်က ရွာစဥ်စစ်ကြောင်းပတ်ထိုးပြီး ကျူးလွန်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ “၁၁ဦးထဲကမှ ခနောရွာသစ်ကျေးရွာက ရပ်ကျေးပကဖတာဝန် ခံနဲ့ ရပ်ကျေးပအဖတာဝန်ခံ ၂ဦး လုံးကို သတ်ဖြတ်သွားတယ် ကျန်တာတွေက လက်လုပ်လက်စားရိုးရိုးသားသား အရပ်သား ပြည်သူတွေပါဗျာ ရွာတွေထဲနဲ့ ရွာအနီးတဝှိုက်တောစပ်ထဲမှာပဲ သတ်ဖြတ်ခဲ့ကြတယ်”လို့ People’s Defense Comrade တာဝန်ခံ ကိုထူးခန့်ကပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ ၁၁ဦးထဲမှာ အချုပ်သား ၂ ယောက်လည်းပါဝင်တယ်လို့ သိရပြီး စစ်ကောင်စီတပ် ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တွေမှာတော့ PDF ၁၁ ယောက်ကို ဘီလူးကွန်မန်ဒိုစစ်ကြောင်းက သုတ်သင်ရှင်းလင်းလိုက်ပြီလို့ ရေးသားဖော်ပြထားပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ ငနုချောင်းအုပ်စု ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ခံတော ရွာက အသက် ၅၀ အရွယ် ကိုဝင်းနိုင်၊ ခံတော်ရွာသစ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရပ်ကျေးတာဝန် ခံ အသက် ၅၂ နှစ်အရွယ် ဦးရှမ်း၊ ကံထူးမရဲစခန်းက အကျဥ်းသား ၂ ယောက် ရွာသစ်ကုန်း၊ အင်ပင်အိုင်၊ ဇီးပေါက်၊ပန်းတိမ်ကုန်း၊ဆူးပါကုန်းနဲ့ ဝါးရငယ် ရွာ က အရပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။ ဒီသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ဘီလူးစစ်ကြောင်းဟာ အရပ်သားတွေကိုသတ်ဖြတ်ပြီး ပြည်သူတွေ ကို အကြောက်တရားသွင်းတဲ့သဘောဖြစ်တယ်လို့ ကိုထူးခန့်က အခုလိုပြောပါတယ်။ “ပြောချင်တာကတော့ ဘီလူးကွန်မန်ဒိုစစ်ကြောင်းဆိုတော့ အဟုတ်မှတ်တာပေါ့ဗျာ တကယ်တမ်း က ဒီစစ်ကြောင်းက အခုလိုပြည်သူတွေကို အငိုက်ဝင်ဖမ်း PDFခေါင်းစဥ်တပ်ပီး အပိုင်းပိုင်း သတ် ပြ မိန်းကလေးတွေကိုမုဒိမ်းကျင့် မီးရှို့သတ်ဖြတ်ပြနေလို့ ဘီလူးစစ်ကြောင်းဆိုပီး နာမည်ဆိုး နဲ့ ကျော်ကြားတာပါပြည်သူတွေကို အကြောက်တရားသွင်းတဲ့သဘောမျိုးပဲ”လို့ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ အရပ်သားတွေကိုသတ်ဖြတ်ခဲ့ရုံမက ကံထူးမ၊ သပြေရင်း၊ ကော်တက်၊ ဖိုနှုတ်၊ ရွာသစ်ကုန်း၊ ခနောရွာသစ် စတဲ့ကျေးရွာတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းဟာ တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းကို စစ်ကြောင်းထပ်ထိုး နေပြီး အရပ်သား ၅ ထောင်ကျော်ထပ်မံတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ခွေးဘီလူးစစ်ကြောင်းနဲ့ အနီးဝန်းကျင်ကကျေးရွာတွေလည်း မိဘပြည်သူများ ဖမ်းဆီးသတ်ဖြတ် မခံရအောင် မပေါ့ဆကြဖို့ ဘေးလွတ်ရာကြိုတင်တိမ်းရှောင်ကြဖို့ သတိပေးထားပါတယ်ဗျ လက်ရှိ မနေ့ကပဲ စစ်ခွေးကြောင်းတွေက အနောက်ဘက်ခြမ်းရွာတွေဘက်ကနေ တန့်ဆည်မြို့တွင်းပြန်ဝင် တယ်” လို့ People’s Defense Comrade တာဝန်ခံ ကိုထူးခန့်ကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နေ မတ်လ ၃ ရက်မနေ့ကအထိ တိုက်ပွဲတွေမကြာခဏဖြစ်ပွားခဲ့သလို အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ လည်း စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ပြီး ကာကွယ်ရေးတပ်ဘက်ကတော့ ၃ ယောက်ကျဆုံး ခဲ့တယ်လို့ သိရပါတယ်။ By – အမိုး
