ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတင်း

ဖားကန့်မှာ အမျိုးသားတစ်ဦး လက်တွေခုတ်ဖြတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့သေဆုံးနေ

ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ နဲ့ ဘဇံချောက်ကျေးရွာအကြား လမ်းမပေါ် ရှိ ဒေသအခေါ် (သရက်ခြံ)မှာ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်း အမျိုးသားတစ်ဦး လက်တွေခုတ်ဖြတ်ခံထားရတဲ့အပြင် တစ်ကိုယ်လုံးဓါးခုတ်ဒါဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဓါးနဲ့ မသေမချင်းခုတ်သတ်ထားပုံရတယ်၊တကိုယ်လုံး ဓါးဒဏ်ရာ‌တွေ အပြည့်ပဲ၊လက်တွေ ပြတ်နေတာတွေ့ခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဆိုပါတယ်။

သေဆုံးသူဟာ အသက် ၃၄နှစ်အရွယ်ရှိ ကိုဖိုးချိုဆိုသူဖြစ်ပြီး ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းက သတ်ဖြတ်သွားတယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။

ဒါပေမယ့် အခင်းဖြစ်တဲ့နေရာဟာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေ ကျင်လည်ကျက်စားလေ့ရှိတဲ့နေရာဖြစ်ပြီး မကြာခဏ ခိုက်ရန်ဖြစ်ပြသာနာတက်လေ့ရှိတယ်လို့ ဆိုင်းတောင်ကျေးရွာဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

ဓါးနဲ့ မသေမချင်းခုတ်သတ်ထားပုံရတယ်၊တကိုယ်လုံး ဓါးဒဏ်ရာ‌တွေ အပြည့်ပဲ၊လက်တွေ ပြတ်နေတာတွေ့ခဲ့ရတယ်ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဆိုပါတယ်။ သေဆုံးသူဟာ အသက် ၃၄နှစ်အရွယ်ရှိ ကိုအောင်အောင်ဆိုသူဖြစ်ပြီး၊အခုဖြစ်စဉ်နဲ့ပါတ်သတ်လို့ မည်သူ၊မည်ဝါက ဘာကြောင့် သတ်ရတာကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းအား ဆိုင်းတောင်ကျေးရွာရှိ သုသာန်တွင် ထားရှိပြီး၊နာရေးကိစ္စတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အလားတူ ဖားကန့်မြို့၊မရှီကထောင်ရပ်ကွက်မှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူချင်း စကားများရန်ဖြစ်ရာကနေ ဓါးထိုးမှု ဖြစ်ရာက အမျိုးသားတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ဖူးပါတယ်။

ဖားကန့်ဒေသမှာ ရွှေ့ပြောင်းလုပ်သားဦးရေများပြားပြီး လူဦးရေထူထပ်သလို မူးယစ်ဆေးဝါးသုံးစွဲ၊ရောင်းချသူတွေ များစွာရှိနေတဲ့ ဒေသဖြစ်ပြီး အရင်က NLD အစိုးရ လက်ထက်မှာ မူး‌ယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းများ၊ဆေးဖြတ်ခန်းများ၊ဒေသတွင်း မူးယစ်တိုက်ဖျက်ရေးလုပ်ဆောင်တဲ့ အဖွဲ့များ(ပတ်ဂျီဆန်) ဦးဆောင်တို့ကနေ ဦးဆောင်ပြီးတော့ ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါတယ်။

ဒါပေမယ့် ၂၀၂၁ စစ်တပ်မှ အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ၊ရောင်းဝယ်၊သုံးစွဲသူတွေကိုလည်း ထိရောက်တဲ့ ဖမ်းဆီးအရေးယူ ဆောင်ရွက်တာတွေမရှိသလောက်နည်းလာတဲ့အတွက် ဖားကန့်ဒေသတွင်း မူးယစ်ဆေးဝါး၊သုံးစွဲ၊ရောင်းချသူတွေဟာ တစ်ရက်ထက်တစ်ရကပ် ပိုမိုများလာခဲ့ပြီး အုပ်စုဖွဲ့၊လုယက်၊ခိုးဆိုးနှိုက်တာတွေ နေ့စဉ်ရှိနေတာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button