ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတင်း

ကျောက်ပွဲစား လူငယ် ၂ ယောက် ဓါးပြတိုက်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာမှာ ကျောက်ပွဲစားလုပ်တဲ့ ရခိုင်လူငယ်နှစ်ဦးဓါးပြတိုက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက်နေ့ ည ၁၀ နာရီ လောက်မှာ ရခိုင်လူငယ် ၂ ဦးဟာ လုံးခင်းညကျောက်ဝိုင်းကနေ  ပြန်လာချိန် နွေဦးလေပြေစားသောက်ဆိုင်ခေါက်ဆွဲဝင်စားပြီးအထွက်မှာ နောက်မှကပ်လာတဲ့ ကားပေါ်က လူငယ် ၆ ဦးက လက်နက်ပြဆိုင်ကယ်ရပ်ခိုင်းပြီး ကားပေါ်အတင်းဆွဲတင်သွားတာဖြစ်တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးကပြောပါတယ်။

ဓါးပြတိုက်တဲ့လူတွေက ကချင်ရုပ်လေးတွေဆိုတော့ စုဆောင်းရေးဆွဲတယ်မှတ်ပြီး ကိုယ့်အိမ်တံခါးပိတ်ပြီးပဲနေလိုက်ကြတာ။ နောက်နေ့မှ ဓါးပြတိုက်တာမှန်းသိကြတာ၊ ဓါးပြတိုက်တဲ့အဖွဲ့က ခြောက်ယောက်လောက်ရှိမယ် သေနတ်ပါတယ်ထင်တယ် ရခိုင်ကလေးနှစ်ယောက်ကို ကားပေါ်အတင်းထိုးတင်ခေါ်သွားတာတွေ့လိုက်တယ်ဟု ဆိုသည်။

ဓါးပြတိုက်သူတွေဟာ ကားပေါ်ခေါ်တင်ခံရတဲ့ ရခိုင်လူငယ်နှစ်ဦးကို လုံးခင်းကျေးရွာ သုဿန်အနီးချထားခဲ့ပြီး ကျောက်ရောင်းရလာတဲ့ ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်၊ မရောင်းရသေးတဲ့ ကျောက်တစ်လုံးနဲ့ ဆိုင်ကယ်နှစ်စီး ဆုံးရှုံးခဲ့ရတယ်လို့  သိရပါတယ်။

ခေတ်ပျက်တဲ့အချိန် လက်နက်ကိုင်ထားတဲ့သူတွေအာဏာရှိတဲ့သူတွေပဲ ကောင်းစားကြတာ၊ လုပ်ချင်ရာလုပ်ကြတာ ခံလိုက်ရရင် ကျမတို့ပြည်သူတွေချည်းပဲလို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၃၁ ရက် လုံးခင်းကျေးရွာရှိ ဂျာနူးဆေးပစ္စည်းအရောင်းဆိုင်နှင့် ငွေလွှဲ/ငွေထုတ်လုပ်ငန်းဆိုင် ဓါးပြတိုက်ခံရတဲ့အမှုနဲ့ တစ်ခြားဆက်စပ်ဓါးပြမှုတို့ကို ကျူးလွန်ခဲ့တဲ့ KPDF ခေါင်းဆောင်တစ်ဦးဖြစ်သူဝမ်းဘက်()ရင်သွေးဦးနဲ့ အဖွဲ့ကို KIA တပ်မဟာ()က ဖော်ထုတ်ဖမ်းဆီးအပြီး သုံးလကြာ ငြိမ်သက်နေခဲ့ရာကနေ ခုတစ်ဖန်လက်နက်ကိုင်ဓါးပြမှု တဖန်ပြန်ပေါ်လာခြင်းဖြစ်တယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။

By – CJ

Show More

Related Articles

Back to top button