Read More » -
Feb- 2024 -8 February
ရေဦးမှာ အရပ်သား ၂ ယောက်ကို စစ်ကောင်စီတပ်က လည်လှီးသတ်ဖြတ်
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က ကုက္ကိုစုရွာကို ဖေဖော်ဝါရီလ ၇ ရက်နေ့ညပိုင်းမှာပဲ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးတော့ အရပ်သား ၂ ယောက်ကို လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခင်ဦးမြို့နယ်အနောက် ဘက်ခြမ်းကနေ ရေဦးနယ်တောင်ဘက်ခြမ်းက…
Read More » -
2 February
ကျောက်ပွဲစား လူငယ် ၂ ယောက် ဓါးပြတိုက်ခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာမှာ ကျောက်ပွဲစားလုပ်တဲ့ ရခိုင်လူငယ်နှစ်ဦးဓါးပြတိုက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက်နေ့ ည ၁၀ နာရီ လောက်မှာ ရခိုင်လူငယ် ၂ ဦးဟာ လုံးခင်းညကျောက်ဝိုင်းကနေ …
Read More » -
Oct- 2023 -18 October
မုံရွာမှာ ပျူစောထီးတပ်ဖွဲ့က အရပ်သားတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွေးကြေးမုံရွာမှာ မနေ့က နေ့လည်ပိုင်း ၁၂ နာရီလောက်က အရပ်သားတစ်ယောက်ကို ပျူစောထီးတပ်ဖွဲ့တွေက နားထင်ကိုသေနတ် နဲ့ ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ တောပုပျူရွာ နဲ့ မြေနဲစွမ်းရည်ထက် ဂိတ်စခန်းက ပျူစောထီးတပ်ဖွဲ့တွေဟာ အင်အား ၃၀ကျော်လောက်နဲ့…
Read More » -
17 October
ယင်းမာပင်မှာ အသက်မပြည့်သေးသူ ၃ ယောက်အပါအဝင် အရပ်သား ၆ ယောက်သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သဲကုန်းရွာကို အောက်တိုဘာလ ၁၆ ရက်နေ့ မနေ့က စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး ပြန်ထွက်သွားတဲ့အချိန် အသက်မပြည့်သေးသူ ၃ ယောက်အပါအဝင် အရပ်သား ၆ ယောက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ သတ်ဖြတ်ခံခဲ့ရသူတွေဟာ အသက် ၁၇ နှစ်အရွယ်ကျောင်းသားတွေဖြစ်တဲ့ မောင်သန့်ဇင်ဦး၊ မောင်ခန့်နေနိုင်၊ မောင်သန်းထိုက်အောင်…
Read More » -
Sep- 2023 -27 September
နမ်ဖတ်ကာ တပ်စခန်းအနီးမှာ စစ်ကောင်စီတပ်က မိုင်းထောင်ထားလို့ ပြည်သူများ သွားလာရေးမှာ အခက်တွေ့
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအထိုင်ချ စစ်ကောင်စီတပ်က စခန်းဘေးပတ်ဝန်းကျင် ဒေသခံတွေ သွားလာလှုပ်ရှားတဲ့နေရာတွေမှာ မိုင်းထောင်ထားတဲ့အတွက် လုပ်ကိုင်စားသောက်ရေးနဲ့ သွားလာလှုပ်ရှားရေးမှာ အခက်တွေ့နေတယ်လို့ သိရပါတယ်။ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းဟာ ရွာသားတွေနဲ့ကပ်ရပ်စခန်းကြီးတစ်ခုဖြစ်ပြီး တပ်စခန်းပတ်ဝန်းကျင် မိုင်းထောင်ထားတဲ့အတွက် ရွာသားတွေ လယ်ယာ၊ ခြံ အခင်း သို့ သွားလာရေးမှာ အသက်အန္တရာယ်စိုးရိမ်ရပြီး…
Read More » -
26 September
မိုးကောင်းမြို့ မှာ အရပ်သားဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်
မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က စက်တင်ဘာလ လဆန်းပိုင်းအထိ ဖမ်းဆီးခံရတဲ့ အရပ်သား ၁၀၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီထဲက စစ်တပ်ရဲ့ညှင်းပန်းနှိပ်စက်ခံရတာတွေကြောင့် စစ်ကြောရေးမှာ သေဆုံးသူ ၂ ယောက်ထိရှိခဲ့တဲ့အပြင် ဖမ်းဆီးခံရသူတွေထဲမှာ အာမခံနဲ့လွတ်မြောက်လာသူ တွေအနည်းအကျဉ်းရှိခဲ့ပေမေယ့် အများပိုင်းကတော့ ဖမ်းဆီးခံထားရဆဲလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဘာကြောင့်ခုလို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေတာလဲ ဒီအခြေနေနဲ့ပတ်သက်ပြီး မိုးကောင်းမြိုခံ ရပ်မိရပ်ဖတစ်ဦးကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။ မေး– မိုးကောင်းမှာ ဒေသခံတွေကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးမှုတွေလုပ်လာတာ ဘာ့ကြောင့်လဲ။ “အချက်နှစ်ချက်လောက်တော့ရှိတယ် သူတို့ စကခ မှူးရဲ့အပြောင်းအရွေ့ပေါ့ ဒါလည်းပါတယ် ပြီးရင် တိုင်းအဆင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူးပါပြောင်းလဲလိုက်တာပေါ့အဲ့တာတွေလည်းပါတယ်။ပြီးရင် ကျနော်တို့မြို့မှာ ဒလန်ရှင်းလင်းရေးလုပ်တဲ့ အခြေနေမှာ အခုနောက်ဆုံးဖြစ်သွားတဲ့ အထက ၁…
Read More » -
15 September
ကသာနယ်မှာ အရပ်သား ၉ဦး သတ်ဖြတ်ခံရ
စစ်ကိုင်းဒေသကြီး ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတဲ့ အရပ်သား ၄၀ ကျော်ထဲက ၈ ဦးသတ်ဖြတ်ခံရတဲ့အပြင် နောက်ထပ် အင်းရွာနားမှာလည်း တစ်ဦးသတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ကသာကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့ ကသာနယ် ငအိုးတပ်ထဲကနေ ကျောက်ထုံးကြီးရွာ ၊အင်းဒရန့်ရွာနှင့်ပျဥ်းလေးပင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ကျော်ပါ ငအိုး ၁၂၁…
Read More » -
11 September
ဖားကန့်မှာ အမျိုးသားတစ်ဦး လက်တွေခုတ်ဖြတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့သေဆုံးနေ
ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ နဲ့ ဘဇံချောက်ကျေးရွာအကြား လမ်းမပေါ် ရှိ ဒေသအခေါ် (သရက်ခြံ)မှာ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်း အမျိုးသားတစ်ဦး လက်တွေခုတ်ဖြတ်ခံထားရတဲ့အပြင် တစ်ကိုယ်လုံးဓါးခုတ်ဒါဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ဓါးနဲ့ မသေမချင်းခုတ်သတ်ထားပုံရတယ်၊တကိုယ်လုံး ဓါးဒဏ်ရာတွေ အပြည့်ပဲ၊လက်တွေ ပြတ်နေတာတွေ့ခဲ့ရတယ်“လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဆိုပါတယ်။ သေဆုံးသူဟာ အသက် ၃၄နှစ်အရွယ်ရှိ ကိုဖိုးချိုဆိုသူဖြစ်ပြီး ဘယ်သူဘယ်ဝါ…
Read More » -
Aug- 2023 -29 August
စစ်ကြောရေးမှာ သတ်ဖြတ်လိုက်တဲ့ ဝဘော်တန်ဂွန်းကို နာရေးအတွက် စစ်တပ်က ၅ သိန်းလျော်ကြေးပေး
မိုးကောင်းမြို့ နတ်ကြီးကုန်း၊ ပျော်လင့်ရပ်ကွက်မှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဦးဝဘော်တန်ဂွန်းကို စစ်ကြောရေးထဲ သတ်ဖြတ်လိုက်ပြီးနောက် စစ်တပ်က နာရေးအတွက်ဆိုပြီး ပိုက်ဆံ ၅ သိန်းပေးသာပေးပြီးတော့ ရုပ်အလောင်းကို ပြန်မပေးခဲ့ဘူးလို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၉ ရက်နေ့ မိုးကောင်းမြို့ အထကကျောင်းမှာ ကျောင်းလာကြိုတဲ့ကား ပစ်ခံရပြီးတဲ့ ညကနေစပြီး မိုးကောင်း မြို့အဝင်အထွက်တွေကို စစ်ဆင်ရေးတင်းကြပ်လိုက်ပြီး အရပ်သားတွေကို ဖမ်းဆီးသွားတဲ့ထဲမှာ ဦးဝဘော်တန်ဂွန်း မိသားစုတွေလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်တပ်တွေက ဖမ်းဆီးသွားသူတွေကို မိုးကောင်း စစ်တပ်ကုန်းနဲ့ ခလရ ၇၄ တပ်ထဲခေါ်ပြီး စစ်ဆေးခဲ့ရာကနေ ဦးဝဘော်တန်ဂွန်းဟာ စစ်ဆေးနေချိန်တွင်းမှာဘဲ အသက်ရှုကြပ်လာတဲ့အတွက် မိုးကောင်း ခလရ ၇၄ တပ်ကနေ မြစ်ကြီးနား စစ်ဆေးရုံပို့ဆောင်ခဲ့ချိန်အတွင်းမှာပဲ စစ်ဆေးရုံမှာသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေက မိသားစုဝင်တွေကို ဦးဝဘော်တန်ဂွန်းရဲ့ ရုပ်အလောင်းပြန်မပေးတဲ့အပြင် မြစ်ကြီးနား တပ်ဆေးရုံ ရေခဲတိုက်မှာထည့်ထားတဲ့ အလောင်းကိုသာ ကြည့်ခွင့်ပေးခဲ့တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ “တန်ဂွန်းနဲ့အတူ ဖမ်းခံသွားရတဲ့ မိန်းမနဲ့ကလေးတော့ပြန်လွတ်လာပြီ။ ပြန်မလွတ်ခင် မိန်းမဖြစ်တဲ့သူကို စစ်သားတွေက နိယောကျာ်းမြစ်ကြီးနား တပ်ဆေးရုံမှာ သေသွားပြီဆိုပြီး စစ်သားတွေက မြစ်ကြီးနား တပ်ဆေးရုံမှာ ရေခဲတိုက်မှာထည့်ထားတဲ့အလောင်းကို ခေါ်ပြပြီး မိုးကောင်းပြန်ခေါ်လာတာလို့ သိရပါတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဦးဝဘော်တန်ဂွန်း သေဆုံးသွားပြီးနောက် ဩဂုတ်လ ၂၇ ရက်နေ့မှာတော့ ဖမ်းဆီးထားတဲ့ ဇနီးနဲ့သားကို နာရေးအတွက် ငွေကျပ် ၅ သိန်းပေးပြီး ပြန်လွတ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒေသခံတွေပြောဆိုချက်အရ စစ်ကောင်စီတပ်တွေဟာ သေဆုံးသူနဲ့အတူ ဇနီးနဲ့သားကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဩဂုတ်လ ၂၀ ရက်ညနေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံသွားရပြီး တစ်ပတ်လောက်အကြာမှာ စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းရင်း သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မိုးကောင်းမြို့မှာ ဩဂုတ်လ ၂၀ ရက်နေ့ ရွှေသာလောင်းဘုရားဝင်းထဲက သာသနာ့ဗိမာန်ရှေ့ အားကစားပစ္စည်းဆိုင်က လူငယ် ၂ ဦး၊ အိုးတန်းရပ်ကွက်က NLD ပါတီဝင် ဒေါ်မာကြူရဲ့သား ၂ ယောက်ဩဂုတ်လ ၂၂ ရက်နေ့ သံလွင်တည်းခိုခန်းရှေ့ဆံပင်ညှပ်ဆိုင်က အမွှာညီအစ်ကို နဲ့ နှောင်ကိုင်တော်ရပ်ကွက်က ညီအစ်ကို၊ ဩဂုတ်လ ၂၅ ရက်နေ့ ကားဂိတ်နား ကချင်ရိုးရာစားသောက်ဆိုင်က ၅ ယောက်၊ဩဂုတ် ၂၆ ရက်နေ့ မြနန္ဒာရုပ်ရှင်ရုံနားက အမျိုးသမီး ၄ယောက်နဲ့ ဩဂုတ်လ ၂၈ ရက်နေ့ စျေးကုန်းထဲက ၃ ယောက်အပါအဝင် အမည်စာရင်းတိတိကျကျမသိနိုင်သူ အရပ်သား ၈၀လောက်ကိုလည်း စစ်ကောင်စီက…
Read More »









